လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဗြိတိန် ရုပ်သံဌာနတွေကို တိုက်ရိုက် ဝေဖန်ခဲ့ပြီး ဒီအတိုင်း ဆက်ကစားစေရင် ရာသီသိမ်းပွဲအတွက် ပွဲထွက် ၁၁ ယောက်တောင် ကျန်မှာ မဟုတ်ဘူးလို့ ပြင်းပြင်းထန်ထန် ပြောဆိုပါတယ်။

ကိုဗစ်ကပ်ဘေးမှာ ဘောလုံးအသင်းတွေဟာ ရုပ်သံဝင်ငွေတွေကို အားကိုးနေရတာပါ။ ကွင်းဝင်ကြေးတွေ လုံးဝမရတဲ့ အနေအထားမှာ များပြားတဲ့ ရုပ်သံဝင်ငွေတွေကပဲ ကလပ်တွေရဲ့ ထွက်ပေါက်ဖြစ်တယ်။ ဒီအနေအထားမှာ ရုပ်သံဌာနတွေရဲ့ လွှမ်းမိုးမှုပါတဲ့ ပွဲစဉ်ဇယား ပုံစံတွေက ဒဏ်ရာရ ကစားသမားတွေကို ပိုမို မြင့်တက်လာစေပါတယ်။

ကလော့ပ်က ” ကျနော် ပြောနေတာက ကျနေ်ာတို့အတွက်ရယ်လို့ ဘယ်တော့မှ မဟုတ်ခဲ့ပါဘူး။ ကစားသမားတွေ အားလုံးအတွက် ပြောနေတာပါ။ ဒါကို မင်းတို့ (ရုပ်သံလွှင့်ဌာန) နဲ့ ပြောနေချိန်မှာမှ မပြောရင် အားလုံး ပြီးသွားလိမ့်မယ်။

မင်းတို့ ရုပ်သံတွေကို ပြောဖို့လိုတယ်။ ဒီအတိုင်းပဲ ဗုဒ္ဓဟူးနေ့မှာ ဘောလုံးကစားပြီး စနေနေ့ အစောပိုင်းမှာ ဆက်ကစားရမယ်ဆိုရင် ရာသီကုန်မှာ ကစားသမား ၁၁ ယောက်တောင် ရှိတော့မှာ မဟုတ်ဘူး။ မင်းတို့ ရုပ်သံတွေက အဲ့တာကို ဂရုမစိုက်ဘူးဆိုတာလည်း ကျနေ်ာသိတယ်။ အဲ့တာက ပြဿနာပါပဲ။ အချိန်အကြာကြီး ဆွေးနွေးလာခဲ့ပေမယ့် ဘာတစ်ခုမှ ဖြစ်မလာဘူး။

လီဗာပူးအတွက် ပြောနေတာ မဟုတ်ဘူး။ ဘောလုံးသမားတွေအတွက် ပြောနေတာဖြစ်တယ်။ မနေ့တုန်းက ပီကေး ဒူးဒဏ်ရာရသွားတယ်၊ ဒီနေ့ ဆာကာ ဒူးဒဏ်ရာပဲ ထင်ပါတယ် ရသွားပြန်တယ်။ သူက နိုင်ငံတကာသီတင်းပတ်မှာ အင်္ဂလန်အတွက် ၃ ပွဲ ကစားထားတာ ဖြစ်ပါတယ်။

လူတွေက ကလပ်မန်နေဂျာတွေကို လူစာရင်းတွေက အလှည့်ကျသုံးလို့ ရတာပဲလို့ ပြောကြတယ်။ ဘယ်သူ့ကို သွားသုံးရမှာလဲ? တိုက်စစ်သမားတွေ ရှိနေသေးပြီး ကျန်ကစားသမားတွေက ကလေးတွေပါ။ ပွဲစဉ်ဇယားတွေက ရုပ်သံပြဿနာပါ။ ဗုဒ္ဓဟူးနေ့မှာ အတ္တလန်တာနဲ့ ယှဉ်ပြိုင်ပြီး စနေနေ့မှာ ဘရိုက်တန်နဲ့ ပြိုင်ရမယ်။ ဒါတွေအတွက် ငါပြောနေတာဖြစ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

အဲ့နောက်ပိုင်းမှာ ကလော့ပ်က စကိုင်းနဲ့ အင်တာဗျူး ဆက်လုပ်ခဲ့ပြီး ဒေါသထွက်နေတာကြောင့် ခပ်ကြမ်းကြမ်း စကားတွေကို ပြတ်ပြတ်သားသား ထုတ်ပြောခဲ့သေးတယ်။ အချို့စကာားလုံးတွေက ဆင်ဆာကြောင့် စကိုင်းက ဖြတ်တောက်ခဲ့ရတယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ျဗိတိန္ ရုပ္သံဌာနေတြကို တိုက္ရိုက္ ေဝဖန္ခဲ့ျပီး ဒီအတိုင္း ဆက္ကစားေစရင္ ရာသီသိမ္းပြဲအတြက္ ပြဲထြက္ ၁၁ ေယာက္ေတာင္ က်န္မွာ မဟုတ္ဘူးလို႔ ျပင္းျပင္းထန္ထန္ ေျပာဆိုပါတယ္။

ကိုဗစ္ကပ္ေဘးမွာ ေဘာလံုးအသင္းေတြဟာ ရုပ္သံဝင္ေငြေတြကို အားကိုးေနရတာပါ။ ကြင္းဝင္ေၾကးေတြ လံုးဝမရတဲ့ အေနအထားမွာ မ်ားျပားတဲ့ ရုပ္သံဝင္ေငြေတြကပဲ ကလပ္ေတြရဲ႕ ထြက္ေပါက္ျဖစ္တယ္။ ဒီအေနအထားမွာ ရုပ္သံဌာနေတြရဲ႕ လႊမ္းမိုးမႈပါတဲ့ ပြဲစဥ္ဇယား ပံုစံေတြက ဒဏ္ရာရ ကစားသမားေတြကို ပိုမို ျမင့္တက္လာေစပါတယ္။

ကေလာ့ပ္က ” က်ေနာ္ ေျပာေနတာက က်ေန္ာတို႔အတြက္ရယ္လို႔ ဘယ္ေတာ့မွ မဟုတ္ခဲ့ပါဘူး။ ကစားသမားေတြ အားလံုးအတြက္ ေျပာေနတာပါ။ ဒါကို မင္းတို႔ (ရုပ္သံလႊင့္ဌာန) နဲ႔ ေျပာေနခ်ိန္မွာမွ မေျပာရင္ အားလံုး ျပီးသြားလိမ့္မယ္။

မင္းတို႔ ရုပ္သံေတြကို ေျပာဖို႔လိုတယ္။ ဒီအတိုင္းပဲ ဗုဒၶဟူးေန႔မွာ ေဘာလံုးကစားျပီး စေနေန႔ အေစာပိုင္းမွာ ဆက္ကစားရမယ္ဆိုရင္ ရာသီကုန္မွာ ကစားသမား ၁၁ ေယာက္ေတာင္ ရွိေတာ့မွာ မဟုတ္ဘူး။ မင္းတို႔ ရုပ္သံေတြက အဲ့တာကို ဂရဳမစိုက္ဘူးဆိုတာလည္း က်ေန္ာသိတယ္။ အဲ့တာက ျပႆနာပါပဲ။ အခ်ိန္အၾကာၾကီး ေဆြးေႏြးလာခဲ့ေပမယ့္ ဘာတစ္ခုမွ ျဖစ္မလာဘူး။

လီဗာပူးအတြက္ ေျပာေနတာ မဟုတ္ဘူး။ ေဘာလံုးသမားေတြအတြက္ ေျပာေနတာျဖစ္တယ္။ မေန႔တုန္းက ပီေကး ဒူးဒဏ္ရာရသြားတယ္၊ ဒီေန႔ ဆာကာ ဒူးဒဏ္ရာပဲ ထင္ပါတယ္ ရသြားျပန္တယ္။ သူက ႏုိင္ငံတကာသီတင္းပတ္မွာ အဂၤလန္အတြက္ ၃ ပြဲ ကစားထားတာ ျဖစ္ပါတယ္။

လူေတြက ကလပ္မန္ေနဂ်ာေတြကို လူစာရင္းေတြက အလွည့္က်သံုးလို႔ ရတာပဲလို႔ ေျပာၾကတယ္။ ဘယ္သူ႔ကို သြားသံုးရမွာလဲ? တိုက္စစ္သမားေတြ ရွိေနေသးျပီး က်န္ကစားသမားေတြက ကေလးေတြပါ။ ပြဲစဥ္ဇယားေတြက ရုပ္သံျပႆနာပါ။ ဗုဒၶဟူးေန႔မွာ အတၱလန္တာနဲ႔ ယွဥ္ျပိဳင္ျပီး စေနေန႔မွာ ဘရိုက္တန္နဲ႔ ျပိဳင္ရမယ္။ ဒါေတြအတြက္ ငါေျပာေနတာျဖစ္ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

အဲ့ေနာက္ပိုင္းမွာ ကေလာ့ပ္က စကိုင္းနဲ႔ အင္တာဗ်ဴး ဆက္လုပ္ခဲ့ျပီး ေဒါသထြက္ေနတာေၾကာင့္ ခပ္ၾကမ္းၾကမ္း စကားေတြကို ျပတ္ျပတ္သားသား ထုတ္ေျပာခဲ့ေသးတယ္။ အခ်ို႔စကာားလံုးေတြက ဆင္ဆာေၾကာင့္ စကိုင္းက ျဖတ္ေတာက္ခဲ့ရတယ္လို႔ သိရပါတယ္။