ယူနိုက်တက်နဲ့ အာဆင်နယ် ကစားသမားဟောင်းတွေဖြစ်တဲ့ အီဗရာနဲ ယွန်းဘတ်တို့က လီဗာပူးက အမှတ်ပေးဖလားကို ဆက်တိုက် အနိုင်ယူနိုင်မှ ကြီးကျယ်ခမ်းနားတဲ့ အသင်းလို့ ခေါ်တွင်ပါမယ်လို့ ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးဟာ လက်စတာကို ၃-၀ နဲ့ အနိုင်ယူခဲ့ရာမှာ အဓိက ကစားသမား အများအပြားကို မထည့်သုံးနိုင်ခဲ့ဘူး။ အန်ဖီးမှာ ၆၄ ပွဲဆက်တိုက် ရံှူးပွဲမရှိ စံချိန် ရေးထိုးထားတဲ့ ကလော့ပ်ရဲ့ အသင်းဟာ ဒီရာသီ အမှတ်ပေးဖလားကို အနိုင်ရနိုင်တဲ့ အဓိက အသင်းလည်းဖြစ်ပါတယ်။

စကိုင်းစပေါ့မှာ အီဗရာပြောခဲ့တာက “ အသာလေးလုပ်ရအောင် အခုမှ ၉ ပွဲပဲ ရှိပါသေးတယ်။ သူတို့ အမှတ်ပေးဖလားကို သုံးရာသီဆက် ယူနိုင်ရင် ကြီးကျယ်တဲ့ အသင်းကောင်းတစ်သင်းလို့ ကျနော် ပြောပါမယ်။

ဒီရာသီမှာ အမှတ်ပေးဖလား အနိုင်မရဘဲ သူတို့က သိပ်ကို အံ့အားသင့်လောက်တဲ့ အသင်းလို့ မပြောနိုင်ပါဘူး။ တစ်နှစ်ပြီး တစ်နှစ် အမှတ်ပေးဖလားကို အနိုင်ရဖို့က စွမ်းဆောင်ရည် တည်ငြိမ်ဖို့ လိုပါတယ်။ အဲ့အခါမှ လီဗာပူးက ကောင်းမွန်တဲ့အသင်းလို့ ကျနေ်ာတို့ ပြောရမှာ ဖြစ်ပါတယ်။

အသင်းတွေ အများကြီးက အမှတ်ပေးဖလားကို ဆက်တိုက် အနိုင်ရအောင် လုပ်ပြထားနိုင်ခဲ့တယ်။ သူတို့ သုံးရာသီဆက် အမှတ်ပေးဖလား အနိုင်ရရင်တော့ အကောင်းဆုံး လီဗာပူးအသင်းလို့ ကျနော် ခေါ်ပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အီဗရာရဲ့ အမြင်ကို ၂၀၀၂ နဲ့ ၂၀၀၄ ကြားမှာ အာဆင်နယ်နဲ့အတူ အမှတ်ပေးဖလား နှစ်ကြိမ် အနိုင်ရခဲ့တဲ့ ယွန်းဘတ်ကလည်း အီဗရာလို အမြင်မျိုးရှိပါတယ်။ သူက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကို အောင်မြင်ထားတဲ့ လီဗာပူးဟာ အသင်းကောင်းဖြစ်ပေမယ့် ပရီးမီးယားလိဂ် သမိုင်းထဲက အကောင်းဆုံးအသင်းတွေနဲ့ နှိုင်းယှဉ်လို့ မရသေးဘူးလို့ ဆိုပါတယ်။

ယွန်းဘတ်က “ လီဗာပူးက သိပ် သိပ်ကိုကောင်းတဲ့ ကလပ်ဖြစ်ပါတယ်။ သမိုင်းထဲက အကောင်းဆုံး အသင်းတွေနဲ့ နှိုင်းယှဉ်ဖို့ဆိုရင်တော့ မျှတတယ်လို့ မထင်ပါဘး။ ပက်ထရစ်ရဲ့ အမြင်ကို ကျနော် သဘောတူပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္နဲ႔ အာဆင္နယ္ ကစားသမားေဟာင္းေတြျဖစ္တဲ့ အီဗရာနဲ ယြန္းဘတ္တို႔က လီဗာပူးက အမွတ္ေပးဖလားကို ဆက္တိုက္ အႏုိင္ယူနုိင္မွ ၾကီးက်ယ္ခမ္းနားတဲ့ အသင္းလို႔ ေခၚတြင္ပါမယ္လို႔ ထုတ္ေျပာခဲ့ပါတယ္။

လီဗာပူးဟာ လက္စတာကို ၃-၀ နဲ႔ အႏုိင္ယူခဲ့ရာမွာ အဓိက ကစားသမား အမ်ားအျပားကို မထည့္သံုးႏုိင္ခဲ့ဘူး။ အန္ဖီးမွာ ၆၄ ပြဲဆက္တိုက္ ရံွဴးပြဲမရွိ စံခ်ိန္ ေရးထိုးထားတဲ့ ကေလာ့ပ္ရဲ႕ အသင္းဟာ ဒီရာသီ အမွတ္ေပးဖလားကို အႏုိင္ရႏုိင္တဲ့ အဓိက အသင္းလည္းျဖစ္ပါတယ္။

စကိုင္းစေပါ့မွာ အီဗရာေျပာခဲ့တာက “ အသာေလးလုပ္ရေအာင္ အခုမွ ၉ ပြဲပဲ ရွိပါေသးတယ္။ သူတို႔ အမွတ္ေပးဖလားကို သံုးရာသီဆက္ ယူႏုိင္ရင္ ၾကီးက်ယ္တဲ့ အသင္းေကာင္းတစ္သင္းလို႔ က်ေနာ္ ေျပာပါမယ္။

ဒီရာသီမွာ အမွတ္ေပးဖလား အႏုိင္မရဘဲ သူတို႔က သိပ္ကို အံ့အားသင့္ေလာက္တဲ့ အသင္းလို႔ မေျပာႏုိင္ပါဘူး။ တစ္ႏွစ္ျပီး တစ္ႏွစ္ အမွတ္ေပးဖလားကို အႏုိင္ရဖို႔က စြမ္းေဆာင္ရည္ တည္ျငိမ္ဖို႔ လိုပါတယ္။ အဲ့အခါမွ လီဗာပူးက ေကာင္းမြန္တဲ့အသင္းလို႔ က်ေန္ာတို႔ ေျပာရမွာ ျဖစ္ပါတယ္။

အသင္းေတြ အမ်ားၾကီးက အမွတ္ေပးဖလားကို ဆက္တိုက္ အႏုိင္ရေအာင္ လုပ္ျပထားႏုိင္ခဲ့တယ္။ သူတို႔ သံုးရာသီဆက္ အမွတ္ေပးဖလား အႏုိင္ရရင္ေတာ့ အေကာင္းဆံုး လီဗာပူးအသင္းလို႔ က်ေနာ္ ေခၚပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အီဗရာရဲ႕ အျမင္ကို ၂၀၀၂ နဲ႔ ၂၀၀၄ ၾကားမွာ အာဆင္နယ္နဲ႔အတူ အမွတ္ေပးဖလား ႏွစ္ၾကိမ္ အႏုိင္ရခဲ့တဲ့ ယြန္းဘတ္ကလည္း အီဗရာလို အျမင္မ်ိဳးရွိပါတယ္။ သူက ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ကို ေအာင္ျမင္ထားတဲ့ လီဗာပူးဟာ အသင္းေကာင္းျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ သမိုင္းထဲက အေကာင္းဆံုးအသင္းေတြနဲ႔ ႏိႈင္းယွဥ္လို႔ မရေသးဘူးလို႔ ဆိုပါတယ္။

ယြန္းဘတ္က “ လီဗာပူးက သိပ္ သိပ္ကိုေကာင္းတဲ့ ကလပ္ျဖစ္ပါတယ္။ သမိုင္းထဲက အေကာင္းဆံုး အသင္းေတြနဲ႔ ႏိႈင္းယွဥ္ဖို႔ဆိုရင္ေတာ့ မွ်တတယ္လို႔ မထင္ပါဘး။ ပက္ထရစ္ရဲ႕ အျမင္ကို က်ေနာ္ သေဘာတူပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။