လီဗာပူးအသင်းဟာ ဒီကနေ့ည လက်စတာနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲမှာတော့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုးမက်စ်၊ ထရန့်၊ ဟန်ဒါဆန်၊ ဆာလက်တို့ကို ထည့်သွင်းနိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံတကာသီတင်းပတ် အပြီးမှာ ပြန်ကစားရမယ့်ပွဲဖြစ်တာကြောင့် ဒဏ်ရာရကစားသမားတွေ၊ ကြံ့ခိုင်မှု မပြည့်တဲ့ ကစားသမားတွေ ရှိလာနိုင်တယ်။ လူစာရင်းက မျှော်လင့်ထားသလို လူပြည့်ထုတ်သုံးမလား မထုတ်နိုင်ဘူးလား စတာတွေကို ဆွေးနွေးနိုင်ဖို့ ပွဲထွက်လူစာရင်း အကြမ်း တစ်ခုကို ဖော်ပြမှာဖြစ်ပါတယ်။

ကွင်းလယ်လူ သီယာဂိုကို အရန်လူစာရင်းမှာပဲ ထည့်မယ်လို့ မျှော်လင့်ရပေမယ့် ဗဟိုခံစစ်မှာတော့ မာတစ်နဲ့ ဒဏ်ရာကနေ ပြန်သက်သာလာပြီဖြစ်တဲ့ ဖာဘင်ညို အတွဲကို မြင်ရဖို့ များနေတာဖြစ်တယ်။ ညာအစွန်မှာတော့ မီလ်နာကို ပွဲထွက်စေပြီး သွင်းဂိုးအတွက် တိုက်စစ်ပိုင်းကိုပဲ အဓိက အားပြုသွားမယ်လို့ ခန့်မှန်းရတာဖြစ်တယ်။

မန်နေဂျာကလော့ပ်ဟာ ဘယ်ညာ အစွန်တွေကို တိုက်စစ်လိုက်စေတာမျိုးကို ခွင့်ပြုထားပေမယ့် မန်စီးတီးနဲ့ပွဲအတွင်း ထရန့် ဒဏ်ရာရချိန်မှာ မီလ်နာကို ညာခြမ်းကနေ ဝင်ကစားစေခဲ့တယ်။ လီဗာပူးရဲ့ ညာခြမ်းတိုက်စစ်က အတော်လေး အားပျော့သွားခဲ့ပေမယ့် ခံစစ်ပိုင်းအတွက် မီလ်နာရဲ့ ပါဝင်ပေးနိုင်မှုကတော့ အတော်လေး ကောင်းမွန်ပါတယ်။

ဖာဘင်ညိုကို ဗဟိုခံစစ်သမားအဖြစ်ပဲ သုံးဖို့ အခွင့်အလမ်း များနေပြီး ကွင်းလယ် နှစ်ဦးတွဲမှာတော့ ကြံ့ခိုင်မှု ကောင်းနေတဲ့ ဂီနီကို နံပါတ် ၆ နေရာထားကာ ကိတ်တာကို ပိုမို လွတ်လပ်စွာ လှုပ်ရှားရတဲ့ ကွင်းလယ်လူနေရာထားပြီး နှစ်ဦးတန်းကို တွဲသုံးနိုင်ပါတယ်။ ယခင်ပွဲတွေမှာတော့ ဟန်ဒို၊ ဂီနီ အတွဲကို သုံးခဲ့တာဖြစ်တယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ပွဲတွေမှာ ၄-၄-၂ ပုံစံ၊ ၄-၂-၃-၁ ပုံစံနဲ့ ၄-၂-၄ ပုံစံတွေကို ကစားခဲ့ပြီး အဲ့စနစ်တွေကိုပဲ လက်စတာနဲ့ပွဲမှာ ဆက်လက် အသက်သွင်းမလားကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဆာလက် မပါနိုင်ပေမယ့် ကြံ့ခိုင်မှု ကောင်းနေတဲ့ ရှာကွီရီ (သို့) မီနာမီနိုကို တိုက်ရိုက် အစားထိုးပြီး တိုက်စစ် လေးဦးတန်းပုံစံကို ဆက်လက် သုံးနိုင်ပါတယ်။

မာနေးကို ဘယ်ခြမ်း၊ ဂျိုတာကို ညာခြမ်းထားပြီး ဖာမင်နိုနဲ့ မီနာမီနိုကို အလယ်မှာ ချိန်းကစားစေနိုင်သလို ဂျိုတာကို အထောင်ထားပြီး ရှာကွီရီကို ညာခြမ်းပို့တာမျိုးလည်း ဖြစ်လာနိုင်တယ်။

မန်နေဂျာကလော့ပ်က မန်စီးတီးနဲ့ပွဲမှာ ထုတ်သုံးခဲ့တဲ့ ၄-၄-၂ ပုံစံကို အနာဂတ်မှာလည်း ဆက်မြင်ရမယ်လို့ ဆိုထားပါတယ်။ လောလောဆယ်မှာ အဓိက ကစားသမားတွေလည်း ဒဏ်ရာရနေလို့ အတောင့်တင်းဆုံးဖြစ်နေတဲ့ တိုက်စစ်ပိုင်းကိုပဲ ပိုမိုအားပြုမယ့် အနေအထားအဖြစ် ခန့်မှန်းထားရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီကေန႔ည လက္စတာနဲ႔ ယွဥ္ျပိဳင္ရမယ့္ ပြဲမွာေတာ့ အဓိက ကစားသမားေတြျဖစ္တဲ့ ဂိုးမက္စ္၊ ထရန္႔၊ ဟန္ဒါဆန္၊ ဆာလက္တို႔ကို ထည့္သြင္းႏုိင္မွာ မဟုတ္ပါဘူး။

ႏုိင္ငံတကာသီတင္းပတ္ အျပီးမွာ ျပန္ကစားရမယ့္ပြဲျဖစ္တာေၾကာင့္ ဒဏ္ရာရကစားသမားေတြ၊ ၾကံ႕ခိုင္မႈ မျပည့္တဲ့ ကစားသမားေတြ ရွိလာႏုိင္တယ္။ လူစာရင္းက ေမွ်ာ္လင့္ထားသလို လူျပည့္ထုတ္သံုးမလား မထုတ္ႏိုင္ဘူးလား စတာေတြကို ေဆြးေႏြးႏုိင္ဖို႔ ပြဲထြက္လူစာရင္း အၾကမ္း တစ္ခုကို ေဖာ္ျပမွာျဖစ္ပါတယ္။

ကြင္းလယ္လူ သီယာဂိုကို အရန္လူစာရင္းမွာပဲ ထည့္မယ္လို႔ ေမွ်ာ္လင့္ရေပမယ့္ ဗဟိုခံစစ္မွာေတာ့ မာတစ္နဲ႔ ဒဏ္ရာကေန ျပန္သက္သာလာျပီျဖစ္တဲ့ ဖာဘင္ညိဳ အတြဲကို ျမင္ရဖို႔ မ်ားေနတာျဖစ္တယ္။ ညာအစြန္မွာေတာ့ မီလ္နာကို ပြဲထြက္ေစျပီး သြင္းဂိုးအတြက္ တိုက္စစ္ပိုင္းကိုပဲ အဓိက အားျပဳသြားမယ္လို႔ ခန္႔မွန္းရတာျဖစ္တယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ ဘယ္ညာ အစြန္ေတြကို တိုက္စစ္လိုက္ေစတာမ်ိဳးကို ခြင့္ျပဳထားေပမယ့္ မန္စီးတီးနဲ႔ပြဲအတြင္း ထရန္႔ ဒဏ္ရာရခ်ိန္မွာ မီလ္နာကို ညာျခမ္းကေန ဝင္ကစားေစခဲ့တယ္။ လီဗာပူးရဲ႕ ညာျခမ္းတိုက္စစ္က အေတာ္ေလး အားေပ်ာ့သြားခဲ့ေပမယ့္ ခံစစ္ပိုင္းအတြက္ မီလ္နာရဲ႕ ပါဝင္ေပးႏုိင္မႈကေတာ့ အေတာ္ေလး ေကာင္းမြန္ပါတယ္။

ဖာဘင္ညိဳကို ဗဟိုခံစစ္သမားအျဖစ္ပဲ သံုးဖို႔ အခြင့္အလမ္း မ်ားေနျပီး ကြင္းလယ္ ႏွစ္ဦးတြဲမွာေတာ့ ၾကံ႕ခိုင္မႈ ေကာင္းေနတဲ့ ဂီနီကို နံပါတ္ ၆ ေနရာထားကာ ကိတ္တာကို ပိုမို လြတ္လပ္စြာ လႈပ္ရွားရတဲ့ ကြင္းလယ္လူေနရာထားျပီး ႏွစ္ဦးတန္းကို တြဲသံုးႏိုင္ပါတယ္။ ယခင္ပြဲေတြမွာေတာ့ ဟန္ဒို၊ ဂီနီ အတြဲကို သံုးခဲ့တာျဖစ္တယ္။

လီဗာပူးဟာ ျပီးခဲ့တဲ့ ပြဲေတြမွာ ၄-၄-၂ ပံုစံ၊ ၄-၂-၃-၁ ပံုစံနဲ႔ ၄-၂-၄ ပံုစံေတြကို ကစားခဲ့ျပီး အဲ့စနစ္ေတြကိုပဲ လက္စတာနဲ႔ပြဲမွာ ဆက္လက္ အသက္သြင္းမလားကလည္း စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ ဆာလက္ မပါႏုိင္ေပမယ့္ ၾကံ႕ခိုင္မႈ ေကာင္းေနတဲ့ ရွာကီြရီ (သို႔) မီနာမီႏိုကို တိုက္ရိုက္ အစားထိုးျပီး တိုက္စစ္ ေလးဦးတန္းပံုစံကို ဆက္လက္ သံုးႏုိင္ပါတယ္။

မာေနးကို ဘယ္ျခမ္း၊ ဂ်ိဳတာကို ညာျခမ္းထားျပီး ဖာမင္ႏိုနဲ႔ မီနာမီႏိုကို အလယ္မွာ ခ်ိန္းကစားေစႏုိင္သလို ဂ်ိဳတာကို အေထာင္ထားျပီး ရွာကီြရီကို ညာျခမ္းပို႔တာမ်ိဳးလည္း ျဖစ္လာႏုိင္တယ္။

မန္ေနဂ်ာကေလာ့ပ္က မန္စီးတီးနဲ႔ပြဲမွာ ထုတ္သံုးခဲ့တဲ့ ၄-၄-၂ ပံုစံကို အနာဂတ္မွာလည္း ဆက္ျမင္ရမယ္လို႔ ဆိုထားပါတယ္။ ေလာေလာဆယ္မွာ အဓိက ကစားသမားေတြလည္း ဒဏ္ရာရေနလို႔ အေတာင့္တင္းဆံုးျဖစ္ေနတဲ့ တိုက္စစ္ပိုင္းကိုပဲ ပိုမိုအားျပဳမယ့္ အေနအထားအျဖစ္ ခန္႔မွန္းထားရပါတယ္။