အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးတစ်နေရာကို ယာယီဦးဆောင်ထားခဲ့တဲ့ လက်စတာကို ထူးချွန်တဲ့ ခြေစွမ်းဖြင့် ဂိုးပြတ် အနိုင်ယူတဲ့နောက် တနင်္လာနေ့ သတင်းစာမျက်နှာဖုံးတွေမှာ လီဗာပူး ချီးမွမ်းလွှာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ဗြိတိန် အားကစား ကလောင်ရှင်တွေက လီဗာပူးရဲ့ စွမ်းဆောင်ရည်ကို အတော်လေး အားရကျေနပ်ခဲ့ကြတယ်။ ၎င်းတို့ဟာ ဒဏ်ရာ၊ ကိုဗစ်နဲ့ ဘယ်လို အခက်အခဲကမှ လီဗာပူးရဲ့ အောင်မြင်လိုစိတ်ကို တားဆီးနိုင်ခြင်း ရှိမယ် မထင်ဘူးလို့ တင်စားမှုတွေလည်း လုပ်ခဲ့ာကပါတယ်။

Goal ရဲ့ Neil Jones က “ အကယ်လို့ ဒါက လီဗာပူးရဲ့ အစွမ်းကုန် အားထုတ်မှုဆိုရင်တော့ ပရီးမီးယားလိဂ်တစ်ခုလုံး ကြောက်ရွံ့တုန်လှုပ်သင့်နေပါပြီ။ ဒီနိုင်ပွဲက စိန်ခေါ်သူတွေအားလုံးကို အကြောင်းကြာစာ ပို့လိုက်တာပါပဲ။ မင်းက သရဖူဆောင်းခွင့်ရဖို့ ပြိုင်ပွဲထဲကို ဝင်ပြီဆိုရင် အသက်လုတိုက်ပွဲတစ်ခုလို သဘောထားပြီး ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေရမှာပါ ” ဆိုကာ လီဗာပူးကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို တင်စားခဲ့တယ်။

ဘီဘီစီစပေါ့ကလည်း မော်ရင်ညို၊ ဂွာဒီယိုလာ၊ လမ်းပတ်နဲ့ အခြားသော ပြိုင်ဘက်တွေက လီဗာပူးထံက သရဖူကို လုယူဖို့ ကြိုးစားလိုတယ်ဆိုရင် သိပ်လွယ်မယ့် ကိစ္စ မဟုတ်ပါဘူးလို့ သုံးသပ်ခဲ့တယ်။

ESPN မှ Mark Ogden က ခေါင်းကြီးသတင်း ရေးရာမှာ ” ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့ အသင်းတစ်သင်းပဲ ကျန်မယ်ဆိုရင် အဲ့တာက လီဗာပူးပါပဲ။ ဘယ်အသင်းကမှ အဓိက ကစားသမားတွေ အများကြီး ဆုံးရံှူးပါလျက်နဲ့ လက်စတာလို ထိပ်တန်းခြေစွမ်းရနေတဲ့ အသင်းကို ပြတ်ပြတ်သားသား အနိုင်ယူတာမျိုး မလုပ်နိုင်ပါဘူး။

လူစာရင်း ထက်ဝက်လောက် မကစားနိုင်တာတောင်မှ ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် ဆက်ရှိနေသည်ထိကို လီဗာပူးက ကောင်းလွန်းနေဆဲဖြစ်ပါတယ် ” ဆိုပြီး ချီးကျူးခဲ့တာဖြစ်တယ်။

ဗြိတိန်နာမည်ကြီး သတင်းဌာနတွေဖြစ်တဲ့ ဂါးဒီးယန်း၊ တယ်လီဂရပ်နဲ့ မေလ်းစပေါ့တို့ကလည်း လက်စတာကို အနိုင်ယူခဲ့တဲ့ လီဗာပူးရဲ့ စွမ်းဆောင်ရည်ကို အမျိုးမျိုး ချီးကျူးခဲ့ကြပြီး ဒီမနက်ခင်း သတင်းတွေမှာတော့ လီဗာပူး ကောင်းခြင်းတွေနဲ့ ပြည့်နှက်နေခဲ့တာဖြစ်ပါတယ်။

ZAWGYI

အမွတ္ေပးဇယားရဲ႕ ထိပ္ဆံုးတစ္ေနရာကို ယာယီဦးေဆာင္ထားခဲ့တဲ့ လက္စတာကို ထူးခၽြန္တဲ့ ေျခစြမ္းျဖင့္ ဂိုးျပတ္ အႏုိင္ယူတဲ့ေနာက္ တနလၤာေန႔ သတင္းစာမ်က္ႏွာဖံုးေတြမွာ လီဗာပူး ခ်ီးမြမ္းလႊာေတြနဲ႔ ျပည့္ႏွက္ေနခဲ့ပါတယ္။

ျဗိတိန္ အားကစား ကေလာင္ရွင္ေတြက လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ကို အေတာ္ေလး အားရေက်နပ္ခဲ့ၾကတယ္။ ၄င္းတို႔ဟာ ဒဏ္ရာ၊ ကိုဗစ္နဲ႔ ဘယ္လို အခက္အခဲကမွ လီဗာပူးရဲ႕ ေအာင္ျမင္လိုစိတ္ကို တားဆီးႏုိင္ျခင္း ရွိမယ္ မထင္ဘူးလို႔ တင္စားမႈေတြလည္း လုပ္ခဲ့ာကပါတယ္။

Goal ရဲ႕ Neil Jones က “ အကယ္လို႔ ဒါက လီဗာပူးရဲ႕ အစြမ္းကုန္ အားထုတ္မႈဆိုရင္ေတာ့ ပရီးမီးယားလိဂ္တစ္ခုလံုး ေၾကာက္ရြံ႔တုန္လႈပ္သင့္ေနပါျပီ။ ဒီႏုိင္ပြဲက စိန္ေခၚသူေတြအားလံုးကို အေၾကာင္းၾကာစာ ပို႔လိုက္တာပါပဲ။ မင္းက သရဖူေဆာင္းခြင့္ရဖို႔ ျပိဳင္ပြဲထဲကို ဝင္ျပီဆိုရင္ အသက္လုတိုက္ပြဲတစ္ခုလို သေဘာထားျပီး ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနရမွာပါ ” ဆိုကာ လီဗာပူးကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို တင္စားခဲ့တယ္။

ဘီဘီစီစေပါ့ကလည္း ေမာ္ရင္ညိဳ၊ ဂြာဒီယိုလာ၊ လမ္းပတ္နဲ႔ အျခားေသာ ျပိဳင္ဘက္ေတြက လီဗာပူးထံက သရဖူကို လုယူဖို႔ ၾကိဳးစားလိုတယ္ဆိုရင္ သိပ္လြယ္မယ့္ ကိစၥ မဟုတ္ပါဘူးလို႔ သံုးသပ္ခဲ့တယ္။

ESPN မွ Mark Ogden က ေခါင္းၾကီးသတင္း ေရးရာမွာ ” ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားတဲ့ အသင္းတစ္သင္းပဲ က်န္မယ္ဆိုရင္ အဲ့တာက လီဗာပူးပါပဲ။ ဘယ္အသင္းကမွ အဓိက ကစားသမားေတြ အမ်ားၾကီး ဆံုးရံွဴးပါလ်က္နဲ႔ လက္စတာလို ထိပ္တန္းေျခစြမ္းရေနတဲ့ အသင္းကို ျပတ္ျပတ္သားသား အႏုိင္ယူတာမ်ိဳး မလုပ္ႏုိင္ပါဘူး။

လူစာရင္း ထက္ဝက္ေလာက္ မကစားႏုိင္တာေတာင္မွ ပရီးမီးယားလိဂ္ရဲ႕ စြမ္းေဆာင္ရည္ အတည္ျငိမ္ဆံုး အသင္းေတြထဲက တစ္သင္းအျဖစ္ ဆက္ရွိေနသည္ထိကို လီဗာပူးက ေကာင္းလြန္းေနဆဲျဖစ္ပါတယ္ ” ဆိုျပီး ခ်ီးက်ဴးခဲ့တာျဖစ္တယ္။

ျဗိတိန္နာမည္ၾကီး သတင္းဌာနေတြျဖစ္တဲ့ ဂါးဒီးယန္း၊ တယ္လီဂရပ္နဲ႔ ေမလ္းစေပါ့တို႔ကလည္း လက္စတာကို အႏိုင္ယူခဲ့တဲ့ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ကို အမ်ိဳးမ်ိဳး ခ်ီးက်ဴးခဲ့ၾကျပီး ဒီမနက္ခင္း သတင္းေတြမွာေတာ့ လီဗာပူး ေကာင္းျခင္းေတြနဲ႔ ျပည့္ႏွက္ေနခဲ့တာျဖစ္ပါတယ္။