လက်စတာကို အန်ဖီးကွင်းမှာ ၃-၀ အနိုင်ရတဲ့ပွဲအတွင်း ဒုတိယမြောက် သွင်းဂိုးကို ခြေစွာနေတဲ့ တိုက်စစ်သမား ဂျိုတာက ခေါင်းတိုက် သွင်းပြီး ရယူပေးပါတယ်။

ဂျိုတာဟာ အန်ဖီးကွင်းမှာ ဝင်ရောက်ကစားခွင့်ရတဲ့ လိဂ်ပွဲ ၄ ပွဲလုံးမှာ ဂိုးရယူထားနိုင်ပါပြီ။ ဒါဟာ လီဗာပူးအသင်းသမိုင်းမှာ ပထမဆုံး ၄ ပွဲအတွင်း ၄ ပွဲလုံး ဂိုးသွင်းနိုင်တဲ့ ပထမဆုံးသော ကစားသမားအဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။

ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုရှင် ဂျိုတာက ” ကမ္ဘာချန်ပီယံဖြစ်တဲ့ လီဗာပူးအတွက် ကစားရတာက အဓိပ္ပာယ် အများကြီး ရှိပါတယ်။ ပွဲတွေကို ဆက်ပြီး အနိုင်ရနေဖို့နဲ့ ကျနော်ကလည်း အခုလိုပဲ ဆက်ပြီး အရေးပါခွင့် ရနေဖို့ မျှော်လင့်ပါတယ်။

ကျနော်တို့ သိပ်ကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တာပါ။ အခွင့်အရေးတွေ ဖန်တီးတယ်၊ ခံစစ်ပိုင်းကိုလည်း သိပ်ကောင်းကောင်း ကူညီခဲ့ကြတယ်။ သိပ်ကောင်းတဲ့ ပွဲတစ်ပွဲအဖြစ်လည်း အဆုံးသတ်ခဲ့ပါတယ်။ လူစာရင်းတစ်ခုလုံး တူညီစွာ ခံစားနေကြပြီး အသင်းသားတိုင်းက အရေးပါပါတယ်။

ကျနော်တို့ကို အကူအညီဖြစ်စေဖို့ လူတိုင်းက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေမှာ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ ဒါက ရမှတ် ၃ မှတ်ပါ။ ဒါပေမယ့် ထိပ်ဆုံးရဲ့ အနီးကို ရောက်လာပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကျနေ်ာတို့ ဆက်လက် ယှဉ်ပြိုင်သွားပါမယ် ” လို့ ပွဲအပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အတ္တလန်တာပွဲမှာလည်း ဆာလက် ပါဝင်ကစားခွင့်ရမယ် မသေချာသေးတာကြောင့် ဂျိုတာဟာ ညာခြမ်းတိုက်စစ်ကနေ ပါဝင်ခွင့် ရလာဦးမယ်လို့ မျှော်လင့်နိုင်ပါတယ်။

ZAWGYI

လက္စတာကို အန္ဖီးကြင္းမွာ ၃-၀ အႏုိင္ရတဲ့ပြဲအတြင္း ဒုတိယေျမာက္ သြင္းဂိုးကို ေျခစြာေနတဲ့ တိုက္စစ္သမား ဂ်ိဳတာက ေခါင္းတိုက္ သြင္းျပီး ရယူေပးပါတယ္။

ဂ်ိဳတာဟာ အန္ဖီးကြင္းမွာ ဝင္ေရာက္ကစားခြင့္ရတဲ့ လိဂ္ပြဲ ၄ ပြဲလံုးမွာ ဂိုးရယူထားႏုိင္ပါျပီ။ ဒါဟာ လီဗာပူးအသင္းသမိုင္းမွာ ပထမဆံုး ၄ ပြဲအတြင္း ၄ ပြဲလံုး ဂိုးသြင္းႏုိင္တဲ့ ပထမဆံုးေသာ ကစားသမားအျဖစ္ မွတ္တမ္းဝင္ေစခဲ့ပါတယ္။

ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုရွင္ ဂ်ိဳတာက ” ကမၻာခ်န္ပီယံျဖစ္တဲ့ လီဗာပူးအတြက္ ကစားရတာက အဓိပၸာယ္ အမ်ားၾကီး ရွိပါတယ္။ ပြဲေတြကို ဆက္ျပီး အႏုိင္ရေနဖို႔နဲ႔ က်ေနာ္ကလည္း အခုလိုပဲ ဆက္ျပီး အေရးပါခြင့္ ရေနဖို႔ ေမွ်ာ္လင့္ပါတယ္။

က်ေနာ္တို႔ သိပ္ေကာင္းတဲ့ အလုပ္ကို လုပ္ခဲ့တာပါ။ အခြင့္အေရးေတြ ဖန္တီးတယ္၊ ခံစစ္ပိုင္းကိုလည္း သိပ္ေကာင္းေကာင္း ကူညီခဲ့ၾကတယ္။ သိပ္ေကာင္းတဲ့ ပြဲတစ္ပြဲအျဖစ္လည္း အဆံုးသတ္ခဲ့ပါတယ္။ လူစာရင္းတစ္ခုလံုး တူညီစြာ ခံစားေနၾကျပီး အသင္းသားတိုင္းက အေရးပါပါတယ္။

က်ေနာ္တို႔ကို အကူအညီျဖစ္ေစဖို႔ လူတိုင္းက ရုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ရာေတြမွာ အဆင္သင့္ျဖစ္ေနဖို႔ လိုပါတယ္။ ဒါက ရမွတ္ ၃ မွတ္ပါ။ ဒါေပမယ့္ ထိပ္ဆံုးရဲ႕ အနီးကို ေရာက္လာပါတယ္။ ဗုဒၶဟူးေန႔မွာ က်ေန္ာတို႔ ဆက္လက္ ယွဥ္ျပိဳင္သြားပါမယ္ ” လို႔ ပြဲအျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အတၱလန္တာပြဲမွာလည္း ဆာလက္ ပါဝင္ကစားခြင့္ရမယ္ မေသခ်ာေသးတာေၾကာင့္ ဂ်ိဳတာဟာ ညာျခမ္းတိုက္စစ္ကေန ပါဝင္ခြင့္ ရလာဦးမယ္လို႔ ေမွ်ာ္လင့္ႏုိင္ပါတယ္။