ဟန်ဒါဆန် မကစားနိုင်ချိန်မှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့ပြီး စွယ်စုံရ ကစားသမားဖြစ်ကြောင်း သက်သေထူခဲ့တဲ့ မီလ်နာက လက်စတာပွဲအပြီးမှာ စကားနည်းနည်း ပြောခဲ့ပါတယ်

မီလ်နာက စကိုင်းစပေါ့ကို ပြောရာမှာ ” ပထမပိုင်းကတော့ သိပ်ကောင်းပါတယ်။ ဒုတိယပိုင်းကတော့ ကောင်းသင့်သလောက် မကောင်းပါဘူး။ နိုင်ငံတကာပွဲတွေနဲ့အတူ ကောင်လေးတွေရဲ့ ခြေထောက်က မိုင်ပေါင်း အများကြီး အလုပ်လုပ်ထားရတယ်။ ကျနော်တို့ ဘောလုံးကို အကောင်းဆုံး ထိန်းထားနိုင်ပြီး ပွဲကို အကောင်းဆုံး ကစားခဲ့ပါတယ်။ ” လို့ဖြစ်တယ်။

ပွဲရဲ့ အဆုံးသတ်ဂိုးကို သွင်းယူခဲ့သူက ဖာမင်နိုဖြစ်ပြီး သူဟာ အတော်လေး ကြိုးစားပေမယ့် ဂိုးရဖို့ကတော့ ခက်ခဲနေခဲ့တာပါ။ ဘော်ဘီ ဂိုးရချိန်မှာတော့ အသင်းဖော်တွေကလည်း ဝိုင်းကူ ပျော်ပေးနေခဲ့တယ်။

နံပါတ် ၉ နဲ့ ပက်သက်ပြီး မီလ်နာကပဲ ” ဘော်ဘီကတော့ ကမ္ဘာပေါ်မှာ ကံအဆိုးဆုံး လူသားအဖြစ် မိနစ် ၈၀ လောက် ရှင်သန်ခဲ့ရတယ်။ သူ ဂိုးရဖို့ ထိုက်တန်ပါတယ်။ သူက သိပ်ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။

ကျနော်လည်းပဲ တတ်နိုင်သလောက် ပွဲတွေ အများကြီး ကစားခွင့် ရလိုပါတယ်။ ဒီကနေ့မှာ ပွဲတိုင်းကို ပါဝင်ကစားခွင့်ရဖို့က မလွယ်ဘူးဆိုတာကို ကျနော် သိပါတယ်။ နိုင်ငံတကာ သီတင်းပတ်ကနေ ပြန်လာပြီး ရစ်သမ်မိဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် နောက်ပွဲကျမှ အတွဲမိအောင် စောင့်ဖို့ဆိုတာကလည်း ခက်ခဲတယ်။

ပရိသတ်တွေ ဝင်ရောက် အားပေးခွင့် မရပေမယ့် အိမ်ကွင်း နိုင်ပွဲဆက်မှုကို ဆက်ထိန်းသိမ်းနိုင်ခဲ့တာက သိပ်ကောင်းပါတယ်။ သူတို့ ပြန်လာနိုင်တဲ့ အခြေအနေထိ ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဟန္ဒါဆန္ မကစားႏုိင္ခ်ိန္မွာ အသင္းေခါင္းေဆာင္အျဖစ္ ပါဝင္ကစားခဲ့ျပီး စြယ္စံုရ ကစားသမားျဖစ္ေၾကာင္း သက္ေသထူခဲ့တဲ့ မီလ္နာက လက္စတာပြဲအျပီးမွာ စကားနည္းနည္း ေျပာခဲ့ပါတယ္

မီလ္နာက စကိုင္းစေပါ့ကို ေျပာရာမွာ ” ပထမပိုင္းကေတာ့ သိပ္ေကာင္းပါတယ္။ ဒုတိယပိုင္းကေတာ့ ေကာင္းသင့္သေလာက္ မေကာင္းပါဘူး။ ႏုိင္ငံတကာပြဲေတြနဲ႔အတူ ေကာင္ေလးေတြရဲ႕ ေျခေထာက္က မိုင္ေပါင္း အမ်ားၾကီး အလုပ္လုပ္ထားရတယ္။ က်ေနာ္တို႔ ေဘာလံုးကို အေကာင္းဆံုး ထိန္းထားႏုိင္ျပီး ပြဲကို အေကာင္းဆံုး ကစားခဲ့ပါတယ္။ ” လို႔ျဖစ္တယ္။

ပြဲရဲ႕ အဆံုးသတ္ဂိုးကို သြင္းယူခဲ့သူက ဖာမင္ႏိုျဖစ္ျပီး သူဟာ အေတာ္ေလး ၾကိဳးစားေပမယ့္ ဂိုးရဖို႔ကေတာ့ ခက္ခဲေနခဲ့တာပါ။ ေဘာ္ဘီ ဂိုးရခ်ိန္မွာေတာ့ အသင္းေဖာ္ေတြကလည္း ဝိုင္းကူ ေပ်ာ္ေပးေနခဲ့တယ္။

နံပါတ္ ၉ နဲ႔ ပက္သက္ျပီး မီလ္နာကပဲ ” ေဘာ္ဘီကေတာ့ ကမၻာေပၚမွာ ကံအဆိုးဆံုး လူသားအျဖစ္ မိနစ္ ၈၀ ေလာက္ ရွင္သန္ခဲ့ရတယ္။ သူ ဂိုးရဖို႔ ထိုက္တန္ပါတယ္။ သူက သိပ္ေကာင္းတဲ့ ကစားသမားျဖစ္ပါတယ္။

က်ေနာ္လည္းပဲ တတ္ႏုိင္သေလာက္ ပြဲေတြ အမ်ားၾကီး ကစားခြင့္ ရလိုပါတယ္။ ဒီကေန႔မွာ ပြဲတိုင္းကို ပါဝင္ကစားခြင့္ရဖို႔က မလြယ္ဘူးဆိုတာကို က်ေနာ္ သိပါတယ္။ ႏုိင္ငံတကာ သီတင္းပတ္ကေန ျပန္လာျပီး ရစ္သမ္မိဖို႔ဆိုတာ ခက္ခဲပါတယ္။ ဒါေပမယ့္ ေနာက္ပြဲက်မွ အတြဲမိေအာင္ ေစာင့္ဖို႔ဆိုတာကလည္း ခက္ခဲတယ္။

ပရိသတ္ေတြ ဝင္ေရာက္ အားေပးခြင့္ မရေပမယ့္ အိမ္ကြင္း ႏုိင္ပြဲဆက္မႈကို ဆက္ထိန္းသိမ္းႏုိင္ခဲ့တာက သိပ္ေကာင္းပါတယ္။ သူတို႔ ျပန္လာႏုိင္တဲ့ အေျခအေနထိ ဆက္ထိန္းထားႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။