လီဗာပူးအသင်းရဲ့ အဓိက ခံစစ်သမား တစ်ဦးဖြစ်သူ မာတစ်ဟာ အသက် ၂၉ နှစ် အရွယ်ကို ရောက်လာခဲ့ပြီဖြစ်ကာ ကစားသမားဘဝ အကောင်းဆုံး အခိုက်အတန့်ကို ရောက်လာခဲ့ပါပြီ။

၂၀၁၆ ခုနှစ်မှာ ရှော်ကေးကနေ ပြောင်းလာခဲ့တဲ့ မာတစ်ဟာ လီဗာပူးအတွက် ၁၁၄ ပွဲ ကစားပေးထားပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုတွေမှာ ပါဝင်ခဲ့သူပါ။ သူဟာ လီဗာပူး ကစားသမားဘဝမှာတော့ ဒဏ်ရာ ပြဿနာတွေ များခဲ့တာကြောင့် အတက်အကျ အခြေအနေတွေကို အကြိမ်ကြိမ် ရင်ဆိုင်ထားရတယ်။

ဒီတစ်ကြိမ် မာတစ် ကြံ့ခိုင်မှုကောင်းနေခြင်းက သူ့ကစားသမားဘဝ အကောင်းဆုံး အသက်အရွယ်အတွင်း အကောင်းဆုံး လုပ်ပြဖို့ ဖြစ်လာနိုင်တယ်။ အတိတ်က ဒဏ်ရာ မှတ်တမ်းဆိုးတွေကို ဒီတစ်ကြိမ် ဖောက်ထွက်နိုင်ဖို့ ကလော့ပ်က မျှော်လင့်နေပါတယ်။

ကလော့ပ်ကပဲ “ မာတစ်က အကောင်းဆုံး အသက်အရွယ်ကို ရောက်နေပါပြီ။ ကျနေ်ာတို့နဲ့အတူ ရှိနေကတည်းက သူက မယုံနိုင်လောက်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ အသင်းနဲ့ မပူးပေါင်းခင်ကလည်း ကစားသမားကောင်းပါ။ ဒါကြောင့်လည်း သူ့ကို လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

သူက မယုံနိုင်လောက်တဲ့ ကစားသမားဖြစ်ပြီး သူဘယ်လောက်ကောင်းလဲဆိုတာ မယုံကြည်နိုင်လောက်အောင်ပဲ။ ဟုတ်ပါတယ် ဒဏ်ရာတွေနဲ့ ပက်သက်လာရင်တော့ သိပ်ပြီး ကံမကောင်းပါဘူး။ လီဗာပူးကို မရောက်ခင်တုန်းက သူက ဒဏ်ရာမှတ်တမ်းတွေ မရှိပါဘူး။ ရှော်ကေးအတွက် ၅ နှစ်၊ ၆ နှစ်လောက် ကစားရာမှာ ပြဿနာတွေ မရှိခဲ့ဘူး။

လီဗာပူးကိုရောက်လာပြီး ဒဏ်ရာစရခဲ့တယ်။ နောက်ဆုံးရခဲ့တဲ့ ဒဏ်ရာကတော့ ခြေချောင်းနားက အရွတ်ကို ဖြတ်ထုတ်ခဲ့ရတယ်။ အဲ့ဒဏ်ရာက မနှစ်က အဲဗာတန်နဲ့ပွဲမှာ ထိတာပါပဲ။ အဲ့နောက်တော့ သူက လူစာရင်းကနေ ထွက်ရတော့တာပဲ။

အခု သူပြန်လာပါပြီ။ အချိန်အကြာကြီး ပြန်လာနိုင်တာ ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ သူ့ကစားသမားဘဝ အကောင်းဆုံး အခိုက်အတန့်ကို ရောက်နေမလားဆိုတာကို ကျနော် မသိဘူး။ ဒါပေမယ့် ဒီ ၄ နှစ်အတွင်း သူ့ရဲ့ ကစားသမားဘဝ အခြေအနေတွေကိုလည်း ကျနော်ကတော့ ပျော်ပါတယ်။ စူပါ ကစားသမားပါ ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ အဓိက ခံစစ္သမား တစ္ဦးျဖစ္သူ မာတစ္ဟာ အသက္ ၂၉ ႏွစ္ အရြယ္ကို ေရာက္လာခဲ့ျပီျဖစ္ကာ ကစားသမားဘဝ အေကာင္းဆံုး အခိုက္အတန္႔ကို ေရာက္လာခဲ့ပါျပီ။

၂၀၁၆ ခုႏွစ္မွာ ေရွာ္ေကးကေန ေျပာင္းလာခဲ့တဲ့ မာတစ္ဟာ လီဗာပူးအတြက္ ၁၁၄ ပြဲ ကစားေပးထားျပီး ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ ေအာင္ျမင္မႈေတြမွာ ပါဝင္ခဲ့သူပါ။ သူဟာ လီဗာပူး ကစားသမားဘဝမွာေတာ့ ဒဏ္ရာ ျပႆနာေတြ မ်ားခဲ့တာေၾကာင့္ အတက္အက် အေျခအေနေတြကို အၾကိမ္ၾကိမ္ ရင္ဆိုင္ထားရတယ္။

ဒီတစ္ၾကိမ္ မာတစ္ ၾကံ႕ခိုင္မႈေကာင္းေနျခင္းက သူ႔ကစားသမားဘဝ အေကာင္းဆံုး အသက္အရြယ္အတြင္း အေကာင္းဆံုး လုပ္ျပဖို႔ ျဖစ္လာႏုိင္တယ္။ အတိတ္က ဒဏ္ရာ မွတ္တမ္းဆိုးေတြကို ဒီတစ္ၾကိမ္ ေဖာက္ထြက္ႏုိင္ဖို႔ ကေလာ့ပ္က ေမွ်ာ္လင့္ေနပါတယ္။

ကေလာ့ပ္ကပဲ “ မာတစ္က အေကာင္းဆံုး အသက္အရြယ္ကို ေရာက္ေနပါျပီ။ က်ေန္ာတို႔နဲ႔အတူ ရွိေနကတည္းက သူက မယံုႏုိင္ေလာက္တဲ့ ကစားသမား ျဖစ္ခဲ့ပါတယ္။ အသင္းနဲ႔ မပူးေပါင္းခင္ကလည္း ကစားသမားေကာင္းပါ။ ဒါေၾကာင့္လည္း သူ႔ကို လက္မွတ္ထိုးခဲ့တာ ျဖစ္ပါတယ္။

သူက မယံုႏုိင္ေလာက္တဲ့ ကစားသမားျဖစ္ျပီး သူဘယ္ေလာက္ေကာင္းလဲဆိုတာ မယံုၾကည္ႏုိင္ေလာက္ေအာင္ပဲ။ ဟုတ္ပါတယ္ ဒဏ္ရာေတြနဲ႔ ပက္သက္လာရင္ေတာ့ သိပ္ျပီး ကံမေကာင္းပါဘူး။ လီဗာပူးကို မေရာက္ခင္တုန္းက သူက ဒဏ္ရာမွတ္တမ္းေတြ မရွိပါဘူး။ ေရွာ္ေကးအတြက္ ၅ ႏွစ္၊ ၆ ႏွစ္ေလာက္ ကစားရာမွာ ျပႆနာေတြ မရွိခဲ့ဘူး။

လီဗာပူးကိုေရာက္လာျပီး ဒဏ္ရာစရခဲ့တယ္။ ေနာက္ဆံုးရခဲ့တဲ့ ဒဏ္ရာကေတာ့ ေျခေခ်ာင္းနားက အရြတ္ကို ျဖတ္ထုတ္ခဲ့ရတယ္။ အဲ့ဒဏ္ရာက မႏွစ္က အဲဗာတန္နဲ႔ပြဲမွာ ထိတာပါပဲ။ အဲ့ေနာက္ေတာ့ သူက လူစာရင္းကေန ထြက္ရေတာ့တာပဲ။

အခု သူျပန္လာပါျပီ။ အခ်ိန္အၾကာၾကီး ျပန္လာနုိင္တာ ျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္။ သူ႔ကစားသမားဘဝ အေကာင္းဆံုး အခိုက္အတန္႔ကို ေရာက္ေနမလားဆိုတာကို က်ေနာ္ မသိဘူး။ ဒါေပမယ့္ ဒီ ၄ ႏွစ္အတြင္း သူ႔ရဲ႕ ကစားသမားဘဝ အေျခအေနေတြကိုလည္း က်ေနာ္ကေတာ့ ေပ်ာ္ပါတယ္။ စူပါ ကစားသမားပါ ” လို႔ ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။