အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ လက်စတာနဲ့ပွဲမှာ လီဗာပူးဟာ အီဗန်ရဲ့ (OG) ဂိုး၊ ဂျိုတာ၊ ဖာမင်နိုတို့ရဲ့ ခေါင်းတိုက် သွင်းဂိုးတွေနဲ့အတူ ၃-၀ ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရခဲ့တယ်။

မန်နေဂျာကလော့ပ်က ခံစစ်တန်းမှာတော့ ဒဏ်ရာက ပြန်သက်သာလာတဲ့ ဖာဘင်ညိုကို မာတစ်နဲ့ တွဲဘက်ပေးကာ ဘယ်အစွန်မှာ ရော်ဘတ်ဆန်နဲ့ ညာအစွန်မှာ စွယ်စုံရ ကစားသမားကြီး မီလ်နာကို ထားပြီး ပွဲထုတ်ခဲ့တယ်။ ကွင်းလယ်သုံးယောက်တန်းအဖြစ် ဂီနီကို ဂျုံး၊ ကိတ်တာတို့နဲ့ တွဲဘက်ပေးခဲ့ပါတယ်။

ရှာကွီရီ ဒဏ်ရာရသွားတာကြောင့် ဒီကနေ့ လူစာရင်းမှာ မပါနိုင်ခဲ့တာလို့ သိရပြီး ကိုဗစ်ပိုး ကူးစက်ခံထားရတဲ့ ဆာလက်ရဲ့ ညာခြမ်းနေရာမှာ ဂျိုတာကို ထည့်သုံးပါတယ်။ သတင်းကောင်းကတော့ လက်စတာပွဲကြိုမှာပဲ ဆာလက်ရဲ့ ကိုဗစ် စစ်ဆေးမှု ထွက်ပေါ်လာခဲ့ပြီး negative ဖြစ်ပါတယ်။

ပထမပိုင်းက လီဗာပူးရဲ့ အသင်းလိုက် ဟန်ချက်ကောင်းကို မြင်ခဲ့ရတဲ့ အနေအထားဖြစ်ပါတယ်။ ဘယ်တောက်ပံက ရော်ဘတ်ဆန်၊ မာနေးတို့ရဲ့ စွမ်းဆောင်ရည်တွေ ကောင်းသလို ထူးထူးချွန်ချွန် လုပ်ပြနိုင်သူတွေထဲ ညာခြမ်းမှာ ဝင်ကစားပေးတဲ့ မီလ်နာ၊ တိုက်စစ်သမား ဂျိုတာ၊ ကွင်းလယ်လူတွေဖြစ်တဲ့ ဂျုံး၊ ကိတ်တာတို့ ပါပါလိမ့်မယ်။

မာနေးတို့ ရော်ဘတ်ဆန်တို့ရဲ့ ခြေစွမ်း ကောင်းမွန်တာက လီဗာပူးပရိသတ်တွေအတွက် မစိမ်းလှပါဘူး။ ကိတ်တာရဲ့ ပြောင်မြောက်တဲ့ ကစားပုံကတော့ တကယ်ကို စိတ်ကြိုက်တွေ့စရာ ဖြစ်ခဲ့တယ်။ ဒဏ်ရာကြောင့် ရုန်းကန်နေရတဲ့ သူဟာ ကြံ့ခိုင်မှု ကောင်းနေချိန်မှာ ဘာလုပ်နိုင်လဲဆိုတာကို ပြသခဲ့ပြီး တိုက်စစ်တန်း တစ်ခုလုံးအတွက် ဘက်ပေါင်းစုံက ဘောလုံးဖန်တီးမှုတွေ လုပ်ပေးခဲ့တယ်။

ပွဲစကတည်းက နှစ်သင်းလုံး ဖွင့်ကစားပေမယ့် တကယ်တမ်း ပွဲကို ထိန်းချုပ်ခဲ့တာက လီဗာပူးအသင်းဖြစ်တယ်။ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို ဖန်တီးခဲ့ကာ အဖွင့်ဂိုးကတော့ မီလ်နာရဲ့ ထောင့်ကန်ဘောကို ရှင်းထုတ်ရာက လက်စတာ ခံစစ်သမား အီဗန်က ကိုယ်ဂိုးကို သွင်းယူမိခဲ့ခြင်း ဖြစ်ပါတယ်။

လီဗာပူးက နေရာစုံက ထိုးဖောက်ခဲ့ပြီး အဓိက အားဖြင့် ဖာမင်နို၊ ဂျုံး၊ ကီတာတို့ရဲ့ ပံ့ပိုးပေးမှုနဲ့အတူ မာနေးနဲ့ ဂျိုတာတို့က တိုက်စစ်ကို ဦးဆောင်ပါတယ်။ ဘယ်ညာ အစွန်လူတွေရဲ့ ကစားအားနဲ့ တိုက်စစ်အတွက် ပံ့ပိုးပေးမှုတွေကလည်း ကောင်းခဲ့တယ်။ ရော်ဘတ်ဆန်က တိုက်စစ်လိုက်ပြီး ဖြတ်တင်ဘောတွေ လုပ်ပေးချိန်မှာ မီလ်နာရဲ့ ပေးချက်တွေကလည်း တော်တော်ကောင်းခဲ့ပါတယ်။

ဖြတ်တင်ဘောတွေကို အဆုံးသတ်ဖို့ ကြိုးစားတဲ့ လီဗာပူးဟာ ပြန်စင်ထွက်လာတဲ့ ဘောလုံးကို ဘယ်ခြမ်းကနေ အပြင်း ထိုးပေးတာကို ဖာမင်နိုနဲ့ ဂျိုတာ ပြေးဝင်ပိတ်ပေမယ့် ရှမိုင်ကယ်ကို လမ်းကြောင်းပိတ်အောင် လုပ်ခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။ လီဗာပူးကပဲ ဖိကစားနေရင်း ဘယ်တောင်ပံကနေပဲ ရော်ဘတ်ဆန်ရဲ့ လှပတဲ့ ဖြတ်တင်ဘောကို ဂျိုတာ ခေါင်းတိုက်သွင်းပြီး ဒုတိယဦးဆောင်ဂိုး ရယူပေးခဲ့တယ်။

ဂျိုတာရဲ့ ခြေစွမ်းက လီဗာပူးပရိသတ်တွေကို သွေးနွေးစေခဲ့တယ်။ သူ့ရဲ့ ပြေးထွက်မှုနဲ့ အတို့အလှုပ်ကို မြင်တိုင်း ဂိုးရဖို့ အခွင့်အရေးရတော့မယ် ရတော့မယ်ဆိုတဲ့ ခံစားချက်တွေ ဖြစ်စေတဲ့ထိ သူရဲ့ လုပ်နိုင်စွမ်းက ကောင်းပါတယ်။ လီဗာပူးက အခွင့်အရေးတွေ ထပ်ရပေမယ့် ပထမပိုင်းကတော့ ၂-၀ ရလဒ်နဲ့ အဆုံးသတ်ခဲ့တယ်။

ဒုတိယပိုင်းမှာ လူစာရင်း မပြောင်းလဲပေမယ့် စိတ်ပျက်စရာ အနေအထားအဖြစ် ပထမပိုင်းမှာ ခြေစွမ်းပြနေတဲ့ ကိတ်တာ တံကောက်ကြော ဒဏ်ရာရသွားခဲ့တယ်။ ချက်ခြင်းတော့ ကစားအားကျသွားခြင်း မဟုတ်ဘဲ ထိန်းထားခဲ့သော်ညား လီဗာပူးရဲ့ ကစားပုံ အနည်းငယ် ကျဆင်းခဲ့ပြီး လက်စတာဘက်က ဘောလုံးကိုင်ကစားမှုတွေ ပြန်လုပ်နိုင်ခဲ့တယ်။

ဒီပွဲမှာ မာနေးနဲ့ ဂျိုတာတို့ အပိုင် အခွင့်အရေးတွေ အတော်ရကြသလို ရအောင်လည်း ကြိုးစား အားထုတ်နိုင်ခဲ့ပါတယ်။ ရှမိုင်ကယ် ကောင်းနေလိုပဲ ၂-၀ ရလဒ်က ရှည်ကြာနေခဲ့တာပါ။ ကိတ်တာနေရာ ဝီလီယမ်ဝင်တာကြောင့် မီလ်နာကို ကွင်းလယ်ထံ ပြောင်းကစားစေခဲ့တယ်။

လက်စတာနဲ့ပွဲမှာ ထူးထူးခြားခြား ပြောစရာက ကံဆိုးလွန်းလှတဲ့ ဖာမင်နိုပါပဲ။ ဖာမင်နိုဟာ False 9 စစ်စစ်တစ်ယောက်လို ကစားခဲ့ပြီး တိုက်စစ် အသက်ဝင်အောင် အတော်လေး လုပ်ကူနိုင်ခဲ့တယ်။ သူဟာ ကိုယ်တိုင် အဆုံးသတ်ရာမှာတော့ တိုင်ထိနေခဲ့တယ်။

ဒုတိယပိုင်းမှာ သူဟာ ခန္ဓာကိုယ် ယိမ်းထိုးမှုနဲ့ လှလှပပ ကျော်ဖြတ်ပြီး ဂိုးသမားဖြင့် တစ်ဦးချင်းအတွေ့ ပိတ်သွင်းမှု ဂိုးတိုင်ထိ ထွက်ခဲ့တာဖြစ်တယ်။ ပြန်ပိတ်သွင်းမှုကလည်း ဂိုးစည်းကို လွတ်လွတ်ကျွတ်ကျွတ်ဝင်ဖို့ တေ့တေ့လေးလိုနေခဲ့တယ်။ မာနေးရဲ့ ထပ်ပိတ်မှု တိုင်ထိခဲ့ပြန်တာပါ။

ပွဲပြီးဖို့ နီးလာချိန်မှာ လက်စတာက တောက်လျှောက် ဖိထားခဲ့ပြီး ကောင်တာပြန်ဖောက်မှုကနေ မာနေးရဲ့ ပိတ်သွင်းမှု ရှမိုင်ကယ် ပုပ်ထုတ်ခဲ့တယ်။ ဖာမင်နို ပြန်ပိတ်လိုပေမယ့် သူက ရှေ့ရောက်နေခဲ့ပါတယ်။ ပြန်ဖိခံနေရတဲ့ အခြေအနေကြောင့် ကလော့ပ် လူစားလဲလိုပေမယ့် အတော်လေး ခေါင်းစားနေတာကိုလည်း မြင်ခဲ့ရတယ်။

တိုက်စစ်သုံးဦးတန်းထဲက တစ်ဦးအဖြစ် ပွဲထွက်လာသူ ဂျိုတာနဲ့ ပက်သက်ပြီး နောက်ထပ် အားရစရာက သူကလည်း မာနေး၊ ဖာမင်နိုတို့လို တိုက်စစ် လမ်းကြောင်းဖွင့်မှုတွေကို လုပ်ပြနိုင်ခဲ့တာပါပဲ။ ကောင်တာ ပြန်စမှုမှာ သူ့ရဲ့ ဖန်တီးမှု ၂ ကြိမ်လောက်ဟာ ဂိုးရနိုင်တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။

၂-၀ နဲ့ ပြီးမယ်လို့ ယူဆနေချိန်မှာ မထင်မှတ်ဘဲ ထောင့်ကန်ဘောကနေ ဖာမင်နို ပိတ်သွင်းပြီး သူသိပ်ရလိုနေတဲ့ သွင်းဂိုး ရသွားခဲ့ပါတယ်။ ဖာမင်နိုဟာ သူ့တာဝန်ကို သူကျေပွန်ပေမယ့် ဂိုးသွင်းနှုန်းနည်းခြင်းအပေး ဝေဖန်မှုတွေ ခံနေရသူပါ။ ဒါကြောင့်လည်း ဂိုးရခြင်းအပေါ် သူအတော်လေး ပျော်နေခဲ့တယ်။

၃ ဂိုးပြတ် ဦးဆောင်အပြီးမှာ မန်နေဂျာကလော့ပ်က မာနေး၊ ဂျိုတာနေရာမှာ အိုရီဂီ၊ မီနာမီနိုတို့ဖြင့် လူစားလဲခဲ့ပြီး ပွဲကို ထိန်းကစားကာ ဇယားထိပ်က စပါးနဲ့ ရမှတ်တူ အနေအထားကို ပြန်ယူခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI

အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ လက္စတာနဲ႔ပြဲမွာ လီဗာပူးဟာ အီဗန္ရဲ႕ (OG) ဂိုး၊ ဂ်ိဳတာ၊ ဖာမင္ႏိုတို႔ရဲ႕ ေခါင္းတိုက္ သြင္းဂိုးေတြနဲ႔အတူ ၃-၀ ဆိုတဲ့ ရလဒ္ျဖင့္ အႏုိင္ရခဲ့တယ္။

မန္ေနဂ်ာကေလာ့ပ္က ခံစစ္တန္းမွာေတာ့ ဒဏ္ရာက ျပန္သက္သာလာတဲ့ ဖာဘင္ညိဳကို မာတစ္နဲ႔ တြဲဘက္ေပးကာ ဘယ္အစြန္မွာ ေရာ္ဘတ္ဆန္နဲ႔ ညာအစြန္မွာ စြယ္စံုရ ကစားသမားၾကီး မီလ္နာကို ထားျပီး ပြဲထုတ္ခဲ့တယ္။ ကြင္းလယ္သံုးေယာက္တန္းအျဖစ္ ဂီနီကို ဂ်ံဳး၊ ကိတ္တာတို႔နဲ႔ တြဲဘက္ေပးခဲ့ပါတယ္။

ရွာကီြရီ ဒဏ္ရာရသြားတာေၾကာင့္ ဒီကေန႔ လူစာရင္းမွာ မပါႏုိင္ခဲ့တာလို႔ သိရျပီး ကိုဗစ္ပိုး ကူးစက္ခံထားရတဲ့ ဆာလက္ရဲ႕ ညာျခမ္းေနရာမွာ ဂ်ိဳတာကို ထည့္သံုးပါတယ္။ သတင္းေကာင္းကေတာ့ လက္စတာပြဲၾကိဳမွာပဲ ဆာလက္ရဲ႕ ကိုဗစ္ စစ္ေဆးမႈ ထြက္ေပၚလာခဲ့ျပီး negative ျဖစ္ပါတယ္။

ပထမပိုင္းက လီဗာပူးရဲ႕ အသင္းလိုက္ ဟန္ခ်က္ေကာင္းကို ျမင္ခဲ့ရတဲ့ အေနအထားျဖစ္ပါတယ္။ ဘယ္ေတာက္ပံက ေရာ္ဘတ္ဆန္၊ မာေနးတို႔ရဲ႕ စြမ္းေဆာင္ရည္ေတြ ေကာင္းသလို ထူးထူးခၽြန္ခၽြန္ လုပ္ျပႏုိင္သူေတြထဲ ညာျခမ္းမွာ ဝင္ကစားေပးတဲ့ မီလ္နာ၊ တိုက္စစ္သမား ဂ်ိဳတာ၊ ကြင္းလယ္လူေတြျဖစ္တဲ့ ဂ်ံဳး၊ ကိတ္တာတို႔ ပါပါလိမ့္မယ္။

မာေနးတို႔ ေရာ္ဘတ္ဆန္တို႔ရဲ႕ ေျခစြမ္း ေကာင္းမြန္တာက လီဗာပူးပရိသတ္ေတြအတြက္ မစိမ္းလွပါဘူး။ ကိတ္တာရဲ႕ ေျပာင္ေျမာက္တဲ့ ကစားပံုကေတာ့ တကယ္ကို စိတ္ၾကိဳက္ေတြ႔စရာ ျဖစ္ခဲ့တယ္။ ဒဏ္ရာေၾကာင့္ ရုန္းကန္ေနရတဲ့ သူဟာ ၾကံ႕ခိုင္မႈ ေကာင္းေနခ်ိန္မွာ ဘာလုပ္ႏုိင္လဲဆိုတာကို ျပသခဲ့ျပီး တိုက္စစ္တန္း တစ္ခုလံုးအတြက္ ဘက္ေပါင္းစံုက ေဘာလံုးဖန္တီးမႈေတြ လုပ္ေပးခဲ့တယ္။

ပြဲစကတည္းက ႏွစ္သင္းလံုး ဖြင့္ကစားေပမယ့္ တကယ္တမ္း ပြဲကို ထိန္းခ်ဳပ္ခဲ့တာက လီဗာပူးအသင္းျဖစ္တယ္။ စိတ္လႈပ္ရွားစရာ အခိုက္အတန္႔ေတြကို ဖန္တီးခဲ့ကာ အဖြင့္ဂိုးကေတာ့ မီလ္နာရဲ႕ ေထာင့္ကန္ေဘာကို ရွင္းထုတ္ရာက လက္စတာ ခံစစ္သမား အီဗန္က ကိုယ္ဂိုးကို သြင္းယူမိခဲ့ျခင္း ျဖစ္ပါတယ္။

လီဗာပူးက ေနရာစံုက ထိုးေဖာက္ခဲ့ျပီး အဓိက အားျဖင့္ ဖာမင္ႏို၊ ဂ်ံဳး၊ ကီတာတို႔ရဲ႕ ပံ့ပိုးေပးမႈနဲ႔အတူ မာေနးနဲ႔ ဂ်ိဳတာတို႔က တိုက္စစ္ကို ဦးေဆာင္ပါတယ္။ ဘယ္ညာ အစြန္လူေတြရဲ႕ ကစားအားနဲ႔ တိုက္စစ္အတြက္ ပံ့ပိုးေပးမႈေတြကလည္း ေကာင္းခဲ့တယ္။ ေရာ္ဘတ္ဆန္က တိုက္စစ္လိုက္ျပီး ျဖတ္တင္ေဘာေတြ လုပ္ေပးခ်ိန္မွာ မီလ္နာရဲ႕ ေပးခ်က္ေတြကလည္း ေတာ္ေတာ္ေကာင္းခဲ့ပါတယ္။

ျဖတ္တင္ေဘာေတြကို အဆံုးသတ္ဖို႔ ၾကိဳးစားတဲ့ လီဗာပူးဟာ ျပန္စင္ထြက္လာတဲ့ ေဘာလံုးကို ဘယ္ျခမ္းကေန အျပင္း ထိုးေပးတာကို ဖာမင္ႏိုနဲ႔ ဂ်ိဳတာ ေျပးဝင္ပိတ္ေပမယ့္ ရွမိုင္ကယ္ကို လမ္းေၾကာင္းပိတ္ေအာင္ လုပ္ခဲ့တာေၾကာင့္ ဂိုးမရခဲ့ပါဘူး။ လီဗာပူးကပဲ ဖိကစားေနရင္း ဘယ္ေတာင္ပံကေနပဲ ေရာ္ဘတ္ဆန္ရဲ႕ လွပတဲ့ ျဖတ္တင္ေဘာကို ဂ်ိဳတာ ေခါင္းတိုက္သြင္းျပီး ဒုတိယဦးေဆာင္ဂိုး ရယူေပးခဲ့တယ္။

ဂ်ိဳတာရဲ႕ ေျခစြမ္းက လီဗာပူးပရိသတ္ေတြကို ေသြးေႏြးေစခဲ့တယ္။ သူ႔ရဲ႕ ေျပးထြက္မႈနဲ႔ အတို႔အလႈပ္ကို ျမင္တိုင္း ဂိုးရဖို႔ အခြင့္အေရးရေတာ့မယ္ ရေတာ့မယ္ဆိုတဲ့ ခံစားခ်က္ေတြ ျဖစ္ေစတဲ့ထိ သူရဲ႕ လုပ္ႏုိင္စြမ္းက ေကာင္းပါတယ္။ လီဗာပူးက အခြင့္အေရးေတြ ထပ္ရေပမယ့္ ပထမပိုင္းကေတာ့ ၂-၀ ရလဒ္နဲ႔ အဆံုးသတ္ခဲ့တယ္။

ဒုတိယပိုင္းမွာ လူစာရင္း မေျပာင္းလဲေပမယ့္ စိတ္ပ်က္စရာ အေနအထားအျဖစ္ ပထမပိုင္းမွာ ေျခစြမ္းျပေနတဲ့ ကိတ္တာ တံေကာက္ေၾကာ ဒဏ္ရာရသြားခဲ့တယ္။ ခ်က္ျခင္းေတာ့ ကစားအားက်သြားျခင္း မဟုတ္ဘဲ ထိန္းထားခဲ့ေသာ္ညား လီဗာပူးရဲ႕ ကစားပံု အနည္းငယ္ က်ဆင္းခဲ့ျပီး လက္စတာဘက္က ေဘာလံုးကိုင္ကစားမႈေတြ ျပန္လုပ္ႏုိင္ခဲ့တယ္။

ဒီပြဲမွာ မာေနးနဲ႔ ဂ်ိဳတာတို႔ အပိုင္ အခြင့္အေရးေတြ အေတာ္ရၾကသလို ရေအာင္လည္း ၾကိဳးစား အားထုတ္ႏုိင္ခဲ့ပါတယ္။ ရွမိုင္ကယ္ ေကာင္းေနလိုပဲ ၂-၀ ရလဒ္က ရွည္ၾကာေနခဲ့တာပါ။ ကိတ္တာေနရာ ဝီလီယမ္ဝင္တာေၾကာင့္ မီလ္နာကို ကြင္းလယ္ထံ ေျပာင္းကစားေစခဲ့တယ္။

လက္စတာနဲ႔ပြဲမွာ ထူးထူးျခားျခား ေျပာစရာက ကံဆိုးလြန္းလွတဲ့ ဖာမင္ႏိုပါပဲ။ ဖာမင္ႏိုဟာ False 9 စစ္စစ္တစ္ေယာက္လို ကစားခဲ့ျပီး တိုက္စစ္ အသက္ဝင္ေအာင္ အေတာ္ေလး လုပ္ကူႏုိင္ခဲ့တယ္။ သူဟာ ကိုယ္တိုင္ အဆံုးသတ္ရာမွာေတာ့ တိုင္ထိေနခဲ့တယ္။

ဒုတိယပိုင္းမွာ သူဟာ ခႏၶာကိုယ္ ယိမ္းထိုးမႈနဲ႔ လွလွပပ ေက်ာ္ျဖတ္ျပီး ဂိုးသမားျဖင့္ တစ္ဦးခ်င္းအေတြ႔ ပိတ္သြင္းမႈ ဂိုးတိုင္ထိ ထြက္ခဲ့တာျဖစ္တယ္။ ျပန္ပိတ္သြင္းမႈကလည္း ဂိုးစည္းကို လြတ္လြတ္ကၽြတ္ကၽြတ္ဝင္ဖို႔ ေတ့ေတ့ေလးလိုေနခဲ့တယ္။ မာေနးရဲ႕ ထပ္ပိတ္မႈ တိုင္ထိခဲ့ျပန္တာပါ။

ပြဲျပီးဖို႔ နီးလာခ်ိန္မွာ လက္စတာက ေတာက္ေလွ်ာက္ ဖိထားခဲ့ျပီး ေကာင္တာျပန္ေဖာက္မႈကေန မာေနးရဲ႕ ပိတ္သြင္းမႈ ရွမိုင္ကယ္ ပုပ္ထုတ္ခဲ့တယ္။ ဖာမင္ႏို ျပန္ပိတ္လိုေပမယ့္ သူက ေရွ႔ေရာက္ေနခဲ့ပါတယ္။ ျပန္ဖိခံေနရတဲ့ အေျခအေနေၾကာင့္ ကေလာ့ပ္ လူစားလဲလိုေပမယ့္ အေတာ္ေလး ေခါင္းစားေနတာကိုလည္း ျမင္ခဲ့ရတယ္။

တိုက္စစ္သံုးဦးတန္းထဲက တစ္ဦးအျဖစ္ ပြဲထြက္လာသူ ဂ်ိဳတာနဲ႔ ပက္သက္ျပီး ေနာက္ထပ္ အားရစရာက သူကလည္း မာေနး၊ ဖာမင္ႏိုတို႔လို တိုက္စစ္ လမ္းေၾကာင္းဖြင့္မႈေတြကို လုပ္ျပႏုိင္ခဲ့တာပါပဲ။ ေကာင္တာ ျပန္စမႈမွာ သူ႔ရဲ႕ ဖန္တီးမႈ ၂ ၾကိမ္ေလာက္ဟာ ဂိုးရႏုိင္တဲ့ အေျခအေန ျဖစ္ခဲ့ပါတယ္။

၂-၀ နဲ႔ ျပီးမယ္လို႔ ယူဆေနခ်ိန္မွာ မထင္မွတ္ဘဲ ေထာင့္ကန္ေဘာကေန ဖာမင္ႏို ပိတ္သြင္းျပီး သူသိပ္ရလိုေနတဲ့ သြင္းဂိုး ရသြားခဲ့ပါတယ္။ ဖာမင္ႏိုဟာ သူ႔တာဝန္ကို သူေက်ပြန္ေပမယ့္ ဂိုးသြင္းႏႈန္းနည္းျခင္းအေပး ေဝဖန္မႈေတြ ခံေနရသူပါ။ ဒါေၾကာင့္လည္း ဂိုးရျခင္းအေပၚ သူအေတာ္ေလး ေပ်ာ္ေနခဲ့တယ္။

၃ ဂိုးျပတ္ ဦးေဆာင္အျပီးမွာ မန္ေနဂ်ာကေလာ့ပ္က မာေနး၊ ဂ်ိဳတာေနရာမွာ အိုရီဂီ၊ မီနာမီႏိုတို႔ျဖင့္ လူစားလဲခဲ့ျပီး ပြဲကို ထိန္းကစားကာ ဇယားထိပ္က စပါးနဲ႔ ရမွတ္တူ အေနအထားကို ျပန္ယူခဲ့ျပီ ျဖစ္ပါတယ္။