ဗြိတိန်အစိုးရက လော့ဒေါင်းတွေကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင် ရုတ်သိမ်းတော့မှာဖြစ်လို့ အဆင့်မြင့်တန်း အားကစားပြိုင်ပွဲတွေကို ပရိသတ် ပြန်ဝင်ခွင့်တွေ ပေးသွားတော့မှာဖြစ်ပါတယ်။

အမိုးပွင့် အားကစားကွင်းတွေကို သက်မှတ် စည်းကမ်းချက်တွေနဲ့အညီ ပြန်ဝင်ခွင့်ပေးမှာဖြစ်တယ်။ ဒါပေမယ့်လို့ ကိုဗစ် အန္တရာယ်ကြီးတဲ့ ဒေသအလိုက် အသက်သာဆုံး နေရာတွေမှာ ပရိသတ် ၄၀၀၀ ကနေ ကွင်းဝင်ဆံ့မှုရဲ့ ထက်ဝက် ဝင်ခွင့်ပေးမှုနဲ့ ပရိသတ် ၂၀၀၀ ကနေ ကွင်းဝင်ဆံ့မှုရဲ့ ထက်ဝက် ဝင်ခွင့်ပေးမှုတွေ ရှိမှာဖြစ်တယ်။ အန္တရာယ်ကြီးတဲ့ နေရာတွေမှာတော့ ကွင်းပိတ်ခြင်းဖြင့် ဆက်ကစားစေပါမယ်။

လီဗာပူးအသင်းက အထက်ကအတိုင်း အပိုင်း ၃ ခု ခွဲထားတဲ့အထဲမှာ ပရိသတ် ဝင်ခွင့်ပေးလို့ မရသေးတဲ့ အန္တရာယ်ကြီးတဲ့ ဧရိယာစာရင်းထဲမှာ ပါနေပါတယ်။ လီဗာပူးတဝိုက်ဟာ လော့ဒေါင်း ၂.၀ ချခံထားရတဲ့ နေရာဖြစ်ပြီး အဆိုပါအဆင့်ကနေ လျောကျခဲ့ပြီဆိုတာကို ကနဦး စစ်ဆေးမှု ခံယူရဦးမှာပါ။

လက်တလော အနေအထားမှာတော့ အန္တရာယ်အကြီးဆုံး ဧရိယာတွေထဲမှာ ဆက်ရှိနေလို့ ကွင်းပိတ် အနေအထားဖြင့်ပဲ ဆက်ကစားရမယ့် အသင်းတွေထဲမှာ လီဗာပူး၊ အဲဗာတန်၊ မန်စီးတီး၊ ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ လိဒ်၊ ရှက်ဖီးတို့လည်း ပါဝင်နေတယ်လို သိရတယ်။

ဒါကြောင့် ပရိသတ် ပြန်ဝင်ခွင့်ရဖို့ ဒီအပတ်အတွင်းမှာ အစိုးရ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းတဲ့ ကိစ္စတွေကို လီဗာပူးအသင်းဘက်က လုပ်ဆောင်သွားမှာဖြစ်တယ်။ သက်မှတ် ရည်ညွှန်းချက်တွေနဲ့ ကိုက်ညီမှပဲ အန်ဖီးကွင်းဟာ ပရိသတ်တွေကို ပြန်လည် ဧည့်ခံခွင့်တွေ ရှိပါမယ်။

ကွင်းတွေထဲကို ပရိသတ်တွေ ပြန်ဝင်ခွင့် ရချိန်မှာလည်း သီချင်းဆိုမှုတွေ၊ အော်ဟစ်အားပေးမှုတွေနဲ့ အရက်ဘီယာ သောက်သုံးမှုတွေကို တားမြစ်ထားမှာဖြစ်တယ်။ ပရိသတ်တွေဟာ ကိုယ်ပိုင် ရေဘူးတွေကို ကွင်းထဲ ယူလာခွင့်ရှိမှာဖြစ်ပေမယ့် ဘူးသေးလေးတွေပဲ ဖြစ်မယ်လို့ သိရပါတယ်။

ZAWGYI

ျဗိတိန္အစိုးရက ေလာ့ေဒါင္းေတြကို ဒီဇင္ဘာလ ၂ ရက္ေန႔မွာ စတင္ ရုတ္သိမ္းေတာ့မွာျဖစ္လို႔ အဆင့္ျမင့္တန္း အားကစားျပိဳင္ပြဲေတြကို ပရိသတ္ ျပန္ဝင္ခြင့္ေတြ ေပးသြားေတာ့မွာျဖစ္ပါတယ္။

အမိုးပြင့္ အားကစားကြင္းေတြကို သက္မွတ္ စည္းကမ္းခ်က္ေတြနဲ႔အညီ ျပန္ဝင္ခြင့္ေပးမွာျဖစ္တယ္။ ဒါေပမယ့္လို႔ ကိုဗစ္ အႏၱရာယ္ၾကီးတဲ့ ေဒသအလိုက္ အသက္သာဆံုး ေနရာေတြမွာ ပရိသတ္ ၄၀၀၀ ကေန ကြင္းဝင္ဆံ့မႈရဲ႕ ထက္ဝက္ ဝင္ခြင့္ေပးမႈနဲ႔ ပရိသတ္ ၂၀၀၀ ကေန ကြင္းဝင္ဆံ့မႈရဲ႕ ထက္ဝက္ ဝင္ခြင့္ေပးမႈေတြ ရွိမွာျဖစ္တယ္။ အႏၱရာယ္ၾကီးတဲ့ ေနရာေတြမွာေတာ့ ကြင္းပိတ္ျခင္းျဖင့္ ဆက္ကစားေစပါမယ္။

လီဗာပူးအသင္းက အထက္ကအတိုင္း အပိုင္း ၃ ခု ခြဲထားတဲ့အထဲမွာ ပရိသတ္ ဝင္ခြင့္ေပးလို႔ မရေသးတဲ့ အႏၱရာယ္ၾကီးတဲ့ ဧရိယာစာရင္းထဲမွာ ပါေနပါတယ္။ လီဗာပူးတဝိုက္ဟာ ေလာ့ေဒါင္း ၂.၀ ခ်ခံထားရတဲ့ ေနရာျဖစ္ျပီး အဆိုပါအဆင့္ကေန ေလ်ာက်ခဲ့ျပီဆိုတာကို ကနဦး စစ္ေဆးမႈ ခံယူရဦးမွာပါ။

လက္တေလာ အေနအထားမွာေတာ့ အႏၱရာယ္အၾကီးဆံုး ဧရိယာေတြထဲမွာ ဆက္ရွိေနလို႔ ကြင္းပိတ္ အေနအထားျဖင့္ပဲ ဆက္ကစားရမယ့္ အသင္းေတြထဲမွာ လီဗာပူး၊ အဲဗာတန္၊ မန္စီးတီး၊ ယူႏုိက္တက္၊ အက္စတြန္ဗီလာ၊ လိဒ္၊ ရွက္ဖီးတို႔လည္း ပါဝင္ေနတယ္လို သိရတယ္။

ဒါေၾကာင့္ ပရိသတ္ ျပန္ဝင္ခြင့္ရဖို႔ ဒီအပတ္အတြင္းမွာ အစိုးရ တာဝန္ရွိသူေတြနဲ႔ ပူးေပါင္းတဲ့ ကိစၥေတြကို လီဗာပူးအသင္းဘက္က လုပ္ေဆာင္သြားမွာျဖစ္တယ္။ သက္မွတ္ ရည္ညႊန္းခ်က္ေတြနဲ႔ ကိုက္ညီမွပဲ အန္ဖီးကြင္းဟာ ပရိသတ္ေတြကို ျပန္လည္ ဧည့္ခံခြင့္ေတြ ရွိပါမယ္။

ကြင္းေတြထဲကို ပရိသတ္ေတြ ျပန္ဝင္ခြင့္ ရခ်ိန္မွာလည္း သီခ်င္းဆိုမႈေတြ၊ ေအာ္ဟစ္အားေပးမႈေတြနဲ႔ အရက္ဘီယာ ေသာက္သံုးမႈေတြကို တားျမစ္ထားမွာျဖစ္တယ္။ ပရိသတ္ေတြဟာ ကိုယ္ပိုင္ ေရဘူးေတြကို ကြင္းထဲ ယူလာခြင့္ရွိမွာျဖစ္ေပမယ့္ ဘူးေသးေလးေတြပဲ ျဖစ္မယ္လို႔ သိရပါတယ္။