တနင်္ဂနွေနေ့က လက်စတာပွဲကြို ကိုဗစ်စစ်ဆေးမှုအတွင်း ဆာလက်ရဲ့ ရလဒ်ဟာ negative ဖြစ်တာကြောင့် ကြားရက် အတ္တလန်တာပွဲကို ပြန်ပါလာဖို့ ရှိနေကြောင်း The Athletic က ဖော်ပြပါတယ်။

အီဂျစ်သားဟာ လက်စတာကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲကို လွဲချော်ခဲ့ပေမယ့် တနင်္လာနေ့ လေ့ကျင့်ရေးမှာ ပြန်ပါလာမယ်လို့ မန်နေဂျာ ယာဂင်ကလော့ပ်က အတည်ပြုပါတယ်။

ဘာတွေဖြစ်ခဲ့လဲ

ဆာလက်ဟာ နိုင်ငံတကာသီတင်းပတ်အတွင်း အီဂျစ်ကို ပြန်ရာမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ သူဟာ ညီကိုဖြစ်သူရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့တာပါ။ ပုံမှန်စစ်ဆေးမှုတွေကို ဆက်လက် ခံယူရာမှာ positive ရလဒ် ရှိနေပေမယ့် သောကြာနေ့မှာပဲ အင်္ဂလန်ကို သီးသန့်လေယာဉ်ဖြင့် ပြန်လာခဲ့ပြီး ကုသမှု ခံယူခဲ့ပါတယ်။

ဘာလို့ ကစားလို့ရနိုင်တော့မှာလဲ

တနင်္ဂနွေနေ့က စစ်ဆေးမှုရလဒ်က negative ဖြစ်ပါတယ်။ ဒါကြောင့် တနင်္လာနေ့ လေ့ကျင့်ရေးကို ပြန်ဝင်ခွင့်ရတာပါ။

အတ္တလန်တာနဲ့ပွဲမှာ ပါနိုင်မလား

ပါရင်ပါမယ် မပါတာလည်း ဖြစ်နိုင်တယ်။ မန်နေဂျာရဲ့ သဘောဖြစ်ပြီး ချန်ပီယံလိဂ်အတွက် သူ့ကိုတော့ သုံးခွင့်ရှိပါတယ်။ သို့ပေမယ့်လို့ အားလုံးသော ကစားသမားတွေလိုပဲ အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲ မတိုင်ခင်မှာ ဆာလက်ဟာ စစ်ဆေးမှု ၂ ကြိမ် လုပ်ရမှာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေရဲ့ စစ်ဆေးမှုလည်း ပါဝင်ပါမယ်။

အဆိုပါ စစ်ဆေးမှုမှာ positive တွေ့ရင်တော့ သူပါဝင်ရမှာ မဟုတ်ပါဘူး။

လီဗာပူးအတွက် သက်ရောက်မှုရှိမလား

သိပ်ကို သက်ရောက်မှုရှိပါတယ်။ ဗန်ဒိုက်၊ ဂိုးမက်စ်၊ ထရန့်တို့ကို လက်လွတ်ထားရတဲ့ လီဗာပူးဟာ ကိတ်တာကိုလည်း တံကောက်ကြောကြောင့် ထပ်မံ လက်လွတ်ရပြန်ပါပြီ။ ဒါ့ပြင် ရှာကွီရီကလည်း ကြွက်သား ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မယ့် အခြေအနေ မရှိသေးပါဘူး။ ဆာလက် ပြန်ကစားနိုင်တာက လီဗာပူးအတွက် ကြီးမားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ZAWGYI

တနဂၤေႏြေန႔က လက္စတာပြဲၾကိဳ ကိုဗစ္စစ္ေဆးမႈအတြင္း ဆာလက္ရဲ႕ ရလဒ္ဟာ negative ျဖစ္တာေၾကာင့္ ၾကားရက္ အတၱလန္တာပြဲကို ျပန္ပါလာဖို႔ ရွိေနေၾကာင္း The Athletic က ေဖာ္ျပပါတယ္။

အီဂ်စ္သားဟာ လက္စတာကို ၃-၀ နဲ႔ အႏုိင္ရတဲ့ပြဲကို လြဲေခ်ာ္ခဲ့ေပမယ့္ တနလၤာေန႔ ေလ့က်င့္ေရးမွာ ျပန္ပါလာမယ္လို႔ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အတည္ျပဳပါတယ္။

ဘာေတြျဖစ္ခဲ့လဲ

ဆာလက္ဟာ ႏုိင္ငံတကာသီတင္းပတ္အတြင္း အီဂ်စ္ကို ျပန္ရာမွာ ကိုဗစ္-၁၉ ကူးစက္ခံထားရေၾကာင္း ရလဒ္ ထြက္ေပၚခဲ့ပါတယ္။ သူဟာ ညီကိုျဖစ္သူရဲ႕ မဂၤလာေဆာင္ကို တက္ေရာက္ခဲ့တာပါ။ ပံုမွန္စစ္ေဆးမႈေတြကို ဆက္လက္ ခံယူရာမွာ positive ရလဒ္ ရွိေနေပမယ့္ ေသာၾကာေန႔မွာပဲ အဂၤလန္ကို သီးသန္႔ေလယာဥ္ျဖင့္ ျပန္လာခဲ့ျပီး ကုသမႈ ခံယူခဲ့ပါတယ္။

ဘာလို႔ ကစားလို႔ရႏုိင္ေတာ့မွာလဲ

တနဂၤေႏြေန႔က စစ္ေဆးမႈရလဒ္က negative ျဖစ္ပါတယ္။ ဒါေၾကာင့္ တနလၤာေန႔ ေလ့က်င့္ေရးကို ျပန္ဝင္ခြင့္ရတာပါ။

အတၱလန္တာနဲ႔ပြဲမွာ ပါႏုိင္မလား

ပါရင္ပါမယ္ မပါတာလည္း ျဖစ္ႏုိင္တယ္။ မန္ေနဂ်ာရဲ႕ သေဘာျဖစ္ျပီး ခ်န္ပီယံလိဂ္အတြက္ သူ႔ကိုေတာ့ သံုးခြင့္ရွိပါတယ္။ သို႔ေပမယ့္လို႔ အားလံုးေသာ ကစားသမားေတြလိုပဲ အန္ဖီးမွာ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲ မတိုင္ခင္မွာ ဆာလက္ဟာ စစ္ေဆးမႈ ၂ ၾကိမ္ လုပ္ရမွာျဖစ္ပါတယ္။ ယူအီးအက္ဖ္ေအရဲ႕ စစ္ေဆးမႈလည္း ပါဝင္ပါမယ္။

အဆိုပါ စစ္ေဆးမႈမွာ positive ေတြ႔ရင္ေတာ့ သူပါဝင္ရမွာ မဟုတ္ပါဘူး။

လီဗာပူးအတြက္ သက္ေရာက္မႈရွိမလား

သိပ္ကို သက္ေရာက္မႈရွိပါတယ္။ ဗန္ဒိုက္၊ ဂိုးမက္စ္၊ ထရန္႔တို႔ကို လက္လြတ္ထားရတဲ့ လီဗာပူးဟာ ကိတ္တာကိုလည္း တံေကာက္ေၾကာေၾကာင့္ ထပ္မံ လက္လြတ္ရျပန္ပါျပီ။ ဒါ့ျပင္ ရွာကီြရီကလည္း ၾကြက္သား ဒဏ္ရာေၾကာင့္ ပါဝင္ကစားနုိင္မယ့္ အေျခအေန မရွိေသးပါဘူး။ ဆာလက္ ျပန္ကစားႏုိင္တာက လီဗာပူးအတြက္ ၾကီးမားတဲ့ ကိစၥပဲ ျဖစ္ပါတယ္။