လီဗာပူး တိုက်စစ်မှူး ဂျိုတာဟာ ဂိုးသွင်းယူပြီး အောင်ပွဲ ခံချိန်မှာ အင်္ဂလိပ် စာလုံးတွေ ပုံဖော်နေခဲ့တာကို လီဗာပူး ပရိသတ်တွေက သတိပြုမိပြီး ဒီစကားလုံးတွေကနေ ဘာကို ရည်ရွယ်သလဲ ဆိုတာ စိတ်ကူးနဲ့ အဓိပ္ပါယ် ဖော်ကြည့်နေကြပါတယ်။ ဒါဟာ အပျော်သဘော ဆားပုလင်းနှင်းမောင် လုပ်ကြည့်နေကြတာလို့ ဆိုရမှာပါ။
ဒီယေဂို ဂျိုတာက ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဂိုးသွင်းယူပြီးနောက် လက်နှစ်ဖက်နဲ့ M စာလုံး ပုံဖော်ခဲ့သလို ညက လက်စတာနဲ့ပွဲမှာလည်း ဂိုးသွင်းယူပြီးနောက် A ပုံစံ ဖော်ပြကာ ထပ်မံ အောင်ပွဲ ခံခဲ့ပါတယ်။ M နဲ့ A နှစ်လုံးကနေ ဂျိုတာ ဘာကို ရည်ရွယ်နေသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
တွစ်တာမှာတော့ လီဗာပူး ပရိသတ်တွေကြား နိုင်ပွဲအပေါ် အောင်ပွဲခံနေကြသလို ဂျိုတာရဲ့ အောင်ပွဲခံ စာလုံးတွေကိုလည်း ခန့်မှန်း ပုံဖော်မှုတွေ အခုလို ပြုလုပ်နေကြပါတယ်။
Bumi_Earth_King: “M A T I P လို့ ပြောချင်တာ နေမှာပါကွာ၊ သူက မာတစ်ဖန် အကြီးစားနေမှာ။ ”
Terryworld: ” သူ့မှာ မိန်းမရော ရှိလား။ သူက သူ့ရည်းစားကို “MARRY ME?” လို့ ပြောနေတာများ ဖြစ်မလား ”
Terrible-teach: ” ဟာ သူကတော့ Mbappe 2021 လို့ ပြောချင်တာ နေမယ်။ B တောက ကျန်နေသလားပဲ.. အချိန်က စကားပြောသွားမှာပါ ငါကတော့ အဲလိုပဲ ထင်တယ်။ ”
Machslong: ” မန်ချက်စတာတော့ -ျီးထုပ် ဖြစ်နေပြီ၊ ဘောလုံးလောကကြီး ပျော်ရွှင်နေကြရပြီ လို့ ပြောချင်တာပဲ ဖြစ်ရမယ်။ ”
ကျနော်တို့ လီဗာပူး ပရိသတ်တွေကရော ဂျိုတာရဲ့ M နဲ့ A က ဘာကို ရည်ရွယ်တာ ဖြစ်နိုင်မလဲ စိတ်ကူးနဲ့ ပုံဖော်ကြည့်ကြပါဦး။