လီဗာပူးအသင်းဟာ လက်စတာကို ဂိုးပြတ် အနိုင်ယူခဲ့ပြီးနောက် အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ အမှတ်ပေးပွဲ ၆၄ ပွဲဆက်တိုက် ရံှူးပွဲမရှိတဲ့ စံချိန်ကောင်းကို ပိုင်ဆိုင်ခဲ့ပါပြီ။

ပရီးမီးယားလိဂ်မှာ ဒုတိယမှတ်တမ်းဖြစ်ပေမယ့် ကလပ်သမိုင်းမှာ အမှတ်ပေးပြိုင်ပွဲအတွင်း အမြင့်ဆုံး အိမ်ကွင်း ရံှူးပွဲမရှိ စံချိန်လည်း ဖြစ်လာခဲ့တယ်။ ပထမနေရာမှာ ရှိနေတာက ချယ်ဆီးအသင်းဖြစ်ပြီး ၈၆ ပွဲဆက် ရံှူးပွဲမရှိ စံချိန်ဖြစ်ပါတယ်။ ဒါကြောင့် လန်ဒန်ကလပ်ရဲ့ စံချိန်ကို လိုက်မှီဖို့ကတော့ ယာဂင်ကလော့ပ်ရဲ့ အသင်းသားတွေက အတော်လေး ကြိုးစားရဦးမှာပါ။

ထူးခြား မှတ်တမ်းတစ်ခုအဖြစ် လီဗာပူးအသင်းသား ၁၄ ဦးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အန်ဖီးကွင်းမှာ အရံှူးရလဒ်ကို မသိသေးသူတွေအဖြစ် ပါဝင်ထားကြတယ်။ သူတို့ကတော့ အယ်လီဆန်၊ အတ်ဒရီယန်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ ဖာဘင်ညို၊ ချိန်ဘာလိန်၊ ကိတ်တာ၊ ရှာကွီရီ၊ မာနေး၊ ဆာလက်၊ မီနာမီနို၊ နီကိုး ဝီလီယမ်၊ ကာတစ်ဂျုံးနဲ့ ဂျိုတာတို့ ဖြစ်ပါတယ်။

သူ့မှာ ဒီလို မှတ်တမ်းကောင်းရှိတယ်ဆိုတာကို ဖာဘင်ညိုက မယုံနိုင် ဖြစ်နေပါတယ်။ လီဗာပူးဝဘ်ဆိုဒ်ကနေ ကစားသမားက သူ့ရဲ့ ခံစားချက်ကို ဖွင့်ဟရာမှာ

“ တကယ်ကို မယုံနိုင်အောင်ပါပဲ။ လီဗာပူးအသင်းရဲ့ အစိတ်အပိုင်း ဒီအသင်းသမိုင်းရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့်ရတာကို သိပ်ပျော်ပါတယ်။ ဒီစိတ်ဓါတ်ကောင်းတွေကို ဆက်လက် ထိန်းသိမ်းပြီး ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားသွားမှာပါ။

ကျနော်တို့တွေက အန်ဖီးကွင်းမှာ ကစားရတဲ့ အခိုက်အတန့်တိုင်းမှာ ကိုယ်ရဲ့ အရည်အချင်းကိုလည်း ကိုယ်ဘာသာ သိကြပါတယ်။ ဒီသမိုင်းမှာ ပါဝင်ခွင့်ရတာအတွက်လည်း ဝမ်းမြောက်မိပါတယ် ” လို့ ဖြစ်ပါတယ်။

ဖာဘင်ညိုဟာ ပုံမှန်အားဖြင့် ကွင်းလယ်လူဖြစ်ပေမယ့်လည်း တွဲဘက် ခံစစ်မှူးတွေ ဒဏ်ရာရနေတာကြောင့် ခံစစ်နေရာက ကြိုးစားကစားပေးနေတာဖြစ်ပြီး အကောင်းဆုံး ခြေစွမ်းပြပေးနေသူလည်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လက္စတာကို ဂိုးျပတ္ အႏုိင္ယူခဲ့ျပီးေနာက္ အိမ္ကြင္း အန္ဖီးမွာ ယွဥ္ျပိဳင္တဲ့ အမွတ္ေပးပြဲ ၆၄ ပြဲဆက္တိုက္ ရံွဴးပြဲမရွိတဲ့ စံခ်ိန္ေကာင္းကို ပိုင္ဆိုင္ခဲ့ပါျပီ။

ပရီးမီးယားလိဂ္မွာ ဒုတိယမွတ္တမ္းျဖစ္ေပမယ့္ ကလပ္သမုိင္းမွာ အမွတ္ေပးျပိဳင္ပြဲအတြင္း အျမင့္ဆံုး အိမ္ကြင္း ရံွဴးပြဲမရွိ စံခ်ိန္လည္း ျဖစ္လာခဲ့တယ္။ ပထမေနရာမွာ ရွိေနတာက ခ်ယ္ဆီးအသင္းျဖစ္ျပီး ၈၆ ပြဲဆက္ ရံွဴးပြဲမရွိ စံခ်ိန္ျဖစ္ပါတယ္။ ဒါေၾကာင့္ လန္ဒန္ကလပ္ရဲ႕ စံခ်ိန္ကို လိုက္မွီဖို႔ကေတာ့ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းသားေတြက အေတာ္ေလး ၾကိဳးစားရဦးမွာပါ။

ထူးျခား မွတ္တမ္းတစ္ခုအျဖစ္ လီဗာပူးအသင္းသား ၁၄ ဦးဟာ ပရီးမီးယားလိဂ္ျပိဳင္ပြဲအတြင္း အန္ဖီးကြင္းမွာ အရံွဴးရလဒ္ကို မသိေသးသူေတြအျဖစ္ ပါဝင္ထားၾကတယ္။ သူတို႔ကေတာ့ အယ္လီဆန္၊ အတ္ဒရီယန္၊ ဗန္ဒိုက္၊ ေရာ္ဘတ္ဆန္၊ ဖာဘင္ညိဳ၊ ခ်ိန္ဘာလိန္၊ ကိတ္တာ၊ ရွာကီြရီ၊ မာေနး၊ ဆာလက္၊ မီနာမီႏို၊ နီကိုး ဝီလီယမ္၊ ကာတစ္ဂ်ံဳးနဲ႔ ဂ်ိဳတာတို႔ ျဖစ္ပါတယ္။

သူ႔မွာ ဒီလို မွတ္တမ္းေကာင္းရွိတယ္ဆိုတာကို ဖာဘင္ညိဳက မယံုႏုိင္ ျဖစ္ေနပါတယ္။ လီဗာပူးဝဘ္ဆိုဒ္ကေန ကစားသမားက သူ႔ရဲ႕ ခံစားခ်က္ကို ဖြင့္ဟရာမွာ

“ တကယ္ကို မယံုႏုိင္ေအာင္ပါပဲ။ လီဗာပူးအသင္းရဲ႕ အစိတ္အပိုင္း ဒီအသင္းသမိုင္းရဲ႕ အစိတ္အပိုင္းအျဖစ္ ပါဝင္ခြင့္ရတာကို သိပ္ေပ်ာ္ပါတယ္။ ဒီစိတ္ဓါတ္ေကာင္းေတြကို ဆက္လက္ ထိန္းသိမ္းျပီး ပြဲတိုင္းကို အႏုိင္ရဖို႔ ၾကိဳးစားသြားမွာပါ။

က်ေနာ္တုိ႔ေတြက အန္ဖီးကြင္းမွာ ကစားရတဲ့ အခိုက္အတန္႔တိုင္းမွာ ကိုယ္ရဲ႕ အရည္အခ်င္းကိုလည္း ကိုယ္ဘာသာ သိၾကပါတယ္။ ဒီသမိုင္းမွာ ပါဝင္ခြင့္ရတာအတြက္လည္း ဝမ္းေျမာက္မိပါတယ္ ” လို႔ ျဖစ္ပါတယ္။

ဖာဘင္ညိဳဟာ ပံုမွန္အားျဖင့္ ကြင္းလယ္လူျဖစ္ေပမယ့္လည္း တြဲဘက္ ခံစစ္မွဴးေတြ ဒဏ္ရာရေနတာေၾကာင့္ ခံစစ္ေနရာက ၾကိဳးစားကစားေပးေနတာျဖစ္ျပီး အေကာင္းဆံုး ေျခစြမ္းျပေပးေနသူလည္း ျဖစ္ပါတယ္။