ပရီးမီးယားလိဂ် မန်နေဂျာတွေဟာ လူစားလဲမှု ၅ ခု ပြုလုပ်ခွင့်အတွက် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြပြီး အဆိုပါ အစည်းအဝေးမှာတော့ အကောင်းမြင်စရာ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လူစားလဲမှုအတွက် မဲပေးခွင့်ကတော့ လိဂ်တာဝန်ရှိသူတွေ လုပ်ဆောင်ရမှာဖြစ်ပြီး လိဂ်မန်နေဂျာတွေ ပါဝင်ခွင့်ရှိမှာ မဟုတ်ဘူး။ သို့ပေမယ့် မန်နေဂျာတွေက စည်းမျဉ်းပြောင်းဖို့ အကြမ်းဖျဉ်း သဘောတူညီမှုက လိဂ်အစည်းအဝေးမှာလည်း သက်ရောက်မှုရှိမယ်လို့ မျှော်လင့်ရတာဖြစ်တယ်။

လိဂ်အစည်းအဝေးတွေမှာ လူစားလဲမှု ၃ ခုကနေ ၅ ခု ပြောင်းဖို့ကို ၂ ကြိမ် ဆွေးနွေးထားခဲ့ပြီဖြစ်ကာ မအောင်မြင်ထားပါဘူး။ မကြာခင်မှာတော့ တတိယအကြိမ် ဆွေးနွေးမှာဖြစ်ပြီး ဒီတစ်ကြိမ် ရလဒ်အရ ဒုတိယရာသီဝက်မှာ လူစားလဲမှု ၅ ခု လုပ်ခွင့်ရသွားမယ့် အခြေအနေကို မျှော်လင့်လို့ ရလာပြီဖြစ်တယ်။

ယာဂင်ကလော့ပ်က ” အပြင်ဘက်က အကူအညီတွေလည်း လိုပါတယ်။ ကျနေ်ာတို့က လီဗာပူးအတွက် ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် လူစားလဲမှုတွေမှာ အပြောင်းအလဲတွေ ထပ်ဖြစ်လာဖို့ လိုပါတယ်။ ကျနေ်ာတို့က ပွဲစဉ်ဇယား စာရင်းတွေကော အဲ့သည်လို ကိစ္စတွေကိုပါ စကားပြောနေတာပါ။

ခရစ္စမတ်ကာလမှာ ကျနေ်ာတို့ဟာ ၄၈ နာရီအတွင်း ၂ ပွဲလောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လူတွေကတော့ ကျနော် ထပ်ထပ်ပြီး ပြောနေတယ်လို့ ထင်ကြမှာပါပဲ။ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေအရ အဲ့လို ကစားတာက သိပ်ကို အန္တရာယ်ကြီးပါတယ်။

မန်နေဂျာ အစည်းအဝေးခဲ့ကြပြီး အဲ့နေ့က မဲပေးမှုမှာ လူစားလဲမှု ၅ ခုလုပ်ခွင့်အတွက်ကို မဲအရေအတွက် ၁၅-၅ ရခဲ့တယ်။ အဲ့ကိစ္စအတွက် မန်နေဂျာတွေက မဲပေးခွင့်ရမှာ မဟုတ်ပေမယ့် လူစားလဲမှုကို ၁၁-၉ ထပ် ၁၅-၅ ဖြစ်သွားတာက အကူအညီဖြစ်ပါတယ်။ အခုချိန်မှာတော့ နောက်ထပ် ခြေလှမ်းတွေအတွက် ဆုံးဖြတ်ချက်တွေ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ မန္ေနဂ်ာေတြဟာ လူစားလဲမႈ ၅ ခု ျပဳလုပ္ခြင့္အတြက္ အစည္းအေဝးတစ္ခု ျပဳလုပ္ခဲ့ၾကျပီး အဆိုပါ အစည္းအေဝးမွာေတာ့ အေကာင္းျမင္စရာ ရလဒ္ေတြ ထြက္ေပၚလာခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ လူစားလဲမႈအတြက္ မဲေပးခြင့္ကေတာ့ လိဂ္တာဝန္ရွိသူေတြ လုပ္ေဆာင္ရမွာျဖစ္ျပီး လိဂ္မန္ေနဂ်ာေတြ ပါဝင္ခြင့္ရွိမွာ မဟုတ္ဘူး။ သို႔ေပမယ့္ မန္ေနဂ်ာေတြက စည္းမ်ဥ္းေျပာင္းဖို႔ အၾကမ္းဖ်ဥ္း သေဘာတူညီမႈက လိဂ္အစည္းအေဝးမွာလည္း သက္ေရာက္မႈရွိမယ္လို႔ ေမွ်ာ္လင့္ရတာျဖစ္တယ္။

လိဂ္အစည္းအေဝးေတြမွာ လူစားလဲမႈ ၃ ခုကေန ၅ ခု ေျပာင္းဖို႔ကို ၂ ၾကိမ္ ေဆြးေႏြးထားခဲ့ျပီျဖစ္ကာ မေအာင္ျမင္ထားပါဘူး။ မၾကာခင္မွာေတာ့ တတိယအၾကိမ္ ေဆြးေႏြးမွာျဖစ္ျပီး ဒီတစ္ၾကိမ္ ရလဒ္အရ ဒုတိယရာသီဝက္မွာ လူစားလဲမႈ ၅ ခု လုပ္ခြင့္ရသြားမယ့္ အေျခအေနကို ေမွ်ာ္လင့္လို႔ ရလာျပီျဖစ္တယ္။

ယာဂင္ကေလာ့ပ္က ” အျပင္ဘက္က အကူအညီေတြလည္း လိုပါတယ္။ က်ေန္ာတို႔က လီဗာပူးအတြက္ ေျပာေနတာ မဟုတ္ပါဘူး။ ဒါေပမယ့္ လူစားလဲမႈေတြမွာ အေျပာင္းအလဲေတြ ထပ္ျဖစ္လာဖို႔ လိုပါတယ္။ က်ေန္ာတို႔က ပြဲစဥ္ဇယား စာရင္းေတြေကာ အဲ့သည္လို ကိစၥေတြကိုပါ စကားေျပာေနတာပါ။

ခရစၥမတ္ကာလမွာ က်ေန္ာတို႔ဟာ ၄၈ နာရီအတြင္း ၂ ပြဲေလာက္ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ လူေတြကေတာ့ က်ေနာ္ ထပ္ထပ္ျပီး ေျပာေနတယ္လို႔ ထင္ၾကမွာပါပဲ။ ရုပ္ပိုင္းဆိုင္ရာ အေျခအေနေတြအရ အဲ့လို ကစားတာက သိပ္ကို အႏၱရာယ္ၾကီးပါတယ္။

မန္ေနဂ်ာ အစည္းအေဝးခဲ့ၾကျပီး အဲ့ေန႔က မဲေပးမႈမွာ လူစားလဲမႈ ၅ ခုလုပ္ခြင့္အတြက္ကို မဲအေရအတြက္ ၁၅-၅ ရခဲ့တယ္။ အဲ့ကိစၥအတြက္ မန္ေနဂ်ာေတြက မဲေပးခြင့္ရမွာ မဟုတ္ေပမယ့္ လူစားလဲမႈကို ၁၁-၉ ထပ္ ၁၅-၅ ျဖစ္သြားတာက အကူအညီျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ေနာက္ထပ္ ေျခလွမ္းေတြအတြက္ ဆံုးျဖတ္ခ်က္ေတြ လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။