လက်စတာနဲ့ပွဲမှာ ပွဲထွက်ကစားသမားနေရာက ပါဝင်လာတဲ့ တိုက်စစ်သမား ဂျိုတာဟာ ဂိုးထပ်သွင်းယူခဲ့ပြီး သူ့ရဲ့ ကောင်းမွန်တဲ့ ဘောလုံးရာသီကို ရှေ့ဆက်နိုင်ခဲ့ပါတယ်။

လီဗာပူးအတွက် ၁၂ ပွဲ ကစားခွင့်ရထားတဲ့ ဂျိုတာဟာ လက်ရှိမှာ သွင်းဂိုး ၈ ဂိုးထိ ရယူထားနိုင်ပါပြီ။ ရော်ဘတ်ဆန်ရဲ့ ဖြတ်တင်ဘောကို သူ ပြေးဝင် ခေါင်းတိုက်ပြီး ဂိုးသွင်မှု မတိုင်ခင်မှာ ယာဂင်ကလော့ပ်ရဲ့ အသင်းသားတွေဟာ ကစာကွက် တည်ဆောက်မှုအတွင်း ပေးချက် ၃၀ အထိ လုပ်ခဲ့ကြတာကလည်း စံချိန်တင် မှတ်တမ်းတစ်ခုဖြစ်တယ်။

ဂျိုတာဟာ သူ့ရဲ့ ပုံစံအတိုင်း မြန်ဆန်မှုနဲ့ ဖိအားပေး ကစားနိုင်မှုတင် မဟုတ်ဘဲ ပိုမို အသားကျလာတဲ့ အနေအထားအဖြစ် ဖာမင်နိုနဲ့ မာနေးအတွက် ဖန်တီးမှုတွေကိုပါ လုပ်ပေးနိုင်ခဲ့တယ်။ လီဗာပူးတိုက်စစ်ဟာ မတူကွဲပြားတဲ့ နောက်ထပ် တိုက်စစ်သမား တစ်ဦးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဂျိုတာရဲ့ လိုအပ်သလို ပြောင်းလဲကစားနိုင်စွမ်းက ကျေနပ်ဖို့ ကောင်းပါတယ်။

ဒါပေမယ့် အခုကတော့ လက်စတာနဲ့ပွဲမှာ လူသိပ်မသိခဲ့တဲ့ ကိစ္စတစ်ခုအကြောင်းကိုပဲ ပြောပြလိုတာပါ။ ပွဲချိန် ၇၈ မိနစ်မှာ ဂျိုတာဟာ ဝီလီယမ်ပေးတဲ့ ဘောလုံးကို လက်ခံရယူစဉ် လက်စတာကစားသမားက နောက်ကနေ တွန်းခဲ့ပေမယ့် ပြစ်ဒဏ်မရဘဲ သူ့ကြောင့် ဘောလုံးပျက်တယ်ဆိုကာ လက်မြောက်ဘောပါ ပေးခဲ့ရတယ်။

ဂျိုတာက သူ့ကြောင့်ရရမယ့် ဖရီးကစ်အစား လက်မြောက်ဘော ပေးလိုက်ရတာကို မကျေနပ်ခဲ့ပါဘူး။ ပွဲပြီးဖို့ ၁၀ မိနစ်လောက်ပဲ ကျန်တဲ့ အခြေအနေအရ လက်စတာဘက်က ဖိအားပေးနေမှုကို အရှိန်တန့်ဖို့ကလည်း နည်းစနစ်ပြစ်ဒဏ်တွေမှာ အောင်နိုင်ဖို့ လိုခဲ့ချိန်ဖြစ်တယ်။

ထိုအချိန်မှာ ဂျိုတာက သူ့ကို ဟန်မူပိုတယ်လို့ ယူဆတဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို စိတ်ဆိုးခဲ့တာကြောင့် ‘ နောက်တစ်ခေါက်ကျရင် ဒိုင်ဗင်ပစ်ဦးမယ်။ နောက်ကနေ တွန်းတာကိုတောင် လက်မြောက်ဘောက ပေးရသေးတယ် ‘ ဆိုပြီး ရေရွတ်ခဲ့တာပါ။

အန်ဖီးကွင်းမှာ ပရိသတ်မရှိသလို စည်းဘေးမှာ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ရိုက်ကူးရေး ကင်မရာ ထားထားတာကြောင့် ဂျိုတာရဲ့ အထက်က ပြောစကားက အတိုင်းသား ကြားနေခဲ့ရတယ်။

ကြားရက် အတ္တလန်တာနဲ့ပွဲမှာ ဆာလက် ပြန်ကစားနိုင်ဖွယ်ရှိတာကြောင့် ဂျိုတာဟာ ညာတောင်ပံနေရာကနေ ပွဲထွက်ဖွယ် မရှိဘဲ အခြားသော နေရာက ပါဝင်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

လက္စတာနဲ႔ပြဲမွာ ပြဲထြက္ကစားသမားေနရာက ပါဝင္လာတဲ့ တိုက္စစ္သမား ဂ်ိဳတာဟာ ဂိုးထပ္သြင္းယူခဲ့ျပီး သူ႔ရဲ႕ ေကာင္းမြန္တဲ့ ေဘာလံုးရာသီကို ေရွ႔ဆက္ႏုိင္ခဲ့ပါတယ္။

လီဗာပူးအတြက္ ၁၂ ပြဲ ကစားခြင့္ရထားတဲ့ ဂ်ိဳတာဟာ လက္ရွိမွာ သြင္းဂိုး ၈ ဂိုးထိ ရယူထားႏုိင္ပါျပီ။ ေရာ္ဘတ္ဆန္ရဲ႕ ျဖတ္တင္ေဘာကို သူ ေျပးဝင္ ေခါင္းတိုက္ျပီး ဂိုးသြင္မႈ မတိုင္ခင္မွာ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းသားေတြဟာ ကစာကြက္ တည္ေဆာက္မႈအတြင္း ေပးခ်က္ ၃၀ အထိ လုပ္ခဲ့ၾကတာကလည္း စံခ်ိန္တင္ မွတ္တမ္းတစ္ခုျဖစ္တယ္။

ဂ်ိဳတာဟာ သူ႔ရဲ႕ ပံုစံအတိုင္း ျမန္ဆန္မႈနဲ႔ ဖိအားေပး ကစားႏုိင္မႈတင္ မဟုတ္ဘဲ ပိုမို အသားက်လာတဲ့ အေနအထားအျဖစ္ ဖာမင္ႏိုနဲ႔ မာေနးအတြက္ ဖန္တီးမႈေတြကိုပါ လုပ္ေပးႏုိင္ခဲ့တယ္။ လီဗာပူးတိုက္စစ္ဟာ မတူကြဲျပားတဲ့ ေနာက္ထပ္ တိုက္စစ္သမား တစ္ဦးကို ပိုင္ဆိုင္ခဲ့တာျဖစ္ျပီး ဂ်ိဳတာရဲ႕ လိုအပ္သလို ေျပာင္းလဲကစားႏုိင္စြမ္းက ေက်နပ္ဖို႔ ေကာင္းပါတယ္။

ဒါေပမယ့္ အခုကေတာ့ လက္စတာနဲ႔ပြဲမွာ လူသိပ္မသိခဲ့တဲ့ ကိစၥတစ္ခုအေၾကာင္းကိုပဲ ေျပာျပလိုတာပါ။ ပြဲခ်ိန္ ၇၈ မိနစ္မွာ ဂ်ိဳတာဟာ ဝီလီယမ္ေပးတဲ့ ေဘာလံုးကို လက္ခံရယူစဥ္ လက္စတာကစားသမားက ေနာက္ကေန တြန္းခဲ့ေပမယ့္ ျပစ္ဒဏ္မရဘဲ သူ႔ေၾကာင့္ ေဘာလံုးပ်က္တယ္ဆိုကာ လက္ေျမာက္ေဘာပါ ေပးခဲ့ရတယ္။

ဂ်ိဳတာက သူ႔ေၾကာင့္ရရမယ့္ ဖရီးကစ္အစား လက္ေျမာက္ေဘာ ေပးလိုက္ရတာကို မေက်နပ္ခဲ့ပါဘူး။ ပြဲျပီးဖို႔ ၁၀ မိနစ္ေလာက္ပဲ က်န္တဲ့ အေျခအေနအရ လက္စတာဘက္က ဖိအားေပးေနမႈကို အရွိန္တန္႔ဖို႔ကလည္း နည္းစနစ္ျပစ္ဒဏ္ေတြမွာ ေအာင္ႏုိင္ဖို႔ လိုခဲ့ခ်ိန္ျဖစ္တယ္။

ထိုအခ်ိန္မွာ ဂ်ိဳတာက သူ႔ကို ဟန္မူပိုတယ္လို႔ ယူဆတဲ့ ကြင္းလယ္ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္ကို စိတ္ဆိုးခဲ့တာေၾကာင့္ ‘ ေနာက္တစ္ေခါက္က်ရင္ ဒိုင္ဗင္ပစ္ဦးမယ္။ ေနာက္ကေန တြန္းတာကိုေတာင္ လက္ေျမာက္ေဘာက ေပးရေသးတယ္ ‘ ဆိုျပီး ေရရြတ္ခဲ့တာပါ။

အန္ဖီးကြင္းမွာ ပရိသတ္မရွိသလို စည္းေဘးမွာ တိုက္ရိုက္ထုတ္လႊင့္မႈအတြက္ ရုိက္ကူးေရး ကင္မရာ ထားထားတာေၾကာင့္ ဂ်ိဳတာရဲ႕ အထက္က ေျပာစကားက အတိုင္းသား ၾကားေနခဲ့ရတယ္။

ၾကားရက္ အတၱလန္တာနဲ႔ပြဲမွာ ဆာလက္ ျပန္ကစားႏုိင္ဖြယ္ရွိတာေၾကာင့္ ဂ်ိဳတာဟာ ညာေတာင္ပံေနရာကေန ပြဲထြက္ဖြယ္ မရွိဘဲ အျခားေသာ ေနရာက ပါဝင္လာဖြယ္ ရွိေနတာ ျဖစ္ပါတယ္။