လီဗာပူး ကစားသမား ဖာဘင်ညိုက လက်စတာနဲ့ပွဲမှာ သူပါဝင်ခွင့်ရမယ်ဆိုတာကို အရိပ်အမြွက် ထုတ်ပြောမှု လုပ်သွားပါတယ်။

အက်ဆာလေ့ကျင့်ရေးကွင်းကို မဲဝုဒ်လို သမိုင်းကြောင်းကောင်းစေဖို့က မိမိတို့မှာ တာဝန်ရှိပြီး အကောင်းဆုံး လုပ်ပြနိုင်ရမယ်လို့ ဂျိမ်းမီလ်နာက ထုတ်ပြောလိုက်ပါတယ်။

စတီဗင်ဂျရတ်ရဲ့ ရိန်းဂျားကတော့ စကော်တလန်မှာ အတော်လေး အခြေအနေကောင်းနေပြီး ဆဲလ်တစ်ထက် ၂ ပွဲပိုကစား ရမှတ် ၁၁ မှတ်ထိဖြတ်ထားနိုင်ကာ ခံစစ်ကလည်း ပေးဂိုး ၃ ဂိုးသာ ရှိသေးတဲ့အထိ တောက်ပနေပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က လူအများထင်ထားကြသလို ပရီးမီးယားလိဂ်ကို လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းက လွှမ်းမိုးသွားမှာ မဟုတ်ဘဲ အဲ့လို ကာလကလည်း ကုန်ဆုံးခဲ့ပြီဖြစ်ကာ ကလပ် ၈ သင်းလောက်က အပြိုင်ဖြစ်လာမယ်လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ် မန်နေဂျာတွေဟာ လူစားလဲမှု ၅ ခု ပြုလုပ်ခွင့်အတွက် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြပြီး အဆိုပါ အစည်းအဝေးမှာတော့ မန်နေဂျာ ၁၅ ဦးထိက အပြောင်းအလဲသစ်ကို မြင်လိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဂျိုတာလို ပေါ်တူဂီရဲ့ မထင်မရှား အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမားက ကမ္ဘာချန်ပီယံအသင်း တစ်သင်းဖြစ်တဲ့ လီဗာပူးလို အသင်းမှာ ပွဲထွက်ခွင့်ရလာတာက ပေါ်တူဂီအတွက်တော့ ဖြစ်ခဲတဲ့ ဖြစ်စဉ်ဖြစ်ကြောင်း ပေါ်တူဂီဘောလုံး ကျွမ်းကျင်သူဖြစ်တဲ့ Tom Kundert က ပြောပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဂျာမနီလက်ရွေးစင် အသင်းကို လွဲပြောင်း တာဝန်ယူဖို့ကိစ္စဟာ လက်ရှိမှာ မဖြစ်နိုင်သေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီတစ်ကြိမ် မာတစ် ကြံ့ခိုင်မှုကောင်းနေခြင်းက အတိတ်က ဒဏ်ရာ မှတ်တမ်းဆိုးတွေကို ဖောက်ထွက်နိုင်ခြင်း ဖြစ်လာဖို့ ကလော့ပ်က မျှော်လင့်နေပါတယ်။

ရော်ဘတ်ဆန်က ” လက်စတာက အသင်းကောင်းတစ်သင်းဆိုတာ ငြင်းစရာ မရှိပါဘူး၊ ကျွန်တော်တို့ တွေ့ရမယ့် ပြိုင်ဘက်က အကောင်းဆုံး အသင်းဖြစ်နေတယ်ဆိုတာ သိပါတယ်၊ သူတို့တွေက ကျွန်တော်တို့ကို ဒုက္ခပေးမှာဖြစ်ပြီး နိုင်ပွဲရယူဖို့ ကြိုးစားလာမှာပါ၊ ” လို့ လက်စတာနဲ့ ပက်သက်ပြီး တုန့်ပြန်ပါတယ်။

ဂျိုတာနဲ့ ပက်သက်ပြီး ဖာမင်နိုက ” ဒီယေဂိုဟာ သိပ်ကို ထူးချွန်တဲ့ ကစားသမားဖြစ်သလို နောက်ထပ် သွေးသောက် ရဲဘော်ရဲဘက် ဖြစ်ပါတယ်။ သူနဲ့ ပက်သက်ပြီး ပုဂ္ဂိုလ်ရေး ယှဉ်ပြိုင်မှုတွေလည်း ဘာတစ်ခုမှ ရှိမှာ မဟုတ်ပါဘူး။ ” လို့ မှတ်ချက်ပေးပါတယ်။

ZAWGYI









