မာဆေးဆိုဒ်အခြေစိုက် သတင်းဌာနဖြစ်တဲ့ Echo မှာတော့ လီဗာပူးတိုက်စစ်သမားဟောင်း ဂျွန် အဲဒရစ်က အသင်းကွင်းလယ်လူ နှစ်ဦးဖြစ်တဲ့ ဂျုံး၊ ကိတ်တာတို့နဲ့ ပက်သက်ပြီး သုံးသပ်ချက်တစ်ခု ရေးသားခဲ့ပါတယ်။

သူက ဂျုံးဟာ အကယ်ဒမီမှာ မြင်ထားရတဲ့ ကစားသမားလို မဟုတ်ဘဲ ပိုပြီး နည်းစနစ်ကျကျဖြင့် ခံစစ်ကိုလည်း ကူညီဖို့ကို နားလည်လာတဲ့ ရင့်ကျက်သူတစ်ဦးအဖြစ် ချီးကျူးခဲ့တယ်။ ကိတ်တာရဲ့ ဒဏ်ရာကိုတော့ စိတ်ပျက်မိကြောင်းနဲ့ ဒီလို မကြာခဏ ဒဏ်ရာရနေတာက ကောင်းတဲ့ ကိစ္စ မဟုတ်ကြောင်းလည်း သူက ပြောပါတယ်။

ဂျွန် အဲဒရစ်က ” လက်စတာကို ရင်ဆိုင်ကစားတဲ့ပွဲမှာ လီဗာပူး ကွင်းလယ်လူ နှစ်ဦးက ဆန့်ကျင်ကွဲပြားတဲ့ ထင်ရှားပေါ်လွှင့်မှုတွေ ရှိခဲ့တယ်။ နှစ်ဦးလုံးက ခြေစွမ်းကောင်းပါတယ်။ ဒါပေမယ့် ကာတစ်ဂျုံးက ပိုပြီးမြောက်တဲ့ ပုံစံကို ပြခဲ့ပြီး နာဘီ ကိတ်တာကတော့ နောက်တစ်ကြိမ် စိတ်ပျက်မှုတွေဖြင့် အဆုံးသတ်ခဲ့ပါတယ်။

ကာတစ်ဂျုံးကို သူ့အသက် ၁၅ နှစ် ၁၆ နှစ်လောက်တည်းက အကယ်ဒမီမှာ ကျနော် သိခဲ့တာပါ။ တောက်ပလာမယ့် ကစားသမားဆိုတာ သိခဲ့တယ်။ ထရန့်တုန်းကလည်း ဒီလိုပါပဲ ထူးချွန်တဲ့ အရည်အချင်းရှိသူဖြစ်ခဲ့တယ်။ လူစာရင်းမှာ နယ်ခံသားတွေ ရှိနေဖို့လည်း လိုပါတယ်။

ဒါပေမယ့် လက်စတာနဲ့ပွဲတုန်းက ကားတစ်ဂျုံးရဲ့ ပုံစံက အတိတ်တုန်းက မြင်ဖူးသလို မဟုတ်ပါဘူး။ ပိုပြီး နည်းစနစ်ပိုင်းကျကျ ကစားတဲ့ စွမ်းဆောင်ရည်လို့ ပြောလို့ရတယ်။ မန်နေဂျာက သူ့ကို စီနီယာအတွက် ခေါ်ယူခဲ့ပြီး အကောင်းဆုံး သင်ပြပေးခဲ့တယ်။

အစောပိုင်းတုန်းကတော့ ကွင်းထဲဝင်ပြီး မင်းလုပ်ချင်တာတွေကို လုပ်ကြည့်ဆိုတဲ့ သဘောပါပဲ။ ကာတစ်ဂျုံးကလည်း တိုက်စစ်ကို လိုက်ပြီးရင်း လိုက်နေခဲ့တာပေါ့။ သူက တစ်ပွဲကို ကန်ချက် ၁၀ ကြိမ်လောက် လုပ်နေခဲ့တယ်။ နေရာစုံကနေ ပတ်ကန်နေတာပေါ့။

သူက ခံစစ်ပိုင်းကိုလည်း စိတ်ထဲမှာ ရှိရမယ့် အနေအထားတွေကို နားလည်လာတာက ပိုမို ရင့်ကျက်မှုတွေ ရှိလာတယ်ဆိုတာ ပြသနေတာပါ။ အရင်က မှားယွင်းတဲ့ ရွေးချယ်မှုတွေ လုပ်ခဲ့ပေမယ့် လာမယ့် နှစ်တွေအတွင်း လီဗာပူးအတွက် ပိုကောင်းလာတော့မှာ ဖြစ်ပါတယ်။

ကိတ်တာကတော့ ကံမကောင်းတာပါ။ သူက သူဘာလုပ်နိုင်တယ်ဆိုတာ သက်သေပြချင်ခဲ့သူပါ။ ကွင်းထဲက ထွက်မသွားရချိန်ထိကို အတော်လေး ကောင်းခဲ့ပါတယ်။ သူဒဏ်ရာရသွားတာကတော့ ဆိုးတာပါပဲ။

သူ့အတွက်လည်း ခံစားရပါတယ်။ ဒါက ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်မှုကြောင့်လား လီဗာပူးကစားဟန်ရဲ့ ပြင်းထန်မှုကြောင့်လားတော့ မသိပါဘူး။ ဆေးအဖွဲ့ကိစ္စပါ။ ဒါပေမယ့် ဒီလို မကြာခဏ ဒဏ်ရာတွေရနေတာက ကျနော်ကို အံ့သြမိစေပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

မာေဆးဆိုဒ္အေျခစိုက္ သတင္းဌာနျဖစ္တဲ့ Echo မွာေတာ့ လီဗာပူးတိုက္စစ္သမားေဟာင္း ဂၽြန္ အဲဒရစ္က အသင္းကြင္းလယ္လူ ႏွစ္ဦးျဖစ္တဲ့ ဂ်ံဳး၊ ကိတ္တာတို႔နဲ႔ ပက္သက္ျပီး သံုးသပ္ခ်က္တစ္ခု ေရးသားခဲ့ပါတယ္။

သူက ဂ်ံဳးဟာ အကယ္ဒမီမွာ ျမင္ထားရတဲ့ ကစားသမားလို မဟုတ္ဘဲ ပိုျပီး နည္းစနစ္က်က်ျဖင့္ ခံစစ္ကိုလည္း ကူညီဖို႔ကို နားလည္လာတဲ့ ရင့္က်က္သူတစ္ဦးအျဖစ္ ခ်ီးက်ဴးခဲ့တယ္။ ကိတ္တာရဲ႕ ဒဏ္ရာကိုေတာ့ စိတ္ပ်က္မိေၾကာင္းနဲ႔ ဒီလို မၾကာခဏ ဒဏ္ရာရေနတာက ေကာင္းတဲ့ ကိစၥ မဟုတ္ေၾကာင္းလည္း သူက ေျပာပါတယ္။

ဂၽြန္ အဲဒရစ္က ” လက္စတာကို ရင္ဆိုင္ကစားတဲ့ပြဲမွာ လီဗာပူး ကြင္းလယ္လူ ႏွစ္ဦးက ဆန္႔က်င္ကြဲျပားတဲ့ ထင္ရွားေပၚလႊင့္မႈေတြ ရွိခဲ့တယ္။ ႏွစ္ဦးလံုးက ေျခစြမ္းေကာင္းပါတယ္။ ဒါေပမယ့္ ကာတစ္ဂ်ံဳးက ပိုျပီးေျမာက္တဲ့ ပံုစံကို ျပခဲ့ျပီး နာဘီ ကိတ္တာကေတာ့ ေနာက္တစ္ၾကိမ္ စိတ္ပ်က္မႈေတြျဖင့္ အဆံုးသတ္ခဲ့ပါတယ္။

ကာတစ္ဂ်ံဳးကို သူ႔အသက္ ၁၅ ႏွစ္ ၁၆ ႏွစ္ေလာက္တည္းက အကယ္ဒမီမွာ က်ေနာ္ သိခဲ့တာပါ။ ေတာက္ပလာမယ့္ ကစားသမားဆိုတာ သိခ့ဲတယ္။ ထရန္႔တုန္းကလည္း ဒီလိုပါပဲ ထူးခၽြန္တဲ့ အရည္အခ်င္းရွိသူျဖစ္ခဲ့တယ္။ လူစာရင္းမွာ နယ္ခံသားေတြ ရွိေနဖို႔လည္း လိုပါတယ္။

ဒါေပမယ့္ လက္စတာနဲ႔ပြဲတုန္းက ကားတစ္ဂ်ံဳးရဲ႕ ပံုစံက အတိတ္တုန္းက ျမင္ဖူးသလို မဟုတ္ပါဘူး။ ပိုျပီး နည္းစနစ္ပိုင္းက်က် ကစားတဲ့ စြမ္းေဆာင္ရည္လို႔ ေျပာလို႔ရတယ္။ မန္ေနဂ်ာက သူ႔ကို စီနီယာအတြက္ ေခၚယူခဲ့ျပီး အေကာင္းဆံုး သင္ျပေပးခဲ့တယ္။

အေစာပိုင္းတုန္းကေတာ့ ကြင္းထဲဝင္ျပီး မင္းလုပ္ခ်င္တာေတြကို လုပ္ၾကည့္ဆိုတဲ့ သေဘာပါပဲ။ ကာတစ္ဂ်ံဳးကလည္း တိုက္စစ္ကို လုိက္ျပီးရင္း လိုက္ေနခဲ့တာေပါ့။ သူက တစ္ပြဲကို ကန္ခ်က္ ၁၀ ၾကိမ္ေလာက္ လုပ္ေနခဲ့တယ္။ ေနရာစံုကေန ပတ္ကန္ေနတာေပါ့။

သူက ခံစစ္ပိုင္းကိုလည္း စိတ္ထဲမွာ ရွိရမယ့္ အေနအထားေတြကို နားလည္လာတာက ပိုမို ရင့္က်က္မႈေတြ ရွိလာတယ္ဆိုတာ ျပသေနတာပါ။ အရင္က မွားယြင္းတဲ့ ေရြးခ်ယ္မႈေတြ လုပ္ခဲ့ေပမယ့္ လာမယ့္ ႏွစ္ေတြအတြင္း လီဗာပူးအတြက္ ပိုေကာင္းလာေတာ့မွာ ျဖစ္ပါတယ္။

ကိတ္တာကေတာ့ ကံမေကာင္းတာပါ။ သူက သူဘာလုပ္ႏုိင္တယ္ဆိုတာ သက္ေသျပခ်င္ခဲ့သူပါ။ ကြင္းထဲက ထြက္မသြားရခ်ိန္ထိကို အေတာ္ေလး ေကာင္းခဲ့ပါတယ္။ သူဒဏ္ရာရသြားတာကေတာ့ ဆိုးတာပါပဲ။

သူ႔အတြက္လည္း ခံစားရပါတယ္။ ဒါက ပရီးမီးယားလိဂ္ရဲ႕ ျပင္းထန္မႈေၾကာင့္လား လီဗာပူးကစားဟန္ရဲ႕ ျပင္းထန္မႈေၾကာင့္လားေတာ့ မသိပါဘူး။ ေဆးအဖြဲ႔ကိစၥပါ။ ဒါေပမယ့္ ဒီလို မၾကာခဏ ဒဏ္ရာေတြရေနတာက က်ေနာ္ကို အံ့ၾသမိေစပါတယ္ ” လုိ႔ ဆိုသြားခဲ့ပါတယ္။