ဒီရက်တွေထဲမှာ မေးစပေါ့ကနေပြီး ACL ဒဏ်ရာ ရထားတဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက် အပေါ့စား လေ့ကျင့်ရေး ပြန်ဆင်းနေကြောင်း သတင်းကို ဖော်ပြလာခဲ့ပြီးပါပြီ။

ဒါကြောင့် ဗန်ဒိုက်ဟာ ရာသီမကုန်ခင်မှာ ဘောလုံးပြန်ကစားနိုင်မယ်လို့ မျှော်လင့်လာရကာ ဘယ်အချိန်မှာ ပြန်ကစားနိုင်မယ်တော့ ဘယ်သူမှ မသိရသေးပါဘူး။ လီဗာပူးအသင်းဘက်ကလည်း ကာလရှည် နားရမယ်ဆိုတာကလွဲရင် ဗန်ဒိုက် ပြန်လာနိုင်တဲ့ ရက်စွဲတစ်ခုကိုတောင် သတင်းထုတ်ပြန်ပေးထားခြင်း မရှိဘူး။

ပစ်ဖိုဒ့်နဲ့ ထိတွေ့မှုမှာ ဗန်ဒိုက်ရတဲ့ ဒဏ်ရာဟာ ကြီးမားခဲ့ပြီး မျှော်လင့်ထားတာထက် ပိုဆိုးတဲ့ အခြေအနေအဖြစ် ယူရို ပြိုင်ပွဲကိုတောင် လွဲမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ထားခဲ့တယ်။ သူရဲ့ ပြန်ကောင်းနိုင်စွမ်း ဘယ်လောက်ထိ မြင့်သလဲဆိုတဲ့ အချက်ကပဲ ဒဏ်ရာက ၁၂ လကြာမလား၊ ၉ လကြာမလားနဲ့ ၆ လနောက်ပိုင်း ပြန်ကောင်းမလဲရဲ့ အဖြေဖြစ်လာမှာပါ။

သို့ပေမယ့်လို့ ဒီရက်ပိုင်း ထွက်လာတဲ့ သတင်းတွေကြောင့် ဗန်ဒိုက် ကွင်းထဲ ခပ်စောစော ပြန်ဝင်လာနိုင်မယ်လို့ အကောင်းမြင်နိုင်ပါတယ်။ အဓိကက ဒုတိယအဆင့်ဖြစ်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်စဉ်ပိုင်းမှာဖြစ်ကာ အဲ့အဆင့်မှာ မြန်ရင်မြန်သလောက် ဗန်ဒိုက် ဘောလုံး ခပ်မြန်မြန် ပြန်ကစားနိုင်မှာပါ။

လီဗာပူးအသိုင်းအဝိုင်းဘက်က ခန့်မှန်းနေမှုအရ ဗန်ဒိုက်ဟာ ကံကောင်းမယ်ဆိုရင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်၊ အက်ဖ်အေ ဆီမီးဖိုင်နယ် အဆင့်လောက်တွေမှာ ပြန်လာနိုင်တယ်။ ကာလအနေနဲ့ ၅ လအတွင်း ပြန်ကစားနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ သိရတယ်။

အဲ့တာကို လုပ်နိုင်မယ်ဆိုရင် ဗန်ဒိုက်ဟာ တကယ်ကို ကြံ့ခိုင်သူဖြစ်ပြီး သူ့ရဲ့ Healing စွမ်းရည်က အောချယူရမှာဖြစ်တယ်။ ချွင်းချက်အားဖြင့် ACL ဒဏ်ရာသမားတွေဟာ ဒဏ်ရာ ပြန်ရနိုင်ချေ ရှိတာကြောင့် ဗန်ဒိုက်ကို အဲ့လောက် ခပ်မြန်မြန် ပြန်သုံးဖို့ ကလော့ပ် စဉ်းစားမလားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်ကြောင်းလည်း သုံးသပ်နေကြပါတယ်။

ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေထဲက အချို့ကတော့ ခွဲစိတ်မှုဝင်ပြီး သီတင်းပတ်တွေ အကြာ အပေါ့စား လေ့ကျင့်ရေး ပြန်လုပ်နိုင်တာက ပုံမှန်ဖြစ်စဉ်ဖြစ်ကြောင်း၊ ဗန်ဒိုက်ရဲ့ တိုးတက်မှု အခြေအနေကို ဒီလောက်နဲ့ မသိနိုင်ကြောင်းလည်း မှတ်ချက်ပေးထားကြပါတယ်။

ZAWGYI

ဒီရက္ေတြထဲမွာ ေမးစေပါ့ကေနျပီး ACL ဒဏ္ရာ ရထားတဲ့ ဗဟိုခံစစ္မွဴး ဗန္ဒိုက္ အေပါ့စား ေလ့က်င့္ေရး ျပန္ဆင္းေနေၾကာင္း သတင္းကို ေဖာ္ျပလာခဲ့ျပီးပါျပီ။

ဒါေၾကာင့္ ဗန္ဒိုက္ဟာ ရာသီမကုန္ခင္မွာ ေဘာလံုးျပန္ကစားႏုိင္မယ္လို႔ ေမွ်ာ္လင့္လာရကာ ဘယ္အခ်ိန္မွာ ျပန္ကစားႏုိင္မယ္ေတာ့ ဘယ္သူမွ မသိရေသးပါဘူး။ လီဗာပူးအသင္းဘက္ကလည္း ကာလရွည္ နားရမယ္ဆိုတာကလြဲရင္ ဗန္ဒိုက္ ျပန္လာႏုိင္တဲ့ ရက္စြဲတစ္ခုကိုေတာင္ သတင္းထုတ္ျပန္ေပးထားျခင္း မရွိဘူး။

ပစ္ဖိုဒ့္နဲ႔ ထိေတြ႔မႈမွာ ဗန္ဒိုက္ရတဲ့ ဒဏ္ရာဟာ ၾကီးမားခဲ့ျပီး ေမွ်ာ္လင့္ထားတာထက္ ပိုဆိုးတဲ့ အေျခအေနအျဖစ္ ယူရို ျပိဳင္ပြဲကိုေတာင္ လြဲမယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ထားခဲ့တယ္။ သူရဲ႕ ျပန္ေကာင္းႏုိင္စြမ္း ဘယ္ေလာက္ထိ ျမင့္သလဲဆိုတဲ့ အခ်က္ကပဲ ဒဏ္ရာက ၁၂ လၾကာမလား၊ ၉ လၾကာမလားနဲ႔ ၆ လေနာက္ပိုင္း ျပန္ေကာင္းမလဲရဲ႕ အေျဖျဖစ္လာမွာပါ။

သို႔ေပမယ့္လို႔ ဒီရက္ပိုင္း ထြက္လာတဲ့ သတင္းေတြေၾကာင့္ ဗန္ဒိုက္ ကြင္းထဲ ခပ္ေစာေစာ ျပန္ဝင္လာႏုိင္မယ္လို႔ အေကာင္းျမင္ႏုိင္ပါတယ္။ အဓိကက ဒုတိယအဆင့္ျဖစ္တဲ့ ျပန္လည္ထူေထာင္ေရး လုပ္ငန္စဥ္ပိုင္းမွာျဖစ္ကာ အဲ့အဆင့္မွာ ျမန္ရင္ျမန္သေလာက္ ဗန္ဒိုက္ ေဘာလံုး ခပ္ျမန္ျမန္ ျပန္ကစားႏုိင္မွာပါ။

လီဗာပူးအသိုင္းအဝိုင္းဘက္က ခန္႔မွန္းေနမႈအရ ဗန္ဒိုက္ဟာ ကံေကာင္းမယ္ဆိုရင္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္၊ အက္ဖ္ေအ ဆီမီးဖိုင္နယ္ အဆင့္ေလာက္ေတြမွာ ျပန္လာႏုိင္တယ္။ ကာလအေနနဲ႔ ၅ လအတြင္း ျပန္ကစားႏုိင္ဖို႔ ေမွ်ာ္လင့္ေနၾကတယ္လို႔ သိရတယ္။

အဲ့တာကို လုပ္ႏုိင္မယ္ဆိုရင္ ဗန္ဒိုက္ဟာ တကယ္ကို ၾကံ႕ခိုင္သူျဖစ္ျပီး သူ႔ရဲ႕ Healing စြမ္းရည္က ေအာခ်ယူရမွာျဖစ္တယ္။ ခၽြင္းခ်က္အားျဖင့္ ACL ဒဏ္ရာသမားေတြဟာ ဒဏ္ရာ ျပန္ရႏုိင္ေခ် ရွိတာေၾကာင့္ ဗန္ဒိုက္ကို အဲ့ေလာက္ ခပ္ျမန္ျမန္ ျပန္သံုးဖို႔ ကေလာ့ပ္ စဥ္းစားမလားဆိုတာကေတာ့ ေမးခြန္းထုတ္စရာျဖစ္ေၾကာင္းလည္း သံုးသပ္ေနၾကပါတယ္။

ေဆးဘက္ဆိုင္ရာ ပုဂၢိဳလ္ေတြထဲက အခ်ိဳ႔ကေတာ့ ခြဲစိတ္မႈဝင္ျပီး သီတင္းပတ္ေတြ အၾကာ အေပါ့စား ေလ့က်င့္ေရး ျပန္လုပ္ႏုိင္တာက ပံုမွန္ျဖစ္စဥ္ျဖစ္ေၾကာင္း၊ ဗန္ဒိုက္ရဲ႕ တိုးတက္မႈ အေျခအေနကို ဒီေလာက္နဲ႔ မသိႏုိင္ေၾကာင္းလည္း မွတ္ခ်က္ေပးထားၾကပါတယ္။