လီဗာပူးအသင်းရဲ့ ဘရာဇီး တိုက်စစ်သမား ဖာမင်နိုဟာ အသင်းမှာ ပွဲထွက်ခွင့် တစ်နေရာအတွက် ယှဉ်ပြိုင်ရမယ်ဆိုရင်လည်း လက်ခံသွားမယ့် သဘောကို ပြောဆိုပါတယ်။

နွေမှာ ခေါ်ယူထားတဲ့ ဂျိုတာ တောက်ပလာမှုနဲ့အတူ ပြီးခဲ့တဲ့ မန်စီးတီးပွဲကြိုမှာ တိုက်စစ် သုံးယောက်တန်းအတွက် ဘယ်လို ပွဲထုတ်မလဲဆိုတာဟာ အတော်လေး စကားပြောရတဲ့ ကိစ္စ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် မန်နေဂျာကလော့ပ်က တိုက်စစ်ကို သုံးယောက်တန်း မထုတ်ဘဲ လေးယောက်တန်း ထုတ်ခဲ့တာကာ အခြေအနေကို ဖြေရှင်းပေးခဲ့တယ်။

ဒီရက်ပိုင်းမှာတော့ ကိုဗစ်ကြောင့် ဆာလက် ပွဲကစားနိုင်ဦးမှာ မဟုတ်ခြင်းကလည်း တိုက်စစ် သုံးယောက်တန်းကို အထိအခိုက်မရှိစေဘဲ ဖာမင်နို၊ ဂျိုတာ၊ မာနေး တွဲလုံးကိုပဲ မြင်တွေ့ခွင့် ရစေမှာဖြစ်တယ်။

ပုံမှန်ပွဲထွက်ခွင့်နဲ့ ပက်သက်လို့ ဖာမင်နိုက ပြောရာမှာ “ လီဗာပူးအသင်းဟာ အသင်းသားတွေ အများအပြားနဲ့အတူ ကြီးမားတဲ့ လူစာရင်းကြီး တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် အသင်းအတွက် ပွဲထွက်ကစားပေးခွင့်ကို ဖမ်းဆုပ်ထားဖို့ဆိုတာက လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကို ကျနော် နားလည်ပါတယ်။

ဒီယေဂိုဟာ သိပ်ကို ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး နောက်ထပ် သွေးသောက် ရဲဘော်ရဲဘက် ဖြစ်ပါတယ်။ သူနဲ့ ပက်သက်ပြီး ပုဂ္ဂိုလ်ရေး ယှဉ်ပြိုင်မှုတွေလည်း ဘာတစ်ခုမှ ရှိမှာ မဟုတ်ပါဘူး။ ” လို့ ဖြစ်ပါတယ်။

ပွဲထွက်ခွင့် တစ်နေရာအတွက် အခုလို ယှဉ်ပြိုင်လာရတာက အသင်းရဲ့ အရည်အချင်းအတွက်ကော၊ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းမှာပါ အထောက်အကူ ဖြစ်လာစေဖို့ ရှိနေပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ဘရာဇီး တိုက္စစ္သမား ဖာမင္ႏိုဟာ အသင္းမွာ ပြဲထြက္ခြင့္ တစ္ေနရာအတြက္ ယွဥ္ျပိဳင္ရမယ္ဆိုရင္လည္း လက္ခံသြားမယ့္ သေဘာကို ေျပာဆိုပါတယ္။

ေႏြမွာ ေခၚယူထားတဲ့ ဂ်ိဳတာ ေတာက္ပလာမႈနဲ႔အတူ ျပီးခဲ့တဲ့ မန္စီးတီးပြဲၾကိဳမွာ တိုက္စစ္ သံုးေယာက္တန္းအတြက္ ဘယ္လို ပြဲထုတ္မလဲဆိုတာဟာ အေတာ္ေလး စကားေျပာရတဲ့ ကိစၥ ျဖစ္ခဲ့တာပါ။ ဒါေပမယ့္ မန္ေနဂ်ာကေလာ့ပ္က တိုက္စစ္ကို သံုးေယာက္တန္း မထုတ္ဘဲ ေလးေယာက္တန္း ထုတ္ခဲ့တာကာ အေျခအေနကို ေျဖရွင္းေပးခဲ့တယ္။

ဒီရက္ပိုင္းမွာေတာ့ ကိုဗစ္ေၾကာင့္ ဆာလက္ ပြဲကစားႏုိင္ဦးမွာ မဟုတ္ျခင္းကလည္း တိုက္စစ္ သံုးေယာက္တန္းကို အထိအခိုက္မရွိေစဘဲ ဖာမင္ႏို၊ ဂ်ိဳတာ၊ မာေနး တြဲလံုးကိုပဲ ျမင္ေတြ႔ခြင့္ ရေစမွာျဖစ္တယ္။

ပံုမွန္ပြဲထြက္ခြင့္နဲ႔ ပက္သက္လို႔ ဖာမင္နိုက ေျပာရာမွာ “ လီဗာပူးအသင္းဟာ အသင္းသားေတြ အမ်ားအျပားနဲ႔အတူ ၾကီးမားတဲ့ လူစာရင္းၾကီး တစ္ခုကို ပိုင္ဆိုင္ထားပါတယ္။ ဒါေၾကာင့္ အသင္းအတြက္ ပြဲထြက္ကစားေပးခြင့္ကို ဖမ္းဆုပ္ထားဖို႔ဆိုတာက လြယ္ကူတဲ့ ကိစၥမဟုတ္ပါဘူး။ ဒါကို က်ေနာ္ နားလည္ပါတယ္။

ဒီေယဂိုဟာ သိပ္ကို ထူးခၽြန္တဲ့ ကစားသမားျဖစ္ျပီး ေနာက္ထပ္ ေသြးေသာက္ ရဲေဘာ္ရဲဘက္ ျဖစ္ပါတယ္။ သူနဲ႔ ပက္သက္ျပီး ပုဂၢိဳလ္ေရး ယွဥ္ျပိဳင္မႈေတြလည္း ဘာတစ္ခုမွ ရွိမွာ မဟုတ္ပါဘူး။ ” လို႔ ျဖစ္ပါတယ္။

ပြဲထြက္ခြင့္ တစ္ေနရာအတြက္ အခုလို ယွဥ္ျပိဳင္လာရတာက အသင္းရဲ႕ အရည္အခ်င္းအတြက္ေကာ၊ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈပိုင္းမွာပါ အေထာက္အကူ ျဖစ္လာေစဖို႔ ရွိေနပါတယ္။