လီဗာပူးရဲ့ ဒဏ်ရာရ ကစားသမားစာရင်းဟာ နိုင်ငံတကာ သီတင်းပတ်အတွင်းမှာ ပိုပြီး တိုးပွားလာခဲ့ပါတယ်။ ဒါက ပရီးမီးယားလိဂ် ချန်ပီယံတွေ ကျော်ဖြတ်ရမယ့် နောက်ထပ် အခက်အခဲတစ်ခုအဖြစ် ရော်ဘတ်ဆန်က မြင်ထားတယ်။

ဘယ်သူတွေ မရှိပါစေ လူစာရင်းနဲ့အတူ အကောင်းဆုံး ယှဉ်ပြိုင်ကြစေဖို့ဆိုတဲ့ ကိစ္စဟာ ကလပ်မှာ သံမှိုစွဲသလို မြဲနေတဲ့ ဆင်ခြေပေးလို့မရတဲ့ အကြောင်းပြချက်ဖြစ်ကြောင်းကို ဘယ်အစွန်လူက ပြောပြခဲ့ပါတယ်။

ရော်ဘတ်ဆန်က “ဘာမှ မပြောင်းလဲသွားပါဘူး၊ ဒဏ်ရာရ စာရင်း အရှည်ကြီးအပေါ်မှာ လူတွေက ဘယ်လိုပဲ ပြောနေပါစေ၊ ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ ကျွန်တော်တို့က လေ့ကျင့်ရေးကွင်းထဲမှာ ရှိနေတဲ့ အသင်းဖော်တွေနဲ့အတူ ပွဲတွေ ဆက်စားဖို့ပဲ အာရုံစိုက်ထားပါတယ်။

ကျွန်တော်တို့မှာ အင်အားတောင့်တင်းတဲ့ အသင်းလူစာရင်းရှိတယ်၊ အရည်အသွေးပြည့်ဝတဲ့ အသင်းသားတွေရှိတယ်၊ အများကြီး တိုးတက်လာပြီးတော့ နောက်တစ်ဆင့် တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့ လူငယ်ကစားသမားကောင်းတွေ ရှိတယ်၊ အကယ်လို့ ကျွန်တော်တို့နဲ့ အတူလေ့ကျင်ခွင့်ရပြီး ကျနေ်ာတို့နဲ့ အတူကစားခွင့်ရရင်၊ လီဗာပူးအတွက် ကစားပေးဖို့ ထိုက်တန်တယ်လို့ နည်းပြတွေက ယုံကြည်လို့ပါ။

ဒဏ်ရာရနေတဲ့ သူတွေ၊ အထူးသဖြင့် ကာလရှည် နားရမယ့်လူတွေအတွက် ကျွန်တော် တကယ် စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ကျန်နေတဲ့ ကျွန်တော်တို့က ကွင်းထဲမှာ သူတို့ ဂုဏ်ယူနိုင်အောင် လုပ်ရမှာဖြစ်ပြီးတော့ သူတို့တွေ ခက်ခဲတဲ့ကာလတွေကို ကျော်ဖြတ်နေတဲ့အချိန်မှာ ပြုံးနေနိုင်ဖို့ ရလဒ်ကောင်းတွေ ရယူပေးရမှာပါ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာသီတင်းပတ်အတွက် စကော်တလန်အတွက် ၁ ပွဲလွဲခဲ့တဲ့ ရော်ဘတ်ဆန်ဟာ ကြံ့ခိုင်မှု ကောင်းနေပြီး လက်စတာနဲ့ပွဲကို သေချာပေါက် ပါဝင်ယှဉ်ပြိုင်ခွင့်ရလာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ဒဏ္ရာရ ကစားသမားစာရင္းဟာ ႏိုင္ငံတကာ သီတင္းပတ္အတြင္းမွာ ပိုၿပီး တိုးပြားလာခဲ့ပါတယ္။ ဒါက ပရီးမီးယားလိဂ္ ခ်န္ပီယံေတြ ေက်ာ္ျဖတ္ရမယ့္ ေနာက္ထပ္ အခက္အခဲတစ္ခုအျဖစ္ ေရာ္ဘတ္ဆန္က ျမင္ထားတယ္။

ဘယ္သူေတြ မရွိပါေစ လူစာရင္းနဲ႔အတူ အေကာင္းဆံုး ယွဥ္ျပိဳင္ၾကေစဖို႔ဆိုတဲ့ ကိစၥဟာ ကလပ္မွာ သံမႈိစြဲသလို ၿမဲေနတဲ့ ဆင္ေျခေပးလို႔မရတဲ့ အေၾကာင္းျပခ်က္ျဖစ္ေၾကာင္းကို ဘယ္အစြန္လူက ေျပာျပခဲ့ပါတယ္။

ေရာ္ဘတ္ဆန္က “ဘာမွ မေျပာင္းလဲသြားပါဘူး၊ ဒဏ္ရာရ စာရင္း အရွည္ႀကီးအေပၚမွာ လူေတြက ဘယ္လိုပဲ ေျပာေနပါေစ၊ ႀကံ့ခိုင္မႈ ျပည့္ဝေနတဲ့ ကြၽန္ေတာ္တို႔က ေလ့က်င့္ေရးကြင္းထဲမွာ ရွိေနတဲ့ အသင္းေဖာ္ေတြနဲ႔အတူ ပြဲေတြ ဆက္စားဖို႔ပဲ အာ႐ုံစိုက္ထားပါတယ္။

ကြၽန္ေတာ္တို႔မွာ အင္အားေတာင့္တင္းတဲ့ အသင္းလူစာရင္းရွိတယ္၊ အရည္အေသြးျပည့္ဝတဲ့ အသင္းသားေတြရွိတယ္၊ အမ်ားႀကီး တိုးတက္လာၿပီးေတာ့ ေနာက္တစ္ဆင့္ တက္လွမ္းဖို႔ အဆင္သင့္ျဖစ္ေနတဲ့ လူငယ္ကစားသမားေကာင္းေတြ ရွိတယ္၊ အကယ္လို႔ ကြၽန္ေတာ္တို႔နဲ႔ အတူေလ့က်င္ခြင့္ရျပီး က်ေန္ာတို႔နဲ႔ အတူကစားခြင့္ရရင္၊ လီဗာပူးအတြက္ ကစားေပးဖို႔ ထိုက္တန္တယ္လို႔ နည္းျပေတြက ယုံၾကည္လို႔ပါ။

ဒဏ္ရာရေနတဲ့ သူေတြ၊ အထူးသျဖင့္ ကာလရွည္ နားရမယ့္လူေတြအတြက္ ကြၽန္ေတာ္ တကယ္ စိတ္မေကာင္းပါဘူး၊ ဒါေပမယ့္ က်န္ေနတဲ့ ကြၽန္ေတာ္တို႔က ကြင္းထဲမွာ သူတို႔ ဂုဏ္ယူႏိုင္ေအာင္ လုပ္ရမွာျဖစ္ၿပီးေတာ့ သူတို႔ေတြ ခက္ခဲတဲ့ကာလေတြကို ေက်ာ္ျဖတ္ေနတဲ့အခ်ိန္မွာ ၿပဳံးေနႏိုင္ဖို႔ ရလဒ္ေကာင္းေတြ ရယူေပးရမွာပါ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ႏုိင္ငံတကာသီတင္းပတ္အတြက္ စေကာ္တလန္အတြက္ ၁ ပြဲလြဲခဲ့တဲ့ ေရာ္ဘတ္ဆန္ဟာ ၾကံ႕ခိုင္မႈ ေကာင္းေနျပီး လက္စတာနဲ႔ပြဲကို ေသခ်ာေပါက္ ပါဝင္ယွဥ္ျပိဳင္ခြင့္ရလာဖို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။