လက်စတာကို အန်ဖီးကွင်းမှာ အနိုင်ယူခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း အိမ်ကွင်း ရံှူးပွဲမရှိတာဟာ ၆၄ ပွဲထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ကလပ်သမိုင်းမှာ အမြင့်ဆုံးနဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယအမြင့်ဆုံး စံချိန်လည်း ဖြစ်ပါတယ်။

လီဗာပူးရဲ့ အန်ဖီးကွင်းဟာ အင်္ဂလန်ရဲ့ ကြောက်စရာအကောင်းဆုံး ကွင်းဖြစ်လာခဲ့ကာ The Kop တွေကို အိမ်ကွင်းမှာ သရေတစ်မှတ် ရယူဖို့တောင် မလွယ်လှပါဘူး။ အန်ဖီးကွင်း ရံှူးပွဲအကြောင်း ပြောမယ်ဆိုရင် ပြောစရာပွဲ နည်းပါးလွန်းတာကြောင့် လူတိုင်းဟာ အက်သလက်တီကိုနဲ့ ပွဲတစ်ပွဲတည်း မှတ်မိကြတဲ့ထိကို လီဗာပူးရဲ့ အိမ်ကွင်းရံှူးပွဲက နည်းပါးလွန်းပါတယ်။

အိမ်ကွင်း ရလဒ်ကောင်းခြင်းဟာ ဒီနှစ်တွေအတွင်း လီဗာပူးအသင်း ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ် အောင်မြင်ခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်တယ်။ အန်ဖီးကွင်းဟာ ပရိသတ် ရှိစဉ်မှာကော မရှိချိန်မှာပါ ပြိုင်ဘက်တွေ ကစားရခက်တဲ့ ကွင်းအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

လီဗာပူးရဲ့ အိမ်ကွင်းမှတ်တမ်းနဲ့ ပက်သက်လို့ လက်စတာမန်နေဂျာ ရော်ဂျာက ” ကျနော်ရဲ့ ကစားသမားတွေက အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ၂၀၁၇ လောက်တည်းက လီဗာပူးက မယုံနိုင်လောက်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတာပါ။ အဲ့တာက သူတို့ရဲ့ လူစာရင်းက သိပ်သည်းအားကောင်းတယ်ဆိုတာကို ပြသပါတယ်။ သူတို့မှာ သိပ်ကောင်းတဲ့ လူစာရင်း ရှိပါတယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။

မန်နေဂျာကလော့ပ်ကတော့ ” ကျနော်တို့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝတွေ အပြီးမှာ ဒီအကြောင်းကို ပြန်စဉ်းစားကြမှာပါ။ စံချိန်တွေကို စိုက်ထူတာက သိပ်ကို သိမ်မွေ့တဲ့ အလုပ်ပါ။ ဒီတေ့ာ စံချိန်တွေကို ပိုင်ဆိုင်တာက သိပ်ကောင်းပါတယ် ဒါပေမယ့် အခုချိန်မှာတော့ သိပ်ကောင်းတယ်လို့ မခံစားရပါဘူး ” လို့ တုန့်ပြန်ခဲ့တယ်။

လီဗာပူးဟာ လက်စတာကို အနိုင်ရလိုက်တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးက စပါးနဲ့ ရမှတ်တူ အနေအထားကို ပြန်ရောက်လာခဲ့ပြီး ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

လက္စတာကို အန္ဖီးကြင္းမွာ အႏုိင္ယူခဲ့တာေၾကာင့္ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ျပိဳင္ပြဲအတြင္း အိမ္ကြင္း ရံွဴးပြဲမရွိတာဟာ ၆၄ ပြဲထိ ရွိလာခဲ့ျပီျဖစ္ပါတယ္။ ဒါဟာ ကလပ္သမိုင္းမွာ အျမင့္ဆံုးနဲ႔ ပရီးမီးယားလိဂ္သမိုင္းမွာ ဒုတိယအျမင့္ဆံုး စံခ်ိန္လည္း ျဖစ္ပါတယ္။

လီဗာပူးရဲ႕ အန္ဖီးကြင္းဟာ အဂၤလန္ရဲ႕ ေၾကာက္စရာအေကာင္းဆံုး ကြင္းျဖစ္လာခဲ့ကာ The Kop ေတြကို အိမ္ကြင္းမွာ သေရတစ္မွတ္ ရယူဖို႔ေတာင္ မလြယ္လွပါဘူး။ အန္ဖီးကြင္း ရံွဴးပြဲအေၾကာင္း ေျပာမယ္ဆိုရင္ ေျပာစရာပြဲ နည္းပါးလြန္းတာေၾကာင့္ လူတိုင္းဟာ အက္သလက္တီကိုနဲ႔ ပြဲတစ္ပြဲတည္း မွတ္မိၾကတဲ့ထိကို လီဗာပူးရဲ႕ အိမ္ကြင္းရံွဴးပြဲက နည္းပါးလြန္းပါတယ္။

အိမ္ကြင္း ရလဒ္ေကာင္းျခင္းဟာ ဒီႏွစ္ေတြအတြင္း လီဗာပူးအသင္း ပရီးမီးယားလိဂ္ဆုဖလားကို စိန္ေခၚ ေအာင္ျမင္ျခင္းရဲ႕ အဓိက အေၾကာင္းရင္းျဖစ္တယ္။ အန္ဖီးကြင္းဟာ ပရိသတ္ ရွိစဥ္မွာေကာ မရွိခ်ိန္မွာပါ ျပိဳင္ဘက္ေတြ ကစားရခက္တဲ့ ကြင္းအျဖစ္ ဆက္ရွိေနဆဲ ျဖစ္ပါတယ္။

လီဗာပူးရဲ႕ အိမ္ကြင္းမွတ္တမ္းနဲ႔ ပက္သက္လို႔ လက္စတာမန္ေနဂ်ာ ေရာ္ဂ်ာက ” က်ေနာ္ရဲ႕ ကစားသမားေတြက အစြမ္းကုန္ ၾကိဳးစားခဲ့ပါတယ္။ ၂၀၁၇ ေလာက္တည္းက လီဗာပူးက မယံုႏုိင္ေလာက္တဲ့ မွတ္တမ္းကို ပိုင္ဆိုင္ထားတာပါ။ အဲ့တာက သူတို႔ရဲ႕ လူစာရင္းက သိပ္သည္းအားေကာင္းတယ္ဆိုတာကို ျပသပါတယ္။ သူတို႔မွာ သိပ္ေကာင္းတဲ့ လူစာရင္း ရွိပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တယ္။

မန္ေနဂ်ာကေလာ့ပ္ကေတာ့ ” က်ေနာ္တို႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ ဘဝေတြ အျပီးမွာ ဒီအေၾကာင္းကို ျပန္စဥ္းစားၾကမွာပါ။ စံခ်ိန္ေတြကို စိုက္ထူတာက သိပ္ကို သိမ္ေမြ႔တဲ့ အလုပ္ပါ။ ဒီေတ့ာ စံခ်ိန္ေတြကို ပိုင္ဆိုင္တာက သိပ္ေကာင္းပါတယ္ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ သိပ္ေကာင္းတယ္လို႔ မခံစားရပါဘူး ” လို႔ တုန္႔ျပန္ခဲ့တယ္။

လီဗာပူးဟာ လက္စတာကို အႏုိင္ရလိုက္တာေၾကာင့္ အမွတ္ေပးဇယား ထိပ္ဆံုးက စပါးနဲ႔ ရမွတ္တူ အေနအထားကို ျပန္ေရာက္လာခဲ့ျပီး ဂိုးကြာျခားခ်က္ျဖင့္ ဒုတိယေနရာမွာ ရွိေနတာ ျဖစ္ပါတယ္။