ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၅ ခု လုပ်ခွင့်ရဖို့ တောင်းဆိုမှုဟာ ကလပ်တွေ အသာစီးရဖို့ လုံးဝ မဟုတ်ဘဲ ကစားသမားတွေအတွက် ဖြစ်ပါကြောင်း မန်နေဂျာကလော့ပ်က ထုတ်ပြောလိုက်ပါတယ်။

ကလော့ပ်ဟာ ကြီး ၆ ကြီး မန်နေဂျာတွေနည်းတူ ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၅ ခု ပြန်ရရေးအတွက် ကြိုးစားနေသူပါ။ ဥရောပ ဘောလုံးလောကမှာ ပရီးမီးယားလိဂ် တစ်ခုတည်းက အဆိုပါ စည်းမျဉ်းကို ခွင့်မပြုသေးခြင်းဖြစ်ကာ ချန်ပီယံရှစ်မှာတောင်မှ ခွင့်ပြုထားခဲ့ပြီဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က ” ထူးချွန်တဲ့ သရုပ်ဆောင်တွေ အများကြီး ရှိပေမယ့် လူတိုင်း ဂျိမ်းဘွန်း ဖြစ်မလာကြဘူး။ ဒါပေမယ့် ဂျိမ်းဘွန်းဟာ အခြားသော သရုပ်ဆောင်တွေထက် ငွေကြေး အများကြီးရတဲ့ သရုပ်ဆောင်ဖြစ်ပါတယ်။ ဘောလုံးမှာလည်း တူတူပါပဲ။

လူတွေအများကြီးက ဘောလုံးကစားကြပါတယ်။ အကောင်းဆုံးတွေက ငွေပိုရပါတယ်။ ဒါပေမယ့် အဲ့တာက သူတို့ဟာ ဘဝရဲ့ အရာအားလုံးမှာ အခြားသူတွေထက် ပိုကြံ့ခိုင်နေတာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဟူးနေ့ မန်နေဂျာတွေအားလုံး ပြုလုပ်မယ့် အစည်းအဝေးက အရေးကြီးပါတယ်။

ရာသီမစခင်က လူစားလဲမှု ၅ ခုလုပ်ခွင့်ပေးတာက ကျနော်တို့အတွက် အသာစီးဖြစ်စေမယ်လို့ လူတွေက ထင်ခဲ့ကြတယ်။ ဒါပေမယ့် ဘယ်တော့မှ မဟုတ်ခဲ့ပါဘူး။ ကျနော်က ခရစ်ယာန် တစ်ယောက်ဆိုတာကို တိုင်တည်ပြီး ပြောပါတယ်ဗျာ။ လူစားလဲမှု ၅ ခုလုပ်ခွင့်က ကျနေ်ာတို့ အသာစီးရဖို့ မဟုတ်ရပါဘူး။

အခြားနိုင်ငံတွေ အားလုံးက လူစားလဲမှု ၅ ခုကို လုပ်ခွင့်ရကြပါတယ်။ အီတလီမှာ ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ကလည်း လူစာရင်းကြီး ရှိတာပဲ ဒါပေမယ့် အခြားသော လိဂ်တွေမှာ လူစားလဲမှု ၅ ခု လုပ်ခွင့်ရဖို့ လိုတယ်လို့ လက်ခံကြတာပဲ။

မန်နေဂျာတွေ စိတ်ပြောင်းလာတာ လိုပါတယ်။ ကလပ်တွေအတွက် မဟုတ်ဘဲ ကစားသမားတွေအတွက်ပါ။ ဒီဇင်ဘာနဲ့ ဇန်နဝါရီက ဘယ်လို ကာလလဲဆိုတာကို ကျနေ်ာတို့ သိပါတယ်။ ဒီရာသီမှာတော့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဝင်ကစားရတဲ့ အသင်းတွေအတွက် လတွေက သိပ်ကျပ်တည်းလွန်းပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္မွာ လူစားလဲမႈ ၅ ခု လုပ္ခြင့္ရဖို႔ ေတာင္းဆိုမႈဟာ ကလပ္ေတြ အသာစီးရဖို႔ လံုးဝ မဟုတ္ဘဲ ကစားသမားေတြအတြက္ ျဖစ္ပါေၾကာင္း မန္ေနဂ်ာကေလာ့ပ္က ထုတ္ေျပာလိုက္ပါတယ္။

ကေလာ့ပ္ဟာ ၾကီး ၆ ၾကီး မန္ေနဂ်ာေတြနည္းတူ ပရီးမီးယားလိဂ္မွာ လူစားလဲမႈ ၅ ခု ျပန္ရေရးအတြက္ ၾကိဳးစားေနသူပါ။ ဥေရာပ ေဘာလံုးေလာကမွာ ပရီးမီးယားလိဂ္ တစ္ခုတည္းက အဆိုပါ စည္းမ်ဥ္းကို ခြင့္မျပဳေသးျခင္းျဖစ္ကာ ခ်န္ပီယံရွစ္မွာေတာင္မွ ခြင့္ျပဳထားခဲ့ျပီျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” ထူးခၽြန္တဲ့ သရုပ္ေဆာင္ေတြ အမ်ားၾကီး ရွိေပမယ့္ လူတိုင္း ဂ်ိမ္းဘြန္း ျဖစ္မလာၾကဘူး။ ဒါေပမယ့္ ဂ်ိမ္းဘြန္းဟာ အျခားေသာ သရုပ္ေဆာင္ေတြထက္ ေငြေၾကး အမ်ားၾကီးရတဲ့ သရုပ္ေဆာင္ျဖစ္ပါတယ္။ ေဘာလံုးမွာလည္း တူတူပါပဲ။

လူေတြအမ်ားၾကီးက ေဘာလံုးကစားၾကပါတယ္။ အေကာင္းဆံုးေတြက ေငြပိုရပါတယ္။ ဒါေပမယ့္ အဲ့တာက သူတို႔ဟာ ဘဝရဲ႕ အရာအားလံုးမွာ အျခားသူေတြထက္ ပိုၾကံ႕ခိုင္ေနတာမ်ိဳး မဟုတ္ပါဘူး။ ဗုဒၶဟူးေန႔ မန္ေနဂ်ာေတြအားလံုး ျပဳလုပ္မယ့္ အစည္းအေဝးက အေရးၾကီးပါတယ္။

ရာသီမစခင္က လူစားလဲမႈ ၅ ခုလုပ္ခြင့္ေပးတာက က်ေနာ္တို႔အတြက္ အသာစီးျဖစ္ေစမယ္လို႔ လူေတြက ထင္ခဲ့ၾကတယ္။ ဒါေပမယ့္ ဘယ္ေတာ့မွ မဟုတ္ခဲ့ပါဘူး။ က်ေနာ္က ခရစ္ယာန္ တစ္ေယာက္ဆိုတာကို တိုင္တည္ျပီး ေျပာပါတယ္ဗ်ာ။ လူစားလဲမႈ ၅ ခုလုပ္ခြင့္က က်ေန္ာတို႔ အသာစီးရဖို႔ မဟုတ္ရပါဘူး။

အျခားႏုိင္ငံေတြ အားလံုးက လူစားလဲမႈ ၅ ခုကို လုပ္ခြင့္ရၾကပါတယ္။ အီတလီမွာ ဂ်ဴဗင္တပ္နဲ႔ အင္တာမီလန္တို႔ကလည္း လူစာရင္းၾကီး ရွိတာပဲ ဒါေပမယ့္ အျခားေသာ လိဂ္ေတြမွာ လူစားလဲမႈ ၅ ခု လုပ္ခြင့္ရဖို႔ လိုတယ္လို႔ လက္ခံၾကတာပဲ။

မန္ေနဂ်ာေတြ စိတ္ေျပာင္းလာတာ လိုပါတယ္။ ကလပ္ေတြအတြက္ မဟုတ္ဘဲ ကစားသမားေတြအတြက္ပါ။ ဒီဇင္ဘာနဲ႔ ဇန္နဝါရီက ဘယ္လို ကာလလဲဆိုတာကို က်ေန္ာတို႔ သိပါတယ္။ ဒီရာသီမွာေတာ့ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ဝင္ကစားရတဲ့ အသင္းေတြအတြက္ လေတြက သိပ္က်ပ္တည္းလြန္းပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။