အီဂျစ်ဘက်ကတော့ လာမယ့် နွေအိုလံပစ်မှာ လီဗာပူးဘက်က ခွင့်မပြုရင် ဆာလက်ကို မခေါ်ပါဘူးလို့ ထုတ်ပြောလာပါတယ်။

ကိုရိုနာ ကပ်ဘေးကြားမှာ ဘောလုံးအသင်းတွေဟာ ပွဲစဉ် ကြပ်တည်းမှုတွေကို ယှဉ်ပြိုင်နေရတာပါ။ ဒါပေမယ့် နိုင်ငံအဆင့်မှာလည်း အိုလံပစ်ပွဲတွေ၊ အာဖရိကပွဲတွေကလည်း မကြာခင် ကာလတွေမှာ ယှဉ်ပြိင်ကစားမှာဖြစ်သလို ယူရို ပြိုင်ပွဲကလည်း ဒီရာသီအကုန်မှာ ယှဉ်ပြိုင်ကြမှာဖြစ်တယ်။

အီဂျစ် ယူ-၂၃ အသင်းဘက်ကတော့ ဆာလက်ကို အိုလံပစ်အတွက် ခေါ်လိုပေမယ့် လီဗာပူးဘက်က ခွင့်မပြုရင် မခေါ်မယ့်သဘော ထုတ်ပြောလာတယ်။ လီဗာပူးဟာ ဆာလက်ကို အာဖရိကပြိုင်ပွဲထံတော့ လက်လွတ်ပေးသွားရဖို့ ရှိနေပါတယ်။

အီဂျစ် ယူ-၂၃ မန်နေဂျာက ‘ မတ်လမှာ လီဗာပူးအသင်းနဲ့ စကားပြောပါမယ်။ အိုလံပစ်အတွက် ဆာလက်ကို ခေါ်ယူမလားဆိုတာအတွက် ကစားသမားနဲ့လည်း မဆွေးနွေးရသေးပါဘူး။ ပြဿနာက ရက်ပိုင်း အကြာမှာ ပရီးမီးယားလိဂ်က ပြန်စတင်မှာပါ။ ဒါပေမယ့် လီဗာပူးက ခွင့်မပြုဘဲ ဆာလက်ကို ခေါ်ယူနိုင်မှာ မဟုတ်ပါဘူး ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

အိုလံပစ်မှာ ဘောလုံးအသင်းတွေဟာ ၂၃ နှစ်အောက် ကစားသမားတွေကိုပဲ ပါဝင်ယှဉ်ပြိုင်စေတာဖြစ်သော်လည်း အီဂျစ်ကတော့ ဝါရင့် ၃ ဦးစာရင်းထဲ ဆာလက်ကို ထည့်လိုနေတာဖြစ်တယ်။ ကလော့ပ်ကတော့ ဆာလက်ကို ရာသီကြိုမှာ အသင်းနဲ့ပဲ ရှိစေလိုတာကို ယခင်တည်းက ပြောထားဖူးပါတယ်။

ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရပေမယ့် ဆာလက်ဟာ အင်္ဂလန်ကို သီးသန့် လေယာဉ်ဖြင့် ပြန်လာခဲ့ပါပြီ သူဟာ တနင်္ဂနွေနေ့မှာ စစ်ဆေးမှု ထပ်မံ မလုပ်ခင်အတွင်း တစ်ဦးတည်း သီးသန့်နေမှုဖြင့် ထားရှိခံရမှာ ဖြစ်ပါတယ်။

ZAWGYI

အီဂ်စ္ဘက္ကေတာ့ လာမယ့္ ေႏြအိုလံပစ္မွာ လီဗာပူးဘက္က ခြင့္မျပဳရင္ ဆာလက္ကို မေခၚပါဘူးလို႔ ထုတ္ေျပာလာပါတယ္။

ကိုရိုနာ ကပ္ေဘးၾကားမွာ ေဘာလံုးအသင္းေတြဟာ ပြဲစဥ္ ၾကပ္တည္းမႈေတြကို ယွဥ္ျပိဳင္ေနရတာပါ။ ဒါေပမယ့္ ႏုိင္ငံအဆင့္မွာလည္း အိုလံပစ္ပြဲေတြ၊ အာဖရိကပြဲေတြကလည္း မၾကာခင္ ကာလေတြမွာ ယွဥ္ျပိင္ကစားမွာျဖစ္သလို ယူရို ျပိဳင္ပြဲကလည္း ဒီရာသီအကုန္မွာ ယွဥ္ျပိဳင္ၾကမွာျဖစ္တယ္။

အီဂ်စ္ ယူ-၂၃ အသင္းဘက္ကေတာ့ ဆာလက္ကို အိုလံပစ္အတြက္ ေခၚလိုေပမယ့္ လီဗာပူးဘက္က ခြင့္မျပဳရင္ မေခၚမယ့္သေဘာ ထုတ္ေျပာလာတယ္။ လီဗာပူးဟာ ဆာလက္ကို အာဖရိကျပိဳင္ပြဲထံေတာ့ လက္လြတ္ေပးသြားရဖို႔ ရွိေနပါတယ္။

အီဂ်စ္ ယူ-၂၃ မန္ေနဂ်ာက ‘ မတ္လမွာ လီဗာပူးအသင္းနဲ႔ စကားေျပာပါမယ္။ အိုလံပစ္အတြက္ ဆာလက္ကို ေခၚယူမလားဆိုတာအတြက္ ကစားသမားနဲ႔လည္း မေဆြးေႏြးရေသးပါဘူး။ ျပႆနာက ရက္ပိုင္း အၾကာမွာ ပရီးမီးယားလိဂ္က ျပန္စတင္မွာပါ။ ဒါေပမယ့္ လီဗာပူးက ခြင့္မျပဳဘဲ ဆာလက္ကို ေခၚယူႏုိင္မွာ မဟုတ္ပါဘူး ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

အိုလံပစ္မွာ ေဘာလံုးအသင္းေတြဟာ ၂၃ ႏွစ္ေအာက္ ကစားသမားေတြကိုပဲ ပါဝင္ယွဥ္ျပိဳင္ေစတာျဖစ္ေသာ္လည္း အီဂ်စ္ကေတာ့ ဝါရင့္ ၃ ဦးစာရင္းထဲ ဆာလက္ကို ထည့္လိုေနတာျဖစ္တယ္။ ကေလာ့ပ္ကေတာ့ ဆာလက္ကို ရာသီၾကိဳမွာ အသင္းနဲ႔ပဲ ရွိေစလိုတာကို ယခင္တည္းက ေျပာထားဖူးပါတယ္။

ကိုရိုနာဗိုင္းရပ္ ကူးစက္ခံထားရေပမယ့္ ဆာလက္ဟာ အဂၤလန္ကို သီးသန္႔ ေလယာဥ္ျဖင့္ ျပန္လာခဲ့ပါျပီ သူဟာ တနဂၤေႏြေန႔မွာ စစ္ေဆးမႈ ထပ္မံ မလုပ္ခင္အတြင္း တစ္ဦးတည္း သီးသန္႔ေနမႈျဖင့္ ထားရွိခံရမွာ ျဖစ္ပါတယ္။