ဘိုင်ယန်ကနေ ပြောင်းလာပြီးနောက်ပိုင်း လီဗာပူးအတွက် ၄၅ မိနစ် တစ်ပွဲ၊ မိနစ် ၉၀ တစ်ပွဲပဲ ကစားပေးထားရတဲ့ သီယာဂိုရဲ့ အခြေအနေကို လီဗာပူးမန်နေဂျာက ရှင်းရှင်းလင်းလင်း ထုတ်ပြောလိုက်ပါပြီ။

သီယာဂိုဟာ ဗန်ဒိုက်နဲ့ တစ်ပွဲတည်းမှာ ဒဏ်ရာရခဲ့သူဖြစ်ပြီး အခုချိန်ထိ ဘောလုံး ပြန်မကစားနိုင်သေးပါဘူး။ နိုင်ငံတကာသီတင်းပတ်မှာတော့ အခြေအနေ ကောင်းလာခြင်းကြောင့် သီယာဂိုဟာ အသင်းရဲ့ လေ့ကျင့်မှု အစိတ်အပိုင်း အချို့မှာ ပြန်လည် ပါဝင်လာခဲ့တယ်။ ကလော့ပ်ကတော့ လက်ဖက်ကောင်းစားလိုရင် ပလောင်တောင်တက်နှေးရပါမယ်လို့ လီဗာပူးပရိသတ်တွေကို သတိပေးပါတယ်။

ကလော့ပ်က ” သီယာဂိုက ဒဏ်ရာကြောင့် နားနေရတာပါ။ ထိခိုက်မှုကြီးပါ၊ သူ့ဒူးတည့်တည့်ကို တိုက်ရိုက် ကန်ကျောက်မှုဖြစ်ခဲ့တာပါ။ ဒဏ်ရာက နောက်ဆက်တွဲ ဆက်ဖြစ်လာနိုင်စရာတွေ ရှိပါတယ်။

လူတိုင်း သီယာဂိုကို မြင်ချင်သလို ကျနော်လည်း မမြင်ချင်ဘူးများ ထင်နေကြလား။ ဒါပေမယ့် ကိစ္စတွေကို ပြောင်းလဲလို့ မရဘူး။ ဒဏ်ရာတွေရဲ့ နောက်ဆက်တွဲတွေကို ကျနေ်ာတို့ ဖြေရှင်းဖို့လိုတယ်။ မတော်တဆကော ပြစ်ဒဏ်ကျူးလွန်ခဲ့ရတာကော ဘယ်လို အခြေအနေကို မဆိုပေါ့။

သီယာဂိုက ကွင်းထဲမှာတော့ ပြေးနေပါပြီ အတော်များများကိုလည်း ပြန်လုပ်နေပြီ သိပ်လည်း ကြာတော့မယ် မထင်ပါဘူး။ ဗန်ဒိုက်ရဲ့ ဆိုးရွားလှတဲ့ ဒဏ်ရာ ပုံရိပ် ထွက်လာတဲ့နောက် သီယာဂိုရဲ့ ဒဏ်ရာက ဗန်ဒိုက်လောက် မဆိုးပါဘူးဖြစ်ခဲ့တယ်။ ဒါပေမယ့်လို့ ရက်ပိုင်းနဲ့ ပျောက်လောက်တဲ့ ဒဏ်ရာ မဟုတ်ခဲ့တာကလည်း ရှင်းပါတယ်။

အစောပိုင်းတုန်းကတော့ ခပ်မြန်မြန် ပျောက်မယ်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမယ့် ထင်သလို မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် အခြေအနေကို လက်ခံခဲ့ပြီး အလောတကြီး ပွဲထုတ်တာတွေ လုပ်မှာ မဟုတ်ပါဘူး။

ကျနေ်ာတို့က သီယာဂိုကို တစ်ရာသီလုံး သုံးနိုင်ဖို့ ပြင်ဆင်နေတာပါ။ တစ်ပွဲလောက် ပြန်ကစားနိုင်ဖို့ ပြင်ဆင်ပေးနေတာ မဟုတ်ပါဘူး။ ဒါက သူနဲ့ ပက်သက်တဲ့ အခြေအနေပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဖာဘင်ညိုနဲ့ ပက်သက်ပြီး ပြောရာမှာတော့ ” ပြောခဲ့သလိုပါပဲ ကစားသမားတွေကို တစ်ပွဲတည်း ကစားရဖို့ ပြင်ဆင်နေတာမျိုး မဟုတ်ပါဘူး။ ဒီတော့ သူတို့ အသင်းနဲ့ လေ့ကျင့်ရေး အပြည့်အဝ ပြန်ပါနိုင်ဖို့ လိုပါတယ်။ ဖာဘင်ညိုကလည်း အဲ့အတွက် အစိတ်အပိုင်း တစ်ခုပါပဲ။ အခု သူက ပုံမှန်အတိုင်း အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဆင်းနေပါပြီ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဘိုင္ယန္ကေန ေျပာင္းလာျပီးေနာက္ပိုင္း လီဗာပူးအတြက္ ၄၅ မိနစ္ တစ္ပြဲ၊ မိနစ္ ၉၀ တစ္ပြဲပဲ ကစားေပးထားရတဲ့ သီယာဂိုရဲ႕ အေျခအေနကို လီဗာပူးမန္ေနဂ်ာက ရွင္းရွင္းလင္းလင္း ထုတ္ေျပာလိုက္ပါျပီ။

သီယာဂိုဟာ ဗန္ဒိုက္နဲ႔ တစ္ပြဲတည္းမွာ ဒဏ္ရာရခဲ့သူျဖစ္ျပီး အခုခ်ိန္ထိ ေဘာလံုး ျပန္မကစားႏုိင္ေသးပါဘူး။ ႏုိင္ငံတကာသီတင္းပတ္မွာေတာ့ အေျခအေန ေကာင္းလာျခင္းေၾကာင့္ သီယာဂိုဟာ အသင္းရဲ႕ ေလ့က်င့္မႈ အစိတ္အပိုင္း အခ်ိဳ႔မွာ ျပန္လည္ ပါဝင္လာခဲ့တယ္။ ကေလာ့ပ္ကေတာ့ လက္ဖက္ေကာင္းစားလိုရင္ ပေလာင္ေတာင္တက္ေႏွးရပါမယ္လို႔ လီဗာပူးပရိသတ္ေတြကို သတိေပးပါတယ္။

ကေလာ့ပ္က ” သီယာဂိုက ဒဏ္ရာေၾကာင့္ နားေနရတာပါ။ ထိခိုက္မႈၾကီးပါ၊ သူ႔ဒူးတည့္တည့္ကို တိုက္ရိုက္ ကန္ေက်ာက္မႈျဖစ္ခဲ့တာပါ။ ဒဏ္ရာက ေနာက္ဆက္တြဲ ဆက္ျဖစ္လာႏုိင္စရာေတြ ရွိပါတယ္။

လူတိုင္း သီယာဂိုကို ျမင္ခ်င္သလို က်ေနာ္လည္း မျမင္ခ်င္ဘူးမ်ား ထင္ေနၾကလား။ ဒါေပမယ့္ ကိစၥေတြကို ေျပာင္းလဲလို႔ မရဘူး။ ဒဏ္ရာေတြရဲ႕ ေနာက္ဆက္တြဲေတြကို က်ေန္ာတို႔ ေျဖရွင္းဖို႔လိုတယ္။ မေတာ္တဆေကာ ျပစ္ဒဏ္က်ဴးလြန္ခဲ့ရတာေကာ ဘယ္လို အေျခအေနကို မဆိုေပါ့။

သီယာဂိုက ကြင္းထဲမွာေတာ့ ေျပးေနပါျပီ အေတာ္မ်ားမ်ားကိုလည္း ျပန္လုပ္ေနျပီ သိပ္လည္း ၾကာေတာ့မယ္ မထင္ပါဘူး။ ဗန္ဒိုက္ရဲ႕ ဆိုးရြားလွတဲ့ ဒဏ္ရာ ပံုရိပ္ ထြက္လာတဲ့ေနာက္ သီယာဂိုရဲ႕ ဒဏ္ရာက ဗန္ဒိုက္ေလာက္ မဆိုးပါဘူးျဖစ္ခဲ့တယ္။ ဒါေပမယ့္လို႔ ရက္ပိုင္းနဲ႔ ေပ်ာက္ေလာက္တဲ့ ဒဏ္ရာ မဟုတ္ခဲ့တာကလည္း ရွင္းပါတယ္။

အေစာပိုင္းတုန္းကေတာ့ ခပ္ျမန္ျမန္ ေပ်ာက္မယ္လို႔ ထင္ခဲ့ၾကတာပါ။ ဒါေပမယ့္ ထင္သလို မဟုတ္ခဲ့ပါဘူး။ ဒါေၾကာင့္ အေျခအေနကို လက္ခံခဲ့ျပီး အေလာတၾကီး ပြဲထုတ္တာေတြ လုပ္မွာ မဟုတ္ပါဘူး။

က်ေန္ာတို႔က သီယာဂိုကို တစ္ရာသီလံုး သံုးႏုိင္ဖို႔ ျပင္ဆင္ေနတာပါ။ တစ္ပြဲေလာက္ ျပန္ကစားႏုိင္ဖို႔ ျပင္ဆင္ေပးေနတာ မဟုတ္ပါဘူး။ ဒါက သူနဲ႔ ပက္သက္တဲ့ အေျခအေနပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဖာဘင္ညိဳနဲ႔ ပက္သက္ျပီး ေျပာရာမွာေတာ့ ” ေျပာခဲ့သလိုပါပဲ ကစားသမားေတြကို တစ္ပြဲတည္း ကစားရဖို႔ ျပင္ဆင္ေနတာမ်ိဳး မဟုတ္ပါဘူး။ ဒီေတာ့ သူတို႔ အသင္းနဲ႔ ေလ့က်င့္ေရး အျပည့္အဝ ျပန္ပါႏုိင္ဖို႔ လိုပါတယ္။ ဖာဘင္ညိဳကလည္း အဲ့အတြက္ အစိတ္အပိုင္း တစ္ခုပါပဲ။ အခု သူက ပံုမွန္အတိုင္း အသင္းနဲ႔ ေလ့က်င့္ေရး ျပန္ဆင္းေနပါျပီ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။