လီဗာပူးကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်၊ ထရန့်နဲ့ သီယာဂိုတို့ ဒဏ်ရာက ပြန်သက်သာလာဖို့က မဝေးတော့ကြောင့် မန်နေဂျာကလော့ပ်က ထုတ်ပြောပေမယ့် ကြားရက်ပွဲမှာ သီယာဂို ပြန်ပါမှာ မဟုတ်သေးကြောင်း အတည်ပြုပါတယ်။

အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးတစ်နေရာကို ယာယီဦးဆောင်ထားခဲ့တဲ့ လက်စတာကို ထူးချွန်တဲ့ ခြေစွမ်းဖြင့် ဂိုးပြတ် အနိုင်ယူတဲ့နောက် တနင်္လာနေ့ သတင်းစာမျက်နှာဖုံးတွေမှာ လီဗာပူး ချီးမွမ်းလွှာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ဒီယေဂို ဂျိုတာက ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဂိုးသွင်းယူပြီးနောက် လက်နှစ်ဖက်နဲ့ M စာလုံး ပုံဖော်ခဲ့သလို ညက လက်စတာနဲ့ပွဲမှာလည်း ဂိုးသွင်းယူပြီးနောက် A ပုံစံ ဖော်ပြကာ ထပ်မံ အောင်ပွဲ ခံခဲ့ပါတယ်။ M နဲ့ A နှစ်လုံးကနေ ဂျိုတာ ဘာကို ရည်ရွယ်နေသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

ယူနိုက်တက်နဲ့ အာဆင်နယ် ကစားသမားဟောင်းတွေဖြစ်တဲ့ အီဗရာနဲ ယွန်းဘတ်တို့က လီဗာပူးက အမှတ်ပေးဖလားကို ဆက်တိုက် အနိုင်ယူနိုင်မှ ကြီးကျယ်ခမ်းနားတဲ့ အသင်းလို့ ခေါ်တွင်ပါမယ်လို့ ထုတ်ပြောခဲ့ပါတယ်။

လက်စတာနဲ့ပွဲမှာ သူ့ကို နောက်က တွန်းထုတ်တာကို ပစ်ဒဏ်မပေးတဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို စိတ်ဆိုးခဲ့တာကြောင့် ဂျိုတာက ‘ နောက်တစ်ခေါက်ကျရင် ဒိုင်ဗင်ပစ်ဦးမယ်။ နောက်ကနေ တွန်းတာကိုတောင် လက်မြောက်ဘောက ပေးရသေးတယ် ‘ ဆိုပြီး ရေရွတ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က လက်စတာပွဲကြို ကိုဗစ်စစ်ဆေးမှုအတွင်း ဆာလက်ရဲ့ ရလဒ်ဟာ negative ဖြစ်တာကြောင့် ကြားရက် အတ္တလန်တာပွဲကို ပြန်ပါလာဖို့ ရှိနေကြောင်း The Athletic က ဖော်ပြပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဗြိတိန် ရုပ်သံဌာနတွေကို တိုက်ရိုက် ဝေဖန်ခဲ့ပြီး ဒီအတိုင်း ဆက်ကစားစေရင် ရာသီသိမ်းပွဲအတွက် ပွဲထွက် ၁၁ ယောက်တောင် ကျန်မှာ မဟုတ်ဘူးလို့ ပြင်းပြင်းထန်ထန် ပြောဆိုပါတယ်။

ကိတ်တာနဲ့ ပက်သက်လို့ မန်နေဂျာကလော့ပ်က “ ကိတ်တာက တံကောက်ကြောမှာ ခံစားခဲ့ရပြီး ဆက်မကစားနိုင်တော့ဘူး။ အခြားတနည်းနဲ့ ပြောရရင် သူက ကွင်းထဲမှာ ဆက်ပြီး ရှိမနေနိုင်ခဲ့ပါဘူး ” လို့ ပွဲအပြီးမှာ ပြောပြခဲ့ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေတြျဖစ္တဲ့ ဟန္ဒါဆန္၊ ထရန္႔နဲ႔ သီယာဂိုတို႔ ဒဏ္ရာက ျပန္သက္သာလာဖို႔က မေဝးေတာ့ေၾကာင့္ မန္ေနဂ်ာကေလာ့ပ္က ထုတ္ေျပာေပမယ့္ ၾကားရက္ပြဲမွာ သီယာဂို ျပန္ပါမွာ မဟုတ္ေသးေၾကာင္း အတည္ျပဳပါတယ္။

အမွတ္ေပးဇယားရဲ႕ ထိပ္ဆံုးတစ္ေနရာကို ယာယီဦးေဆာင္ထားခဲ့တဲ့ လက္စတာကို ထူးခၽြန္တဲ့ ေျခစြမ္းျဖင့္ ဂိုးျပတ္ အႏုိင္ယူတဲ့ေနာက္ တနလၤာေန႔ သတင္းစာမ်က္ႏွာဖံုးေတြမွာ လီဗာပူး ခ်ီးမြမ္းလႊာေတြနဲ႔ ျပည့္ႏွက္ေနခဲ့ပါတယ္။

ဒီေယဂို ဂ်ိဳတာက ၀က္စ္ဟမ္းနဲ႕ ပြဲမွာ ဂိုးသြင္းယူျပီးေနာက္ လက္နွစ္ဖက္နဲ႕ M စာလံုး ပံုေဖာ္ခဲ့သလို ညက လက္စတာနဲ႕ပြဲမွာလည္း ဂိုးသြင္းယူျပီးေနာက္ A ပံုစံ ေဖာ္ျပကာ ထပ္မံ ေအာင္ပြဲ ခံခဲ့ပါတယ္။ M နဲ႕ A နွစ္လံုးကေန ဂ်ိဳတာ ဘာကို ရည္ရြယ္ေနသလဲ ဆိုတာကလည္း စိတ္၀င္စားစရာ ျဖစ္ေနပါတယ္။

ယူႏုိက္တက္နဲ႔ အာဆင္နယ္ ကစားသမားေဟာင္းေတြျဖစ္တဲ့ အီဗရာနဲ ယြန္းဘတ္တို႔က လီဗာပူးက အမွတ္ေပးဖလားကို ဆက္တိုက္ အႏုိင္ယူနုိင္မွ ၾကီးက်ယ္ခမ္းနားတဲ့ အသင္းလို႔ ေခၚတြင္ပါမယ္လို႔ ထုတ္ေျပာခဲ့ပါတယ္။

လက္စတာနဲ႔ပြဲမွာ သူ႔ကို ေနာက္က တြန္းထုတ္တာကို ပစ္ဒဏ္မေပးတဲ့ ကြင္းလယ္ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္ကို စိတ္ဆိုးခဲ့တာေၾကာင့္ ဂ်ိဳတာက ‘ ေနာက္တစ္ေခါက္က်ရင္ ဒိုင္ဗင္ပစ္ဦးမယ္။ ေနာက္ကေန တြန္းတာကိုေတာင္ လက္ေျမာက္ေဘာက ေပးရေသးတယ္ ‘ ဆိုျပီး ေရရြတ္ခဲ့ပါတယ္။

တနဂၤေႏြေန႔က လက္စတာပြဲၾကိဳ ကိုဗစ္စစ္ေဆးမႈအတြင္း ဆာလက္ရဲ႕ ရလဒ္ဟာ negative ျဖစ္တာေၾကာင့္ ၾကားရက္ အတၱလန္တာပြဲကို ျပန္ပါလာဖို႔ ရွိေနေၾကာင္း The Athletic က ေဖာ္ျပပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ျဗိတိန္ ရုပ္သံဌာနေတြကို တိုက္ရိုက္ ေဝဖန္ခဲ့ျပီး ဒီအတိုင္း ဆက္ကစားေစရင္ ရာသီသိမ္းပြဲအတြက္ ပြဲထြက္ ၁၁ ေယာက္ေတာင္ က်န္မွာ မဟုတ္ဘူးလို႔ ျပင္းျပင္းထန္ထန္ ေျပာဆိုပါတယ္။

ကိတ္တာနဲ႔ ပက္သက္လို႔ မန္ေနဂ်ာကေလာ့ပ္က “ ကိတ္တာက တံေကာက္ေၾကာမွာ ခံစားခဲ့ရျပီး ဆက္မကစားႏုိင္ေတာ့ဘူး။ အျခားတနည္းနဲ႔ ေျပာရရင္ သူက ကြင္းထဲမွာ ဆက္ျပီး ရွိမေနႏုိင္ခဲ့ပါဘူး ” လို႔ ပြဲအျပီးမွာ ေျပာျပခဲ့ပါတယ္။