မာဆေးဆိုဒ်ဒါဘီပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ သီယာဂို ပြန်မကစားနိုင်သေးတဲ့အပေါ် စိတ်မရှည်နိုင် ဖြစ်နေပြီး ဝေဖန်မှုတွေကိုပါ လူသိထင်ရှား လုပ်နေကြသူတွေကို အံ့အားသင့်မိကြောင်း မန်နေဂျာကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်နဲ့အတူ ဒဏ်ရာရခဲ့တဲ့ သီယာဂိုဟာ နယ်သာလန်သားလို တစ်ရာသီလုံး နားရနိုင်လောက်တဲ့ထိ ကံမဆိုးခဲ့ပါဘူး။ ဒါပေမယ့်လို့ သူ့ဒဏ်ရာက သီတင်းပတ် တစ်ပတ်၊ နှစ်ပတ်နဲ့တင် ပြန်သက်သာမယ့် အနေအထား မဟုတ်ဘဲ ရာနှုန်းပြည့် ပြန်ကောင်းဖို့ အချိန်ယူရမယ့် ဒဏ်ရာမျိုး ဖြစ်နေခဲ့တာပါ။

မန်နေဂျာကလော့ပ်က ” သီယာဂိုက အသင်းနဲ့အတူ လေ့ကျင့်ရေး မဆင်းနိုင်သေးပါဘူး။ ဘယ်အချိန်လောက်မှာ ပြန်ဆင်းနိုင်မလဲဆိုတာကတော့ မသိပါဘူး။ ကျနေ်ာတို့ စောင့်ကြည့်ရမှာပါ။

လူတွေရဲ့ သူ့ဒဏ်ရာအပေါ် ထင်မြင်ချက်တွေကို အတော်လေး အံ့အားသင့်မိပါတယ်။ မနက်တိုင်းမှာ အသင်းကို လာရောက်စဉ် ဆေးအဖွဲ့နဲ့ အစည်းအဝေးရှိပါတယ်။ ဆေးအဖွဲ့က ဒီကစားသမားတော့ လေ့ကျင့်ရေး ဝင်နိုင်တယ်၊ ဒီတစ်ယောက်ကတော့ မဝင်နိုင်သေးဘူးဆိုတာကို အမြတမ်း ရှင်းပြတယ်။

သီယာဂို ပြန်ကစားနိုင်ဖို့က သိပ်မဝေးတော့ဘူးဆိုတာကို ကျနော် သိထားပါတယ်။ ဒါပေမယ့် တိတိကျကျပြောဖို့က ကျနော်လည်း မသိသေးပါဘူး ” လို့ တုန့်ပြန်ခဲ့တာဖြစ်တယ်။

ကာဘီက အက်ဆာလေ့ကျင့်ရေးမှာ သီယာဂိုကို မြင်နေရပေမယ့် အသင်းလိုက် လေ့ကျင့်ရေးထဲကို သူ ပြန်မဝင်နိုင်သေးပါဘူး။ သီယာဂိုဟာ တစ်ဦးချင်း လေ့ကျင့်ရေးတွေ ကောင်းကောင်းလုပ်နိုင်နေပြီး gym အစီအစဉ်တွေမှာလည်း အခြေအနေ ကောင်းနေပါတယ်။ ဒါပေမယ့်လို့ သူ့ကို အသင်းရဲ့ လေ့ကျင့်ရေးထဲကို ထည့်ဖို့ ဆေးအဖွဲ့က မီးစိမ်းမပြသေးတာ ဖြစ်ပါတယ်။

ကြားရက် အတ္တလန်တာပွဲမှာ သီယာဂို ပါဝင်ဦးမှာ မဟုတ်ဘဲ ဖာဘင်ညိုကို ကြံ့ခိုင်မှု ရာနှုန်းပြည့်ကောင်းမှ အသင်းနဲ့ ပြန်ပူးပေါင်းစေခဲ့သလိုပဲ သီယာဂို ကိစ္စကိုလည်း စီမံဖွယ်ရှိတယ်။

ZAWGYI

မာေဆးဆိုဒ္ဒါဘီပြဲမွာ ဒဏ္ရာရသြားခဲ့တဲ့ သီယာဂို ျပန္မကစားႏုိင္ေသးတဲ့အေပၚ စိတ္မရွည္ႏုိင္ ျဖစ္ေနျပီး ေဝဖန္မႈေတြကိုပါ လူသိထင္ရွား လုပ္ေနၾကသူေတြကို အံ့အားသင့္မိေၾကာင္း မန္ေနဂ်ာကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

ဗန္ဒိုက္နဲ႔အတူ ဒဏ္ရာရခဲ့တဲ့ သီယာဂိုဟာ နယ္သာလန္သားလို တစ္ရာသီလံုး နားရႏုိင္ေလာက္တဲ့ထိ ကံမဆိုးခဲ့ပါဘူး။ ဒါေပမယ့္လို႔ သူ႔ဒဏ္ရာက သီတင္းပတ္ တစ္ပတ္၊ ႏွစ္ပတ္နဲ႔တင္ ျပန္သက္သာမယ့္ အေနအထား မဟုတ္ဘဲ ရာႏႈန္းျပည့္ ျပန္ေကာင္းဖို႔ အခ်ိန္ယူရမယ့္ ဒဏ္ရာမ်ိဳး ျဖစ္ေနခဲ့တာပါ။

မန္ေနဂ်ာကေလာ့ပ္က ” သီယာဂိုက အသင္းနဲ႔အတူ ေလ့က်င့္ေရး မဆင္းနုိင္ေသးပါဘူး။ ဘယ္အခ်ိန္ေလာက္မွာ ျပန္ဆင္းႏုိင္မလဲဆိုတာကေတာ့ မသိပါဘူး။ က်ေန္ာတို႔ ေစာင့္ၾကည့္ရမွာပါ။

လူေတြရဲ႕ သူ႔ဒဏ္ရာအေပၚ ထင္ျမင္ခ်က္ေတြကို အေတာ္ေလး အံ့အားသင့္မိပါတယ္။ မနက္တိုင္းမွာ အသင္းကို လာေရာက္စဥ္ ေဆးအဖြဲ႔နဲ႔ အစည္းအေဝးရွိပါတယ္။ ေဆးအဖြဲ႔က ဒီကစားသမားေတာ့ ေလ့က်င့္ေရး ဝင္ႏုိင္တယ္၊ ဒီတစ္ေယာက္ကေတာ့ မဝင္ႏုိင္ေသးဘူးဆိုတာကို အျမတမ္း ရွင္းျပတယ္။

သီယာဂို ျပန္ကစားႏုိင္ဖို႔က သိပ္မေဝးေတာ့ဘူးဆိုတာကို က်ေနာ္ သိထားပါတယ္။ ဒါေပမယ့္ တိတိက်က်ေျပာဖို႔က က်ေနာ္လည္း မသိေသးပါဘူး ” လို႔ တုန္႔ျပန္ခဲ့တာျဖစ္တယ္။

ကာဘီက အက္ဆာေလ့က်င့္ေရးမွာ သီယာဂိုကို ျမင္ေနရေပမယ့္ အသင္းလိုက္ ေလ့က်င့္ေရးထဲကို သူ ျပန္မဝင္ႏုိင္ေသးပါဘူး။ သီယာဂိုဟာ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြ ေကာင္းေကာင္းလုပ္ႏုိင္ေနျပီး gym အစီအစဥ္ေတြမွာလည္း အေျခအေန ေကာင္းေနပါတယ္။ ဒါေပမယ့္လို႔ သူ႔ကို အသင္းရဲ႕ ေလ့က်င့္ေရးထဲကို ထည့္ဖို႔ ေဆးအဖြဲ႔က မီးစိမ္းမျပေသးတာ ျဖစ္ပါတယ္။

ၾကားရက္ အတၱလန္တာပြဲမွာ သီယာဂို ပါဝင္ဦးမွာ မဟုတ္ဘဲ ဖာဘင္ညိဳကို ၾကံ႔ခိုင္မႈ ရာႏႈန္းျပည့္ေကာင္းမွ အသင္းနဲ႔ ျပန္ပူးေပါင္းေစခဲ့သလိုပဲ သီယာဂို ကိစၥကိုလည္း စီမံဖြယ္ရွိတယ္။