ထိပ်သီးအသင်းတွေနဲ့ အသင်းငယ်တွေကြား အားပြိုင်နေတဲ့ လူစားလဲမှု ၅ ခု ပြုလုပ်ခွင့်ဟာ အမြင့်ဆုံး အခြေအနေမှာ ငြင်းခုံနေကြပြီး ရှက်ဖီး မန်နေဂျာ ဝိုက်ဒါကတော့ အပြတ်အသတ် ကန့်ကွက်လိုက်ပါတယ်။

မန်နေဂျာကလော့ပ်က လက်စတာတိုက်စစ်သမား ဗာဒီဟာ သတိထားရမယ့် ပြိုင်ဘက်ဖြစ်ကြောင်း ဝန်ခံလိုက်ပြီး အင်္ဂလန်သားကြီးကို ထိန်းချုပ်ဖို့ ကြိုးစားသွားရမယ်လို့ ဝန်ခံပါတယ်။

ဒီကနေ့ လိဒ်ယူနိုက်တက် ယူ-၁၈ ဖြင့် ယှဉ်ပြိုင်တဲ့ပွဲမှာ လီဗာပူး လူငယ်လေး ပီတာလူဂါဟာ ယူ-၁၈ အသင်းနဲ့ ပွဲထွက်ကစားခဲ့ပါတယ်။ လီဗာပူးက ၅-၀ နဲ့ အနိုင်ရခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ကစားသမား ၆ ဦးခန့်ကို အသင်းကနေ ရောင်းထုတ်တာ (သို့) အငှားချတာတွေကို ပြုလုပ်မှာဖြစ်ပြီး အဆိုပါ ကစားသမားတွေထဲ နယ်သာလန် လူငယ်လေး ဗန်ဒန်ဘယ်ရာလည်း ပါဝင်နေပါတယ်။

အဓိက ကစားသမားတွေ ဒဏ်ရာရပေမယ့် ရှိတဲ့ လူစာရင်းနဲ့အတူ အကောင်းဆုံး ယှဉ်ပြိုင်ကြစေဖို့ဆိုတဲ့ ကိစ္စဟာ ကလပ်မှာ သံမှိုစွဲသလို မြဲနေတဲ့ ဆင်ခြေပေးလို့မရတဲ့ အကြောင်းပြချက်ဖြစ်ကြောင်းကို ဘယ်အစွန်လူ ရော်ဘတ်ဆန်က ပြောပြခဲ့ပါတယ်။

အီဂျစ်ဘက်ကတော့ လာမယ့် နွေအိုလံပစ်မှာ လီဗာပူးဘက်က ခွင့်မပြုရင် ဆာလက်ကို မခေါ်ပါဘူးလို့ ထုတ်ပြောလာပါတယ်။

လီဗာပူးအသိုင်းအဝိုင်းဘက်က ဗန်ဒိုက်ဟာ ဒဏ်ရာ တိုးတက်မှုနှုန်းနဲ့ ပက်သက်လို့ ကံကောင်းမယ်ဆိုရင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်၊ အက်ဖ်အေ ဆီမီးဖိုင်နယ် အဆင့်လောက်တွေမှာ ပြန်လာနိုင်တယ်။ ကာလအနေနဲ့ ၅ လကျော် ၆ လအတွင်း ပြန်ကစားနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ သိရတယ်။

နိုင်ငံတကာသီတင်းပတ်မှာ အခြေအနေ ကောင်းလာခြင်းကြောင့် သီယာဂိုဟာ အသင်းရဲ့ လေ့ကျင့်မှု အစိတ်အပိုင်း အချို့မှာ ပြန်လည် ပါဝင်လာခဲ့ပေမယ့် အစောတလျင် ထုတ်သုံးမှာ မဟုတ်ကြောင်း ကလော့ပ်က ထုတ်ပြောပါတယ်။

လီဗာပူးအသင်းဟာ ဇန်နဝါရီ မတိုင်ခင်မှာ ပွဲပေါင်း ၁၁ ပွဲ ယှဉ်ပြိုင်ကစားရဦးမှာဖြစ်ကာ ဒီကာလတွေအတွင်းမှာ အပြောင်းအရွှေ့နဲ့ ပက်သက်လို့ အာရုံစိုက်နိုင်ဦးမှာ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၅ ခု လုပ်ခွင့်ရဖို့ တောင်းဆိုမှုဟာ ကလပ်တွေ အသာစီးရဖို့ လုံးဝ မဟုတ်ဘဲ ကစားသမားတွေအတွက် ဖြစ်ပါကြောင်း မန်နေဂျာကလော့ပ်က ထုတ်ပြောလိုက်ပါတယ်။

ကွင်းလယ်လူ ဖာဘင်ညိုဟာ အသင်းနဲ့အတူ ပြန်လည် ပူးပေါင်းနိုင်ခဲ့ပါတယ်။ ဖာမင်နိုနဲ့ အယ်လီဆန်ကလည်း လေ့ကျင့်ရေးကွင်းထဲ ပြန်ဝင်လာမှုနဲ့အတူ ပရိသတ်တွေ စိုးထိတ်နေရတဲ့ ကိစ္စကို ပြေလျော့စေခဲ့ပါပြီ။

ZAWGYI

ထိပ္သီးအသင္းေတြနဲ႔ အသင္းငယ္ေတြၾကား အားျပိဳင္ေနတဲ့ လူစားလဲမႈ ၅ ခု ျပဳလုပ္ခြင့္ဟာ အျမင့္ဆံုး အေျခအေနမွာ ျငင္းခံုေနၾကျပီး ရွက္ဖီး မန္ေနဂ်ာ ဝိုက္ဒါကေတာ့ အျပတ္အသတ္ ကန္႔ကြက္လုိက္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က လက္စတာတိုက္စစ္သမား ဗာဒီဟာ သတိထားရမယ့္ ျပိဳင္ဘက္ျဖစ္ေၾကာင္း ဝန္ခံလိုက္ျပီး အဂၤလန္သားၾကီးကို ထိန္းခ်ဳပ္ဖို႔ ၾကိဳးစားသြားရမယ္လို႔ ဝန္ခံပါတယ္။

ဒီကေန႔ လိဒ္ယူႏုိက္တက္ ယူ-၁၈ ျဖင့္ ယွဥ္ျပိဳင္တဲ့ပြဲမွာ လီဗာပူး လူငယ္ေလး ပီတာလူဂါဟာ ယူ-၁၈ အသင္းနဲ႔ ပြဲထြက္ကစားခဲ့ပါတယ္။ လီဗာပူးက ၅-၀ နဲ႔ အႏုိင္ရခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ကစားသမား ၆ ဦးခန္႔ကို အသင္းကေန ေရာင္းထုတ္တာ (သို႔) အငွားခ်တာေတြကို ျပဳလုပ္မွာျဖစ္ျပီး အဆိုပါ ကစားသမားေတြထဲ နယ္သာလန္ လူငယ္ေလး ဗန္ဒန္ဘယ္ရာလည္း ပါဝင္ေနပါတယ္။

အဓိက ကစားသမားေတြ ဒဏ္ရာရေပမယ့္ ရွိတဲ့ လူစာရင္းနဲ႔အတူ အေကာင္းဆံုး ယွဥ္ျပိဳင္ၾကေစဖို႔ဆိုတဲ့ ကိစၥဟာ ကလပ္မွာ သံမႈိစြဲသလို ၿမဲေနတဲ့ ဆင္ေျခေပးလို႔မရတဲ့ အေၾကာင္းျပခ်က္ျဖစ္ေၾကာင္းကို ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ေျပာျပခဲ့ပါတယ္။

အီဂ်စ္ဘက္ကေတာ့ လာမယ့္ ေႏြအိုလံပစ္မွာ လီဗာပူးဘက္က ခြင့္မျပဳရင္ ဆာလက္ကို မေခၚပါဘူးလို႔ ထုတ္ေျပာလာပါတယ္။

လီဗာပူးအသိုင္းအဝိုင္းဘက္က ဗန္ဒိုက္ဟာ ဒဏ္ရာ တိုးတက္မႈႏႈန္းနဲ႔ ပက္သက္လို႔ ကံေကာင္းမယ္ဆိုရင္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္၊ အက္ဖ္ေအ ဆီမီးဖိုင္နယ္ အဆင့္ေလာက္ေတြမွာ ျပန္လာႏုိင္တယ္။ ကာလအေနနဲ႔ ၅ လေက်ာ္ ၆ လအတြင္း ျပန္ကစားႏုိင္ဖို႔ ေမွ်ာ္လင့္ေနၾကတယ္လို႔ သိရတယ္။

ႏုိင္ငံတကာသီတင္းပတ္မွာ အေျခအေန ေကာင္းလာျခင္းေၾကာင့္ သီယာဂိုဟာ အသင္းရဲ႕ ေလ့က်င့္မႈ အစိတ္အပိုင္း အခ်ိဳ႔မွာ ျပန္လည္ ပါဝင္လာခဲ့ေပမယ့္ အေစာတလ်င္ ထုတ္သံုးမွာ မဟုတ္ေၾကာင္း ကေလာ့ပ္က ထုတ္ေျပာပါတယ္။

လီဗာပူးအသင္းဟာ ဇန္နဝါရီ မတိုင္ခင္မွာ ပြဲေပါင္း ၁၁ ပြဲ ယွဥ္ျပိဳင္ကစားရဦးမွာျဖစ္ကာ ဒီကာလေတြအတြင္းမွာ အေျပာင္းအေရႊ႔နဲ႔ ပက္သက္လို႔ အာရံုစိုက္ႏုိင္ဦးမွာ မဟုတ္ပါဘူး။

ပရီးမီးယားလိဂ္မွာ လူစားလဲမႈ ၅ ခု လုပ္ခြင့္ရဖို႔ ေတာင္းဆိုမႈဟာ ကလပ္ေတြ အသာစီးရဖို႔ လံုးဝ မဟုတ္ဘဲ ကစားသမားေတြအတြက္ ျဖစ္ပါေၾကာင္း မန္ေနဂ်ာကေလာ့ပ္က ထုတ္ေျပာလိုက္ပါတယ္။

ကြင္းလယ္လူ ဖာဘင္ညိဳဟာ အသင္းနဲ႔အတူ ျပန္လည္ ပူးေပါင္းႏုိင္ခဲ့ပါတယ္။ ဖာမင္ႏိုနဲ႔ အယ္လီဆန္ကလည္း ေလ့က်င့္ေရးကြင္းထဲ ျပန္ဝင္လာမႈနဲ႔အတူ ပရိသတ္ေတြ စိုးထိတ္ေနရတဲ့ ကိစၥကို ေျပေလ်ာ့ေစခဲ့ပါျပီ။