လက်စတာနဲ့ပွဲ အပြီးမှာ မန်နေဂျာကလော့ပ်က ပွဲချိန်တွင်း ဒဏ်ရာရသွားတ့ ကိတ်တာနဲ့ ပွဲမတိုင်ခင် ဒဏ်ရာကြောင့် မပါနိုင်ခဲ့တဲ့ ရှာကွီရီ၊ ကိုဗစ် ကူးစက်ခံထားရတဲ့ ဆာလက်တို့အကြောင်းကို ပြောပြသွားပါတယ်။

မန်နေဂျာကလော့ပ်က ကွင်းလယ်လူနဲ့ ပက်သက်လို့ “ ကိတ်တာက တံကောက်ကြောမှာ ခံစားခဲ့ရပြီး ဆက်မကစားနိုင်တော့ဘူး။ အခြားတနည်းနဲ့ ပြောရရင် သူက ကွင်းထဲမှာ ဆက်ပြီး ရှိမနေနိုင်ခဲ့ပါဘူး ” လို့ ပွဲအပြီးမှာ ပြောပြခဲ့ပါတယ်။

ပွဲထွက်လူစာရင်းမှာ ရှာကွီရီ မပါခဲ့သလို အရန်လူစာရင်းမှာလည်း သူ့ကို မမြင်ခဲ့ရဘူး။ ပွဲအပြီးမှာတော့ ကလော့ပ်က ရှာကွီရီဟာ လက်ရွေးစင်အသင်းကနေ ပြန်လာခဲ့ချိန်မှာ ကြွက်သားဒဏ်ရာ ရနေခြင်းဖြစ်တယ်လို့ ပြောပါတယ်။

“ ရှာကွီရီက လက်ရွေးစင်အသင်းကနေ ကြွက်သားဒဏ်ရာရလာခဲ့တယ်။ သူကိုယ်တိုင်တောင် မသိခဲ့ပါဘူး။ အခု သူ ကျနေ်ာတို့နဲ့ လေ့ကျင့်နေတယ်။ သူ့ကို တစ်ရက် အနားပေးထားတယ်။ အဲ့နောက် သူပြန်လာပြီး လေ့ကျင့်ရေးတွေမှာ ပါဝင်ခဲ့တယ်။ ဒါပေမယ့် အပြည့်အဝ ပြန်လည် ပါဝင်လာနိုင်ခဲ့ခြင်း မရှိပါဘူး။

သူနည်းနည်း လေ့ကျင့်ခဲ့ပြီး နာကျင်မှု နည်းနည်း ခံစားရတယ်။ အဲ့နောက် ကျနေ်ာတို့ စကန်ဖတ်ခဲ့ရာမှာ သူဟာ လွန်ခဲ့တဲ့ ၅ ရက်၊ ၆ ရက်တည်းက ဒဏ်ရာရှိနေတယ်ဆိုတာကို သိခဲ့ပါတယ်။ ဘယ်သူမှလည်း မသိဘူး သူကိုယ်တိုင်လည်း မသိပါဘူး ” လို့ ကလော့ပ်က ရှင်းပြပါတယ်။

တနင်္ဂနွေနေ့က စစ်ဆေးမှုမှာ ဆာလက်ဟာ ကိုဗစ်ပိုးမရှိဘူးဆိုတဲ့ ရလဒ် ထွက်ခဲ့တာကြောင့် အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဝင်တော့မှာပါ။ ဆာလက်ဟာ အတ္တလန်တာနဲ့ပွဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

“ ဒါက ကျနော် ကြားထားတာပါ။ ဒီနေ့မှာတော့ ရလဒ်က negative ဖြစ်ပါတယ်။ သူက ပုံမှန်အတိုင်း စစ်ဆေးခံနေပြီး မနက်ဖြန်မှာတော့ ယူအီးအက်ဖ်အေရဲ့ စစ်ဆေးမှုကို ခံယူပါမယ်။ အဲ့မှာလည်း ရလဒ်ကောင်းထွက်မယ် မှန်းထားပါတယ်။

တနင်္လာနေ့မှာ ကျနေ်ာတို့နဲ့ လေ့ကျင့်နိုင်ပါပြီ။ လာမယ့် ၂ ရက်အတွင်း စစ်ဆေးမှု ၂ ကြိမ်ရှိမယ်။ ကျနော်တို့ အသင်းသားတွေ အားလုံးနည်းတူ သူကလည်း စစ်ဆေးမှု ခံယူပါလိမ့်မယ် ” လို့ ကလော့ပ်က ပြောဆိုသွားပါတယ်။

ZAWGYI

လက္စတာနဲ႔ပြဲ အျပီးမွာ မန္ေနဂ်ာကေလာ့ပ္က ပြဲခ်ိန္တြင္း ဒဏ္ရာရသြားတ့ ကိတ္တာနဲ႔ ပြဲမတိုင္ခင္ ဒဏ္ရာေၾကာင့္ မပါႏုိင္ခဲ့တဲ့ ရွာကီြရီ၊ ကိုဗစ္ ကူးစက္ခံထားရတဲ့ ဆာလက္တို႔အေၾကာင္းကို ေျပာျပသြားပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ကြင္းလယ္လူနဲ႔ ပက္သက္လို႔ “ ကိတ္တာက တံေကာက္ေၾကာမွာ ခံစားခဲ့ရျပီး ဆက္မကစားႏုိင္ေတာ့ဘူး။ အျခားတနည္းနဲ႔ ေျပာရရင္ သူက ကြင္းထဲမွာ ဆက္ျပီး ရွိမေနႏုိင္ခဲ့ပါဘူး ” လို႔ ပြဲအျပီးမွာ ေျပာျပခဲ့ပါတယ္။

ပြဲထြက္လူစာရင္းမွာ ရွာကီြရီ မပါခဲ့သလို အရန္လူစာရင္းမွာလည္း သူ႔ကို မျမင္ခဲ့ရဘူး။ ပြဲအျပီးမွာေတာ့ ကေလာ့ပ္က ရွာကီြရီဟာ လက္ေရြးစင္အသင္းကေန ျပန္လာခဲ့ခ်ိန္မွာ ၾကြက္သားဒဏ္ရာ ရေနျခင္းျဖစ္တယ္လို႔ ေျပာပါတယ္။

“ ရွာကီြရီက လက္ေရြးစင္အသင္းကေန ၾကြက္သားဒဏ္ရာရလာခဲ့တယ္။ သူကိုယ္တိုင္ေတာင္ မသိခဲ့ပါဘူး။ အခု သူ က်ေန္ာတို႔နဲ႔ ေလ့က်င့္ေနတယ္။ သူ႔ကို တစ္ရက္ အနားေပးထားတယ္။ အဲ့ေနာက္ သူျပန္လာျပီး ေလ့က်င့္ေရးေတြမွာ ပါဝင္ခဲ့တယ္။ ဒါေပမယ့္ အျပည့္အဝ ျပန္လည္ ပါဝင္လာႏုိင္ခဲ့ျခင္း မရွိပါဘူး။

သူနည္းနည္း ေလ့က်င့္ခဲ့ျပီး နာက်င္မႈ နည္းနည္း ခံစားရတယ္။ အဲ့ေနာက္ က်ေန္ာတို႔ စကန္ဖတ္ခဲ့ရာမွာ သူဟာ လြန္ခဲ့တဲ့ ၅ ရက္၊ ၆ ရက္တည္းက ဒဏ္ရာရွိေနတယ္ဆိုတာကို သိခဲ့ပါတယ္။ ဘယ္သူမွလည္း မသိဘူး သူကိုယ္တုိင္လည္း မသိပါဘူး ” လို႔ ကေလာ့ပ္က ရွင္းျပပါတယ္။

တနဂၤေႏြေန႔က စစ္ေဆးမႈမွာ ဆာလက္ဟာ ကိုဗစ္ပိုးမရွိဘူးဆိုတဲ့ ရလဒ္ ထြက္ခဲ့တာေၾကာင့္ အသင္းနဲ႔ ေလ့က်င့္ေရး ျပန္ဝင္ေတာ့မွာပါ။ ဆာလက္ဟာ အတၱလန္တာနဲ႔ပြဲမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။

“ ဒါက က်ေနာ္ ၾကားထားတာပါ။ ဒီေန႔မွာေတာ့ ရလဒ္က negative ျဖစ္ပါတယ္။ သူက ပံုမွန္အတိုင္း စစ္ေဆးခံေနျပီး မနက္ျဖန္မွာေတာ့ ယူအီးအက္ဖ္ေအရဲ႕ စစ္ေဆးမႈကို ခံယူပါမယ္။ အဲ့မွာလည္း ရလဒ္ေကာင္းထြက္မယ္ မွန္းထားပါတယ္။

တနလၤာေန႔မွာ က်ေန္ာတုိ႔နဲ႔ ေလ့က်င့္ႏုိင္ပါျပီ။ လာမယ့္ ၂ ရက္အတြင္း စစ္ေဆးမႈ ၂ ၾကိမ္ရွိမယ္။ က်ေနာ္တို႔ အသင္းသားေတြ အားလံုးနည္းတူ သူကလည္း စစ္ေဆးမႈ ခံယူပါလိမ့္မယ္ ” လို႔ ကေလာ့ပ္က ေျပာဆိုသြားပါတယ္။