လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဂျာမနီလက်ရွေးစင် အသင်းကို လွဲပြောင်း တာဝန်ယူဖို့ကိစ္စဟာ လက်ရှိမှာ မဖြစ်နိုင်သေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂျာမနီအသင်းက စပိန်အသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့နောက်မှာ လက်ရွေးစင်အသင်းက မန်နေဂျာသစ် ရှာလိုနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာပါ။ ယာဂင်ကလော့ပ်က တချိန်မှာ ဂျာမနီအသင်းကို ကိုင်တွယ်လိုတယ်လို့ ပြောဆိုထားခဲ့ဖူးပြီး အဲ့အတွက် မေးခွန်းထုတ်ခံရချိန်မှာတော့ လီဗာပူးကနေ မထွက်ပါဘူးလို့ ငြင်းဆန်ပါတယ်။

ကလော့ပ်က ပြောရာမှာ ” အနာဂတ်မှာတော့ ကျနော်ဟာ ဂျာမနီလက်ရွေးစင် အသင်းကို တာဝန်ယူတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲ့အတွက် ကျနော်မှာ အချိန်မရှိပါဘူး။

ကျနော်မှာ အလုပ်ရှိပါတယ်။ တကယ်ကို များပြားပြင်းထန်တဲ့ တာဝန်တွေပါတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ကျနော်ရဲ့ အလုပ်က လီဗာပူးမှာပါ။ ဒီမှာရှိနေရတာကို သဘောကျတယ်။ လီဗာပူးမှာ ကိစ္စတွေ အများကြီးကို တာဝန်ယူနေရတာဖြစ်လို့ အခြားသော စိန်ခေါ်မှုတွေအတွက် သွားရောက် ရှာဖွေတာတွေကို လုပ်မှာ မဟုတ်ပါဘူး။

မနက် အိပ်ရာထလာချိန်တိုင်းမှာ ရင်ဆိုင်ဖို့ လုံလောက်တဲ့ စိန်ခေါ်မှုတွေကိုလည်း ကျနော် ပိုင်ဆိုင်ထားနှင့်ပါပြီ ” လို့ ဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့ ၂၀၂၄ ခုနှစ်မှာ စာချုပ်ကုန်မှာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ သူဟာ လီဗာပူးနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုသွားဖို့ကို စဉ်းစားနိုင်ပြီး မိခင်နိုင်ငံကို ပြန်သွားတာလည်း ဖြစ်လာနိုင်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဂ်ာမနီလက္ေရြးစင္ အသင္းကို လြဲေျပာင္း တာဝန္ယူဖို႔ကိစၥဟာ လက္ရွိမွာ မျဖစ္ႏိုင္ေသးေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဂ်ာမနီအသင္းက စပိန္အသင္းကို ဂိုးျပတ္ အေရးနိမ့္ခဲ့တဲ့ေနာက္မွာ လက္ေရြးစင္အသင္းက မန္ေနဂ်ာသစ္ ရွာလိုေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာေနတာပါ။ ယာဂင္ကေလာ့ပ္က တခ်ိန္မွာ ဂ်ာမနီအသင္းကို ကိုင္တြယ္လိုတယ္လို႔ ေျပာဆိုထားခဲ့ဖူးျပီး အဲ့အတြက္ ေမးခြန္းထုတ္ခံရခ်ိန္မွာေတာ့ လီဗာပူးကေန မထြက္ပါဘူးလို႔ ျငင္းဆန္ပါတယ္။

ကေလာ့ပ္က ေျပာရာမွာ ” အနာဂတ္မွာေတာ့ က်ေနာ္ဟာ ဂ်ာမနီလက္ေရြးစင္ အသင္းကို တာဝန္ယူတာ ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ မဟုတ္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ အဲ့အတြက္ က်ေနာ္မွာ အခ်ိန္မရွိပါဘူး။

က်ေနာ္မွာ အလုပ္ရွိပါတယ္။ တကယ္ကို မ်ားျပားျပင္းထန္တဲ့ တာဝန္ေတြပါတဲ့ အလုပ္လည္း ျဖစ္ပါတယ္။ က်ေနာ္ရဲ႕ အလုပ္က လီဗာပူးမွာပါ။ ဒီမွာရွိေနရတာကို သေဘာက်တယ္။ လီဗာပူးမွာ ကိစၥေတြ အမ်ားၾကီးကို တာဝန္ယူေနရတာျဖစ္လို႔ အျခားေသာ စိန္ေခၚမႈေတြအတြက္ သြားေရာက္ ရွာေဖြတာေတြကို လုပ္မွာ မဟုတ္ပါဘူး။

မနက္ အိပ္ရာထလာခ်ိန္တိုင္းမွာ ရင္ဆိုင္ဖို႔ လံုေလာက္တဲ့ စိန္ေခၚမႈေတြကိုလည္း က်ေနာ္ ပိုင္ဆုိင္ထားႏွင့္ပါျပီ ” လို႔ ျဖစ္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ လီဗာပူးအသင္းနဲ႔ ၂၀၂၄ ခုႏွစ္မွာ စာခ်ဳပ္ကုန္မွာ ျဖစ္ပါတယ္။ အဲ့ေနာက္ပိုင္းမွာေတာ့ သူဟာ လီဗာပူးနဲ႔ စာခ်ဳပ္သစ္ ထပ္မံ ခ်ဳပ္ဆိုသြားဖို႔ကို စဥ္းစားႏုိင္ျပီး မိခင္ႏုိင္ငံကို ျပန္သြားတာလည္း ျဖစ္လာႏုိင္ပါတယ္။