မန်နေဂျာယာဂင်ကလော့ပ်က လူအများထင်ထားကြသလို ပရီးမီးယားလိဂ်ကို လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းက လွှမ်းမိုးသွားမှာ မဟုတ်ဘဲ အဲ့လို ကာလကလည်း ကုန်ဆုံးခဲ့ပြီဆိုတာကို ထုတ်ပြောခဲ့တယ်။

ပြီးခဲ့တဲ့ ရက်ပဲ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာရဲ့ ၂၀၂၃ ခုနှစ်ထိ ရှိနေမယ့် စာချုပ်သစ်အပြီးမှာ ကလော့ပ်က ဒီစကားကို ပြောခဲ့တာပါ။ ကလော့ပ်က လီဗာပူးမှာ ၂၀၂၄ ခုနှစ်ထိ ရှိနေမယ့် စာချုပ်ရှိထားလို့ အင်္ဂလန်လိဂ်မျာ ကမ္ဘာအကောင်းဆုံး မန်နေဂျာနှစ်ဦးရဲ့ အားပြိုင်မှုတွေပဲ ဆက်မြင်ရမယ်လို့ ထင်သူတွေကလည်း မရှားပါဘူး။

ကလော့ပ်က ချယ်ဆီးနဲ့ စပါးလို လန်ဒန်ကလပ်တွေရဲ့ တောင့်တင်းမှုတွေကိုလည်း မမေ့ထားဖို့ သတိပေးခဲ့တယ်။ ချယ်ဆီးဟာ ဒီနွေမှာ အသုံးစရိတ် ပေါင် သန်း ၂၀၀ ကျော် သုံးထားပြီး စပါးကိုတော့ ပရီးမီးယားလိဂ် ချန်ပီယံ ၃ ကြိမ် ဖြစ်ဖူးတဲ့ မော်ရင်ညိုက ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ပြုံးရယ်တဲ့ မျက်နှာထားနဲ့အတူ ကလော့ပ်က ‘ ပပ် လက်မှတ်ထိုးလိုက်တာအတွက် ဝမ်းသာပါတယ်။ လာမယ့် နှစ်တွေမှာ ကလော့ပ်နဲ့ ဂွာဒီယိုလာပဲ ပြိုင်ဆိုင်နေတာမျိုး ဖြစ်လာတော့မယ်တော့ မထင်ဘူး။ လမ်းပတ်ရဲ့ ချယ်ဆီးကလည်း စစ်မှန်တဲ့ အသင်းကောင်း တစ်သင်းအဖြစ် တည်ဆောက်နေတယ်။ ယူနိုက်တက်ကလည်း မကြိုးစားဘဲ နေနေတာ မဟုတ်သလို အာဆင်နယ်လည်း အတူတူပါပဲ။

ဒီရာသီမှာ စပါးကလည်း အန္တရာယ်ကြီးနေတာကို မြင်ရတယ်။ လက်စတာကလည်း သိပ်ကောင်းတာ ရာနှုန်းပြည့် သေချာပါတယ်။ ဝုဗ်ကလည်း အိပ်နေတာ မဟုတ်ပါဘူး။ ကျနော် ဘောလုံးပွဲတွေကို ကြည့်နေသူဖြစ်ပြီး အခြားအသင်းတွေကလည်း ခြေလှမ်းသစ်တွေ လုပ်နေတယ်ဆိုတာကို မြင်ပါတယ် ‘ လို့ ပြောဆိုခဲ့တယ်။

ဒီရာသီဟာ ကိုဗစ်ကပ်ဘေး၊ ဒဏ်ရာပြဿနာတွေကြောင့် တာထွက်မှု အစောပိုင်းကာလတွေမှာ ကမောက်ကမ ရလဒ်တွေ အများကြီး ထွက်ထားခဲ့တယ်။ လိဂ်က အရှိန်ရလာတာနဲ့အမျှ ထိပ်ဆုံးကို တိုးထွက်လာမယ့် အသင်းတွေ စတင်ပေါ်ထွက်လာနေပြီဖြစ်တယ်။

ဒီရာသီ အမှတ်ပေးဖလားကို ကလပ်အသင်း ၈ သင်းလောက် ပြိုင်ဆိုင်ကြဖွယ်ရှိပြီး အဲ့ထဲက နှစ်သင်းကတော့ ဒီကနေ့ ထိပ်တိုက်တွေ့ကြမယ့် လီဗာပူးနဲ့ လက်စတာပဲ ဖြစ်နေပါလိမ့်မယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က လူအမ်ားထင္ထားၾကသလို ပရီးမီးယားလိဂ္ကို လီဗာပူးနဲ႔ မန္စီးတီး ႏွစ္သင္းက လႊမ္းမိုးသြားမွာ မဟုတ္ဘဲ အဲ့လို ကာလကလည္း ကုန္ဆံုးခဲ့ျပီဆိုတာကို ထုတ္ေျပာခဲ့တယ္။

ျပီးခဲ့တဲ့ ရက္ပဲ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာရဲ႕ ၂၀၂၃ ခုႏွစ္ထိ ရွိေနမယ့္ စာခ်ဳပ္သစ္အျပီးမွာ ကေလာ့ပ္က ဒီစကားကို ေျပာခဲ့တာပါ။ ကေလာ့ပ္က လီဗာပူးမွာ ၂၀၂၄ ခုႏွစ္ထိ ရွိေနမယ့္ စာခ်ဳပ္ရွိထားလို႔ အဂၤလန္လိဂ္မ်ာ ကမၻာအေကာင္းဆံုး မန္ေနဂ်ာႏွစ္ဦးရဲ႕ အားျပိဳင္မႈေတြပဲ ဆက္ျမင္ရမယ္လို႔ ထင္သူေတြကလည္း မရွားပါဘူး။

ကေလာ့ပ္က ခ်ယ္ဆီးနဲ႔ စပါးလို လန္ဒန္ကလပ္ေတြရဲ႕ ေတာင့္တင္းမႈေတြကိုလည္း မေမ့ထားဖို႔ သတိေပးခဲ့တယ္။ ခ်ယ္ဆီးဟာ ဒီေႏြမွာ အသံုးစရိတ္ ေပါင္ သန္း ၂၀၀ ေက်ာ္ သံုးထားျပီး စပါးကိုေတာ့ ပရီးမီးယားလိဂ္ ခ်န္ပီယံ ၃ ၾကိမ္ ျဖစ္ဖူးတဲ့ ေမာ္ရင္ညိဳက ကိုင္တြယ္ေနတာ ျဖစ္ပါတယ္။

ျပံဳးရယ္တဲ့ မ်က္ႏွာထားနဲ႔အတူ ကေလာ့ပ္က ‘ ပပ္ လက္မွတ္ထိုးလိုက္တာအတြက္ ဝမ္းသာပါတယ္။ လာမယ့္ ႏွစ္ေတြမွာ ကေလာ့ပ္နဲ႔ ဂြာဒီယိုလာပဲ ျပိဳင္ဆိုင္ေနတာမ်ိဳး ျဖစ္လာေတာ့မယ္ေတာ့ မထင္ဘူး။ လမ္းပတ္ရဲ႕ ခ်ယ္ဆီးကလည္း စစ္မွန္တဲ့ အသင္းေကာင္း တစ္သင္းအျဖစ္ တည္ေဆာက္ေနတယ္။ ယူႏုိက္တက္ကလည္း မၾကိဳးစားဘဲ ေနေနတာ မဟုတ္သလို အာဆင္နယ္လည္း အတူတူပါပဲ။

ဒီရာသီမွာ စပါးကလည္း အႏၱရာယ္ၾကီးေနတာကို ျမင္ရတယ္။ လက္စတာကလည္း သိပ္ေကာင္းတာ ရာႏႈန္းျပည့္ ေသခ်ာပါတယ္။ ဝုဗ္ကလည္း အိပ္ေနတာ မဟုတ္ပါဘူး။ က်ေနာ္ ေဘာလံုးပြဲေတြကို ၾကည့္ေနသူျဖစ္ျပီး အျခားအသင္းေတြကလည္း ေျခလွမ္းသစ္ေတြ လုပ္ေနတယ္ဆိုတာကို ျမင္ပါတယ္ ‘ လို႔ ေျပာဆိုခဲ့တယ္။

ဒီရာသီဟာ ကိုဗစ္ကပ္ေဘး၊ ဒဏ္ရာျပႆနာေတြေၾကာင့္ တာထြက္မႈ အေစာပိုင္းကာလေတြမွာ ကေမာက္ကမ ရလဒ္ေတြ အမ်ားၾကီး ထြက္ထားခဲ့တယ္။ လိဂ္က အရွိန္ရလာတာနဲ႔အမွ် ထိပ္ဆံုးကို တိုးထြက္လာမယ့္ အသင္းေတြ စတင္ေပၚထြက္လာေနျပီျဖစ္တယ္။

ဒီရာသီ အမွတ္ေပးဖလားကို ကလပ္အသင္း ၈ သင္းေလာက္ ျပိဳင္ဆိုင္ၾကဖြယ္ရွိျပီး အဲ့ထဲက ႏွစ္သင္းကေတာ့ ဒီကေန႔ ထိပ္တိုက္ေတြ႔ၾကမယ့္ လီဗာပူးနဲ႔ လက္စတာပဲ ျဖစ္ေနပါလိမ့္မယ္။