တိုက်စစ်သမား ဂျိုတာဟာ သူ လီဗာပူးကို ပြောင်းလာခဲ့တာကြောင့် လက်ရွေးစင်အသင်းမှာ မျက်နှာသာပေးခံလာရတယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။

ပေါ်တူဂီပြင်ပ လူတွေကတော့ သူဘာကို ပြောလဲဆိုတာကို သိမှာ မဟုတ်ပါဘူး။ ပေါ်တူဂီမှာက ပေါ်တို၊ ဘင်ဖီကာ၊ စပို့တင်း အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ သူတွေဟာ ထိပ်တန်း ကစားသမားတွေ ဖြစ်လာတတ်သလို လက်ရွေးစင်အသင်းရဲ့ အဓိက ထောက်တိုင်တွေ ဖြစ်လာလေ့ရှိကြတယ်။

ဂျိုတာလို မထင်မရှား အသင်းငယ်ရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမားက ကမ္ဘာချန်ပီယံအသင်း တစ်သင်းဖြစ်တဲ့ လီဗာပူးလို အသင်းမှာ ပွဲထွက်ခွင့်ရလာတာက ပေါ်တူဂီအတွက်တော့ ဖြစ်ခဲတဲ့ ဖြစ်စဉ်ပါပဲ။ ဒါကို ပေါ်တူဂီဘောလုံး ကျွမ်းကျင်သူဖြစ်တဲ့ Tom Kundert က မာဆေးဆိုဒ်အခြေစိုက် သတင်းဌာနနဲ့ အင်တာဗျူးမှာ ရှင်းပြခဲ့တယ်။

Tom Kundert က ” ပေါ်တူဂီမှာက ကြီး သုံးကြီးရဲ့ (ပေါ်တို၊ ဘင်ဖီကာ၊ စပို့တင်း) အကယ်ဒမီ တစ်ခုခုကနေ ထွက်ပေါ်လာတာ မဟုတ်ဘဲ တောက်ပလာတာက ဖြစ်ခဲတဲ့ကိစ္စပါပဲ။ ဂျိုတာက ပေါ်တူဂီ အဆင့်မြင့်တန်းမှာ ရှိနေရတာကိုတင် အောင်မြင်မှုလို့ မှတ်ယူရမယ့် အသင်းငယ်ရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်တယ်။

သူက ထူးချွန်ပါတယ်။ အသက် ၁၈ နှစ်အရွယ်မှာတင် ထူးချွန်လှတဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး သွင်းဂိုး ၁၈ ဂိုး သွင်းပြလိုက်တော့ လူတိုင်းက ဘယ်သူလဲဆိုပြီး ထကြည့်ကုန်ရတော့တာပါပဲ။ လူတွေက သူ့ကို သတိထားမိခဲ့ကြတယ်။

ပထမဆုံး ဘောလုံးရာသီတွေမှာ သိပ်ကောင်းပြခဲ့တာကြောင့် အံ့ဖွယ်ကြယ်ပွင့်လေးတွေလို့ တင်စားခံရတဲ့ ဂျိုအာ ဖီလစ်နဲ့ ရီနာတို ဆန်းချက်စ်တို့လိုတော့ သူ့ကို ချီးကျူးထောပနာပြုမှုတွေ မရှိခဲ့ပါဘူး။ အခုတော့ ဂျိုတာ အကောင်းဆုံး လုပ်ပြနေတာအတွက် အားလုံးက ကျေနပ်နေတယ်။

လီဗာပူးမှာ ဂျိုတာက နောက်တစ်ဆင့်ကို ရောက်လာအောင် လုပ်ပြနိုင်ခဲ့ပြီး လူတွေက သူ့ရဲ့ လုပ်နိုင်စွမ်းတွေကို စိတ်လှုပ်ရှားခဲ့တယ်။ အနာဂတ် ပေါ်တူဂီအသင်းမှာ ဂျိုတာဟာ ကြီးမားတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်မယ်ဆိုတာ မေးခွန်းထုတ်စရာ မရှိပါဘူး။

ဂျိုတာဟာ စီရော်နယ်ဒိုနေရာ အစားထိုးမယ့်သူ ဖြစ်လာမှာ မဟုတ်ဘူး။ ဖီလစ်ကလည်း ရော်နယ်ဒိုနေရာ အစားဝင်မယ့်သူ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ လက်ရွေးစင်အသင်းက ကစားသမား လေးဦး၊ ငါးဦးလောက်ဟာ ဥရောပရဲ့ ထိပ်တန်းအသင်းတွေမှာ ကစားနေကြတာပါ။

ဂျိုတာ၊ ဖီလစ်၊ ဘာနာတို၊ ဖာနန်ဒက်စ်တို့နဲ့ ပေါ်တူဂီက စိတ်လှုပ်ရှားစရာပါပဲ။ လာမယ့် အဓိက ပြိုင်ပွဲကြီးတွေမှာ သူတို့နဲ့အတူ ပေါ်တူဂီသာ ဆုဖလားတွေအတွက် ယှဉ်ပြိုင်မယ့် အသင်း ဖြစ်လာပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

တိုက္စစ္သမား ဂ်ိဳတာဟာ သူ လီဗာပူးကို ေျပာင္းလာခဲ့တာေၾကာင့္ လက္ေရြးစင္အသင္းမွာ မ်က္ႏွာသာေပးခံလာရတယ္လို႔ ထုတ္ေျပာခဲ့ဖူးပါတယ္။

ေပၚတူဂီျပင္ပ လူေတြကေတာ့ သူဘာကို ေျပာလဲဆိုတာကို သိမွာ မဟုတ္ပါဘူး။ ေပၚတူဂီမွာက ေပၚတို၊ ဘင္ဖီကာ၊ စပို႔တင္း အကယ္ဒမီကေန ထြက္ေပၚလာတဲ့ သူေတြဟာ ထိပ္တန္း ကစားသမားေတြ ျဖစ္လာတတ္သလို လက္ေရြးစင္အသင္းရဲ႕ အဓိက ေထာက္တိုင္ေတြ ျဖစ္လာေလ့ရွိၾကတယ္။

ဂ်ိဳတာလို မထင္မရွား အသင္းငယ္ရဲ႕ အကယ္ဒမီကေန ေပၚထြက္လာတဲ့ ကစားသမားက ကမၻာခ်န္ပီယံအသင္း တစ္သင္းျဖစ္တဲ့ လီဗာပူးလို အသင္းမွာ ပြဲထြက္ခြင့္ရလာတာက ေပၚတူဂီအတြက္ေတာ့ ျဖစ္ခဲတဲ့ ျဖစ္စဥ္ပါပဲ။ ဒါကို ေပၚတူဂီေဘာလံုး ကၽြမ္းက်င္သူျဖစ္တဲ့ Tom Kundert က မာေဆးဆိုဒ္အေျခစိုက္ သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ရွင္းျပခဲ့တယ္။

Tom Kundert က ” ေပၚတူဂီမွာက ၾကီး သံုးၾကီးရဲ႕ (ေပၚတို၊ ဘင္ဖီကာ၊ စပို႔တင္း) အကယ္ဒမီ တစ္ခုခုကေန ထြက္ေပၚလာတာ မဟုတ္ဘဲ ေတာက္ပလာတာက ျဖစ္ခဲတဲ့ကိစၥပါပဲ။ ဂ်ိဳတာက ေပၚတူဂီ အဆင့္ျမင့္တန္းမွာ ရွိေနရတာကိုတင္ ေအာင္ျမင္မႈလို႔ မွတ္ယူရမယ့္ အသင္းငယ္ရဲ႕ အကယ္ဒမီကေန ေပၚထြက္လာခဲ့သူျဖစ္တယ္။

သူက ထူးခၽြန္ပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္မွာတင္ ထူးခၽြန္လွတဲ့ ေဘာလံုးရာသီတစ္ခုကို ပိုင္ဆိုင္ခဲ့ျပီး သြင္းဂိုး ၁၈ ဂိုး သြင္းျပလိုက္ေတာ့ လူတိုင္းက ဘယ္သူလဲဆိုျပီး ထၾကည့္ကုန္ရေတာ့တာပါပဲ။ လူေတြက သူ႔ကို သတိထားမိခဲ့ၾကတယ္။

ပထမဆံုး ေဘာလံုးရာသီေတြမွာ သိပ္ေကာင္းျပခဲ့တာေၾကာင့္ အံ့ဖြယ္ၾကယ္ပြင့္ေလးေတြလို႔ တင္စားခံရတဲ့ ဂ်ိဳအာ ဖီလစ္နဲ႔ ရီနာတို ဆန္းခ်က္စ္တို႔လိုေတာ့ သူ႔ကို ခ်ီးက်ဴးေထာပနာျပဳမႈေတြ မရွိခဲ့ပါဘူး။ အခုေတာ့ ဂ်ိဳတာ အေကာင္းဆံုး လုပ္ျပေနတာအတြက္ အားလံုးက ေက်နပ္ေနတယ္။

လီဗာပူးမွာ ဂ်ိဳတာက ေနာက္တစ္ဆင့္ကို ေရာက္လာေအာင္ လုပ္ျပႏုိင္ခဲ့ျပီး လူေတြက သူ႔ရဲ႕ လုပ္ႏုိင္စြမ္းေတြကို စိတ္လႈပ္ရွားခဲ့တယ္။ အနာဂတ္ ေပၚတူဂီအသင္းမွာ ဂ်ိဳတာဟာ ၾကီးမားတဲ့ အစိတ္အပိုင္းအျဖစ္ ပါဝင္မယ္ဆိုတာ ေမးခြန္းထုတ္စရာ မရွိပါဘူး။

ဂ်ိဳတာဟာ စီေရာ္နယ္ဒိုေနရာ အစားထိုးမယ့္သူ ျဖစ္လာမွာ မဟုတ္ဘူး။ ဖီလစ္ကလည္း ေရာ္နယ္ဒိုေနရာ အစားဝင္မယ့္သူ မဟုတ္ပါဘူး။ ဒါေပမယ့္ လက္ရွိ လက္ေရြးစင္အသင္းက ကစားသမား ေလးဦး၊ ငါးဦးေလာက္ဟာ ဥေရာပရဲ႕ ထိပ္တန္းအသင္းေတြမွာ ကစားေနၾကတာပါ။

ဂ်ိဳတာ၊ ဖီလစ္၊ ဘာနာတို၊ ဖာနန္ဒက္စ္တို႔နဲ႔ ေပၚတူဂီက စိတ္လႈပ္ရွားစရာပါပဲ။ လာမယ့္ အဓိက ျပိဳင္ပြဲၾကီးေတြမွာ သူတို႔နဲ႔အတူ ေပၚတူဂီသာ ဆုဖလားေတြအတြက္ ယွဥ္ျပိဳင္မယ့္ အသင္း ျဖစ္လာပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။