ဒီကနေ့မှာ ကြည့်ရမယ့် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းကတော့ လီဗာပူးနဲ့ လက်စတာတို့ရဲ့ ပွဲဖြစ်ပါတယ်။

လက်စတာဟာ ၈ ပွဲကစားပြီးနောက် ပရီးမီးယားလိဂ် ဇယားထိပ်ဆုံးကို ယာယီ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့မှာ တွေ့ဖို့ စောင့်နေတဲ့ ဒီအသင်းဟာ ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်မယ်ဆိုတာကိုတော့ ရောဘတ်ဆန် ကောင်းကောင်းနားလည်ထားတာပါ။

“လက်စတာက သိပ်ကောင်းတဲ့ ရာသီအစကို ရခဲ့တယ်၊ ဒီရာသီမှာ သူတို့ပွဲတွေကို ကျွန်တောာ် နည်းနည်းကြည့်ဖြစ်ပါတယ်၊ သူတို့တွေ နည်းနည်းပိုပြီးတော့ ရက်စက်တဲ့ပုံ ဖြစ်လာတယ်၊ တချို့ပွဲတွေမှာ ပိုပြီး အင်အားတောင့်တင်းလာတယ်၊ အာဆင်နယ်နဲ့ပွဲမှာ ဂိုးမရှိ သရေဖြစ်နိုင်တဲ့ ကြားက နိုင်ပွဲ ရယူနိုင်ခဲ့တယ်၊ ဒါက အသင်းကောင်းတစ်သင်းရဲ့ လက္ခဏာပါ။

လက်စတာက အသင်းကောင်းတစ်သင်းဆိုတာ ငြင်းစရာ မရှိပါဘူး၊ ကျွန်တော်တို့ တွေ့ရမယ့် ပြိုင်ဘက်က အကောင်းဆုံး အသင်းဖြစ်နေတယ်ဆိုတာ သိပါတယ်၊ ကျွန်တော်တို့ ဘောက်ဆင်ဒေးတုန်းကလို ပြန်လုပ်ပြဖို့လိုတယ်၊ အကောင်းဆုံးခြေစွမ်း ပြသရမယ်၊ အမှား မလုပ်မိအောင်ဂရုစိုက်ပြီးတော့ အညှာအတာ ကင်းမဲ့တဲ့ တိုက်စစ်ကိုပြသရမယ်။

သူတို့တွေက ကျွန်တော်တို့ကို ဒုက္ခပေးမှာဖြစ်ပြီး နိုင်ပွဲရယူဖို့ ကြိုးစားလာမှာပါ၊ သူတို့က ခက်ခဲတဲ့ ပြိုင်ဘက်တွေဆိုတာ ကျွန်တော်တို့ သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးပုံစံမှာရှိရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ယုံကြည်ပါတယ်” လို့ ရောဘတ်ဆန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

မနေ့က ယှဉ်ပြိုင်တဲ့ပွဲမှာ ချယ်ဆီး၊ စပါးတို့ နိုင်ပွဲရခဲ့တာကြောင့် လီဗာပူးရဲ့ အထက်ကို ရောက်နေခဲ့ပြီး အသင်းဟာ ဒီကနေ့မှာ အနိုင်သုံးမှတ် ရယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔မွာ ၾကည့္ရမယ့္ ပရီးမီးယားလိဂ္ ပြဲၾကီးပြဲေကာင္းကေတာ့ လီဗာပူးနဲ႔ လက္စတာတို႔ရဲ႕ ပြဲျဖစ္ပါတယ္။

လက္စတာဟာ ၈ ပြဲကစားၿပီးေနာက္ ပရီးမီးယားလိဂ္ ဇယားထိပ္ဆုံးကို ယာယီ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး တနဂၤေႏြေန႔မွာ ေတြ႕ဖို႔ ေစာင့္ေနတဲ့ ဒီအသင္းဟာ ခက္ခဲတဲ့ ၿပိဳင္ဘက္ျဖစ္မယ္ဆိုတာကိုေတာ့ ေရာဘတ္ဆန္ ေကာင္းေကာင္းနားလည္ထားတာပါ။

“လက္စတာက သိပ္ေကာင္းတဲ့ ရာသီအစကို ရခဲ့တယ္၊ ဒီရာသီမွာ သူတို႔ပြဲေတြကို ကြၽန္ေတာာ္ နည္းနည္းၾကည့္ျဖစ္ပါတယ္၊ သူတို႔ေတြ နည္းနည္းပိုၿပီးေတာ့ ရက္စက္တဲ့ပုံ ျဖစ္လာတယ္၊ တခ်ိဳ႕ပြဲေတြမွာ ပိုၿပီး အင္အားေတာင့္တင္းလာတယ္၊ အာဆင္နယ္နဲ႔ပြဲမွာ ဂိုးမရွိ သေရျဖစ္ႏိုင္တဲ့ ၾကားက ႏိုင္ပြဲ ရယူႏိုင္ခဲ့တယ္၊ ဒါက အသင္းေကာင္းတစ္သင္းရဲ႕ လကၡဏာပါ။

လက္စတာက အသင္းေကာင္းတစ္သင္းဆိုတာ ျငင္းစရာ မရွိပါဘူး၊ ကြၽန္ေတာ္တို႔ ေတြ႕ရမယ့္ ၿပိဳင္ဘက္က အေကာင္းဆုံး အသင္းျဖစ္ေနတယ္ဆိုတာ သိပါတယ္၊ ကြၽန္ေတာ္တို႔ ေဘာက္ဆင္ေဒးတုန္းကလို ျပန္လုပ္ျပဖို႔လိုတယ္၊ အေကာင္းဆုံးေျခစြမ္း ျပသရမယ္၊ အမွား မလုပ္မိေအာင္ဂ႐ုစိုက္ၿပီးေတာ့ အညႇာအတာ ကင္းမဲ့တဲ့ တိုက္စစ္ကိုျပသရမယ္။

သူတို႔ေတြက ကြၽန္ေတာ္တို႔ကို ဒုကၡေပးမွာျဖစ္ၿပီး ႏိုင္ပြဲရယူဖို႔ ႀကိဳးစားလာမွာပါ၊ သူတို႔က ခက္ခဲတဲ့ ၿပိဳင္ဘက္ေတြဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အေကာင္းဆုံးပုံစံမွာရွိရင္ ဘယ္အသင္းကိုမဆို အႏိုင္ယူႏိုင္တယ္လို႔ ယုံၾကည္ပါတယ္” လို႔ ေရာဘတ္ဆန္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မေန႔က ယွဥ္ျပိဳင္တဲ့ပြဲမွာ ခ်ယ္ဆီး၊ စပါးတို႔ ႏုိင္ပြဲရခဲ့တာေၾကာင့္ လီဗာပူးရဲ႕ အထက္ကို ေရာက္ေနခဲ့ျပီး အသင္းဟာ ဒီကေန႔မွာ အႏုိင္သံုုးမွတ္ ရယူဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။