လီဗာပူးအသင်းဟာ ဇန်နဝါရီ မတိုင်ခင်မှာ ပွဲပေါင်း ၁၁ ပွဲ ယှဉ်ပြိုင်ကစားရဦးမှာဖြစ်ကာ ဒီကာလတွေအတွင်းမှာ အပြောင်းအရွှေ့နဲ့ ပက်သက်လို့ အာရုံစိုက်နိုင်ဦးမှာ မဟုတ်ပါဘူး။

ဇန်နဝါရီမှာ လူသစ်ခေါ်ယူပါမယ်လို့ သေချာပေါက် မပြောနိုင်သလို ဘာလုပ်မယ်ဆိုတာကိုလည်း ကြိုမပြောနိုင်သေးပါဘူးလို့ ကလော့ပ်က ထုတ်ပြောခဲ့တယ်။ လီဗာပူးအသင်းဟာ ဒဏ်ရာပြဿနာတွေ ထိုးနှက်ခံနေရပေမယ့် သူတို့တွေ ပြန်သက်သာလာခြင်း၊ ထပ်မံ ဒဏ်ရာရခြင်းတွေကြောင့် အပြောင်းအရွှေ့ထက် ကြံ့ခိုင်ရေးပိုင်းကိုပဲ အာရုံပိုစိုက်နေပါတယ်။

ကလော့ပ်ကပဲ ” ဘာလုပ်ရမလဲ ကြည့်ရတာပေါ့ဗျာ။ ဇန်နဝါရီမှာ ဘာလုပ်ရမယ်ဆိုတာကို ကျနော် မသိသေးပါဘူး။ အခြေအနေတွေကို ကြည့်ရမှာပါ။ ဈေးကွက်ကိုလည်း ကြည့်ရမယ်ဆိုတာက ရှင်းပါတယ်။ အခြေအနေတွေကို နှိုင်းယှဉ်တာတော့ မဟုတ်ပါဘူး။ ၂၀၀၈ က ဒေါ့မွန်မှာ ဗဟိုခံစစ်သမားတွေအဖြစ် ၁၉ နှစ်နဲ့ ၂၀ နှစ်တွေကို ကျော်လာတဲ့ ဆူဗိုတစ်နဲ့ ဟမ်းမားတို့ နှစ်ဦးပဲ ရှိခဲ့တယ်။

သူတို့ နှစ်ဦးနဲ့ပဲ တစ်ရာသီလုံး ကစားခဲ့ရပြီး သူတို့ကလည်း အရည်အချင်း ရှိပါတယ်။ သူတို့က ငယ်ရွယ်တယ်။ အခု ကျနေ်ာတို့မှာလည်း ၁၈၊ ၁၉၊ ၂၃ အရွယ် (ကိုမတ်တီယို၊ ရိုင်းစ်၊ နက် တို့ကိုဆိုလို) ကစားသမားတွေ ရှိပါတယ်။ ဝါရင့် ကစားသမားတွေလည်း ရှိနေတယ်။ ဒီတော့ ကြည့်ရမှာပေါ့။ လူတိုင်းက အခွင့်အရေး ရှိပါတယ်။

ဗဟိုခံစစ်နေရာ ကစားနိုင်တဲ့ ကွင်းလယ်လူတွေလည်းရှိတယ်။ ဒီအခြေအနေမှာတော့ မဟုတ်သေးဘူးပေါ့။ ဒါပေမယ့် လာမယ့် နှစ်ပတ်လောက်မှာ ခံစစ်နေရာကို အားဖြည့်ပေးနိုင်မယ့် ကွင်းလယ်လူတွေ ပိုရှိလာပါမယ်။

ဒီတော့ ဒီအခြေအနေမှာ ကျနေ်ာတို့ ဖြေရှင်းစရာ နည်းလမ်းတွေ ရှိတာပေါ့။ ဇန်နဝါရီမှာ လူခေါ်မလား မသိသေးပါဘူး။ ကျနေ်ာတို့ တစ်ခုခုလုပ်မလား၊ တစ်ခုခု လုပ်ချင်လား မသိသေးပါဘူး။ ကျနေ်ာတို့ ကြည့်ရမှာပါ။ ဒီအခြေအနေမှာတော့ အဆင်ပြေပါတယ်။ ကောင်လေးတွေကို သုံးနေရတာအတွက်လည်း ပျော်ပါတယ်။

ခင်ဗျားတို့ လေ့ကျင့်ရေးကွင်းက သူတို့ကို မြင်စေချင်တယ်။ အခွင့်အရေးကို အနံ့ခံမိနေတာကြောင့် သူတို့ ကြိုးစားနေကြတယ်။ သူတို့ အဆင်သင့် ဖြစ်နေပြိဆိုတာကို လူတိုင်းကို ပြလိုနေကြတယ်။ အဲ့တာက ကောင်းပါတယ်။ ဒီကောင်လေးတွေနဲ့အတူ အလုပ်လုပ်ပြီး ကမ္ဘာကြီးကို ပြနိုင်ဖို့ မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဇန္နဝါရီ မတိုင္ခင္မွာ ပြဲေပါင္း ၁၁ ပြဲ ယွဥ္ျပိဳင္ကစားရဦးမွာျဖစ္ကာ ဒီကာလေတြအတြင္းမွာ အေျပာင္းအေရႊ႔နဲ႔ ပက္သက္လို႔ အာရံုစိုက္ႏုိင္ဦးမွာ မဟုတ္ပါဘူး။

ဇန္နဝါရီမွာ လူသစ္ေခၚယူပါမယ္လို႔ ေသခ်ာေပါက္ မေျပာႏုိင္သလို ဘာလုပ္မယ္ဆိုတာကိုလည္း ၾကိဳမေျပာႏုိင္ေသးပါဘူးလို႔ ကေလာ့ပ္က ထုတ္ေျပာခဲ့တယ္။ လီဗာပူးအသင္းဟာ ဒဏ္ရာျပႆနာေတြ ထိုးႏွက္ခံေနရေပမယ့္ သူတို႔ေတြ ျပန္သက္သာလာျခင္း၊ ထပ္မံ ဒဏ္ရာရျခင္းေတြေၾကာင့္ အေျပာင္းအေရႊ႔ထက္ ၾကံ႕ခိုင္ေရးပိုင္းကိုပဲ အာရံုပိုစိုက္ေနပါတယ္။

ကေလာ့ပ္ကပဲ ” ဘာလုပ္ရမလဲ ၾကည့္ရတာေပါ့ဗ်ာ။ ဇန္နဝါရီမွာ ဘာလုပ္ရမယ္ဆိုတာကို က်ေနာ္ မသိေသးပါဘူး။ အေျခအေနေတြကို ၾကည့္ရမွာပါ။ ေစ်းကြက္ကိုလည္း ၾကည့္ရမယ္ဆိုတာက ရွင္းပါတယ္။ အေျခအေနေတြကို ႏိႈင္းယွဥ္တာေတာ့ မဟုတ္ပါဘူး။ ၂၀၀၈ က ေဒါ့မြန္မွာ ဗဟိုခံစစ္သမားေတြအျဖစ္ ၁၉ ႏွစ္နဲ႔ ၂၀ ႏွစ္ေတြကို ေက်ာ္လာတဲ့ ဆူဗိုတစ္နဲ႔ ဟမ္းမားတို႔ ႏွစ္ဦးပဲ ရွိခဲ့တယ္။

သူတို႔ ႏွစ္ဦးနဲ႔ပဲ တစ္ရာသီလံုး ကစားခဲ့ရျပီး သူတို႔ကလည္း အရည္အခ်င္း ရွိပါတယ္။ သူတို႔က ငယ္ရြယ္တယ္။ အခု က်ေန္ာတို႔မွာလည္း ၁၈၊ ၁၉၊ ၂၃ အရြယ္ (ကိုမတ္တီယို၊ ရိုင္းစ္၊ နက္ တို႔ကိုဆိုလို) ကစားသမားေတြ ရွိပါတယ္။ ဝါရင့္ ကစားသမားေတြလည္း ရွိေနတယ္။ ဒီေတာ့ ၾကည့္ရမွာေပါ့။ လူတိုင္းက အခြင့္အေရး ရွိပါတယ္။

ဗဟိုခံစစ္ေနရာ ကစားႏုိင္တဲ့ ကြင္းလယ္လူေတြလည္းရွိတယ္။ ဒီအေျခအေနမွာေတာ့ မဟုတ္ေသးဘူးေပါ့။ ဒါေပမယ့္ လာမယ့္ ႏွစ္ပတ္ေလာက္မွာ ခံစစ္ေနရာကို အားျဖည့္ေပးႏုိင္မယ့္ ကြင္းလယ္လူေတြ ပိုရွိလာပါမယ္။

ဒီေတာ့ ဒီအေျခအေနမွာ က်ေန္ာတို႔ ေျဖရွင္းစရာ နည္းလမ္းေတြ ရွိတာေပါ့။ ဇန္နဝါရီမွာ လူေခၚမလား မသိေသးပါဘူး။ က်ေန္ာတို႔ တစ္ခုခုလုပ္မလား၊ တစ္ခုခု လုပ္ခ်င္လား မသိေသးပါဘူး။ က်ေန္ာတို႔ ၾကည့္ရမွာပါ။ ဒီအေျခအေနမွာေတာ့ အဆင္ေျပပါတယ္။ ေကာင္ေလးေတြကို သံုးေနရတာအတြက္လည္း ေပ်ာ္ပါတယ္။

ခင္ဗ်ားတို႔ ေလ့က်င့္ေရးကြင္းက သူတို႔ကို ျမင္ေစခ်င္တယ္။ အခြင့္အေရးကို အနံ့ခံမိေနတာေၾကာင့္ သူတို႔ ၾကိဳးစားေနၾကတယ္။ သူတို႔ အဆင္သင့္ ျဖစ္ေနျပိဆိုတာကို လူတိုင္းကို ျပလိုေနၾကတယ္။ အဲ့တာက ေကာင္းပါတယ္။ ဒီေကာင္ေလးေတြနဲ႔အတူ အလုပ္လုပ္ျပီး ကမၻာၾကီးကို ျပႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။