ဒီရာသီမှာ ဆာလက်ဟာ လီဗာပူးအတွက် ၁၀ ဂိုး သွင်းပေးထားပြီဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားသစ် ဂျိုတာကလည်း ၈ ဂိုးထိ သွင်းယူပေးထားခဲ့ပါပြီ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဂျိုတာရဲ့ သွင်းဂိုးမှာ ပင်နယ်တီ မပါပါဘူး။

လက်စတာနဲ့ပွဲမှာ ဆာလက် မပါနိုင်ခဲ့ဘဲ သူ့နေရာမှာ ဂျိုတာ ဝင်ရောက် ကစားခဲ့တယ်။ အတ္တလန်တာပွဲကစလို ဆာလက် ပြန်လည် ပါဝင်နိုင်ဖို့ ရှိနေတာကြောင့် ညာခြမ်းတိုက်စစ်မှာ ဂျိုတာအစား ဆာလက်ပဲ ပြန်ပါလာနိုင်ပါတယ်။ မန်နေဂျာကလော့ပ် အနေနဲ့ တိုက်စစ် ၄ ယောက်တန်း ကစားမလား ၃ ယောက်တန်းပဲ ကစားမလားဆိုတာ စိတ်ကြိုက် ရွေးချယ်လို့ ရလာခဲ့ပါပြီ။

ဂျိုတာရဲ့ တိုးတက်လာမှုကို ဖာမင်နိုက ချီးကျူးထားခဲ့ပြီး ပြိုင်ဘက် မဟုတ်တဲ့ ရဲဘော်ရဲဘက်လို့ မှတ်ချက်ပေးထားတယ်။ ဆာလက်ကလည်း တိုက်စစ်မှာ ခြေစွမ်းကောင်းနေတဲ့ ဂျိုတာကို ကြိုဆိုလိုက်ပြီး ယုံကြည်မှုတွေ ပိုတိုးတက်လာတယ်လို့ ပြောပါတယ်။

ဆာလက်က “ ဂျိုတာအတွက် ကျနေ်ာတို့တွေ ပျော်ပါတယ်။ အသင်းဖော်တွေအနေနဲ့ ကျနေ်ာတို့က အချင်းချင်း တွန်းအားပေးနိုင်ဖို့ကို လေ့ကျင့်ရေး နေ့ရက်တိုင်းမှာ ကြိုးစားနေကြတာပါ။ အသင်းဖော် တစ်ဦးဦးက ဝင်ရောက်လာပြီး ဂိုးတွေ သွင်းပေးနေတဲ့အခါ ကျနေ်ာတို့ ပျော်ပါတယ်။ သူက အသင်းကို ကူညီပေးနေပြီး တိုက်စစ်ပိုင်းကို ပိုမို လွယ်ကူလာအောင် လုပ်ပေးနေပါတယ်။

အဲ့လိုမျိုးလဲ ထပ်ထပ်ပြီး ဖြစ်နေဖို့ မျှော်လင့်ထားတယ်။ ဂိုးတွေသွင်းနိုင်တာက သူ့အတွက် ယုံကြည်မှုတွေ ရလာစေမယ့် နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်က ဂိုးတွေ သွင်းနိုင်တာဟာ ကျနော်တို့အတွက် ကောင်းပါတယ်။

အခုဆိုရင် ဒီယေဂိုက ကျနေ်ာတို့နဲ့ တွဲဘက်ပြီး တိုက်စစ် လေးဦး ကစားနိုင်သလို ကျနေ်ာတို့အသင်းက တိုက်စစ်သုံးယောက် ပုံစံဖြင့်လည်း ဆက်ကစားနိုင်ဆဲ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒဏ်ရာပြဿနာတွေ များပြားနေပေမယ့် တိုက်စစ်ကတော့ ယခင်နှစ်တွေကထက် ပိုမို ထက်မြက်လာသလို ရွေးချယ်စရာတွေ ပိုများလာခဲ့တယ်။ မနှစ်ကရာသီ ခံစစ်ဖြင့် နာမည်ကျော်ခဲ့တဲ့ လီဗာပူးက ဒီရာသီမှာ တိုက်စစ်ဖြင့် ပရီးမီးယားလိဂ်ကို လွှမ်းမိုးမလားက စိတ်လှုပ်ရှားစရာပဲ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာ ဆာလက္ဟာ လီဗာပူးအတြက္ ၁၀ ဂိုး သြင္းေပးထားျပီျဖစ္ပါတယ္။ ဒါေပမယ့္ ကစားသမားသစ္ ဂ်ိဳတာကလည္း ၈ ဂိုးထိ သြင္းယူေပးထားခဲ့ပါျပီ။ ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ ဂ်ိဳတာရဲ႕ သြင္းဂိုးမွာ ပင္နယ္တီ မပါပါဘူး။

လက္စတာနဲ႔ပြဲမွာ ဆာလက္ မပါႏုိင္ခဲ့ဘဲ သူ႔ေနရာမွာ ဂ်ိဳတာ ဝင္ေရာက္ ကစားခဲ့တယ္။ အတၱလန္တာပြဲကစလို ဆာလက္ ျပန္လည္ ပါဝင္ႏုိင္ဖို႔ ရွိေနတာေၾကာင့္ ညာျခမ္းတိုက္စစ္မွာ ဂ်ိဳတာအစား ဆာလက္ပဲ ျပန္ပါလာႏုိင္ပါတယ္။ မန္ေနဂ်ာကေလာ့ပ္ အေနနဲ႔ တိုက္စစ္ ၄ ေယာက္တန္း ကစားမလား ၃ ေယာက္တန္းပဲ ကစားမလားဆိုတာ စိတ္ၾကိဳက္ ေရြးခ်ယ္လို႔ ရလာခဲ့ပါျပီ။

ဂ်ိဳတာရဲ႕ တိုးတက္လာမႈကို ဖာမင္ႏိုက ခ်ီးက်ဴးထားခဲ့ျပီး ျပိဳင္ဘက္ မဟုတ္တဲ့ ရဲေဘာ္ရဲဘက္လို႔ မွတ္ခ်က္ေပးထားတယ္။ ဆာလက္ကလည္း တိုက္စစ္မွာ ေျခစြမ္းေကာင္းေနတဲ့ ဂ်ိဳတာကို ၾကိဳဆိုလိုက္ျပီး ယံုၾကည္မႈေတြ ပိုတိုးတက္လာတယ္လို႔ ေျပာပါတယ္။

ဆာလက္က “ ဂ်ိဳတာအတြက္ က်ေန္ာတို႔ေတြ ေပ်ာ္ပါတယ္။ အသင္းေဖာ္ေတြအေနနဲ႔ က်ေန္ာတို႔က အခ်င္းခ်င္း တြန္းအားေပးႏုိင္ဖို႔ကို ေလ့က်င့္ေရး ေန႔ရက္တိုင္းမွာ ၾကိဳးစားေနၾကတာပါ။ အသင္းေဖာ္ တစ္ဦးဦးက ဝင္ေရာက္လာျပီး ဂိုးေတြ သြင္းေပးေနတဲ့အခါ က်ေန္ာတို႔ ေပ်ာ္ပါတယ္။ သူက အသင္းကို ကူညီေပးေနျပီး တိုက္စစ္ပိုင္းကို ပိုမို လြယ္ကူလာေအာင္ လုပ္ေပးေနပါတယ္။

အဲ့လိုမ်ိဳးလဲ ထပ္ထပ္ျပီး ျဖစ္ေနဖို႔ ေမွ်ာ္လင့္ထားတယ္။ ဂိုးေတြသြင္းႏုိင္တာက သူ႔အတြက္ ယံုၾကည္မႈေတြ ရလာေစမယ့္ နည္းလမ္းေကာင္းပဲ ျဖစ္ပါတယ္။ တစ္ဦးတစ္ေယာက္က ဂိုးေတြ သြင္းႏုိင္တာဟာ က်ေနာ္တို႔အတြက္ ေကာင္းပါတယ္။

အခုဆိုရင္ ဒီေယဂိုက က်ေန္ာတို႔နဲ႔ တြဲဘက္ျပီး တိုက္စစ္ ေလးဦး ကစားႏုိင္သလို က်ေန္ာတို႔အသင္းက တိုက္စစ္သံုးေယာက္ ပံုစံျဖင့္လည္း ဆက္ကစားႏိုင္ဆဲ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဒဏ္ရာျပႆနာေတြ မ်ားျပားေနေပမယ့္ တိုက္စစ္ကေတာ့ ယခင္ႏွစ္ေတြကထက္ ပိုမို ထက္ျမက္လာသလို ေရြးခ်ယ္စရာေတြ ပိုမ်ားလာခဲ့တယ္။ မႏွစ္ကရာသီ ခံစစ္ျဖင့္ နာမည္ေက်ာ္ခဲ့တဲ့ လီဗာပူးက ဒီရာသီမွာ တိုက္စစ္ျဖင့္ ပရီးမီးယားလိဂ္ကို လႊမ္းမိုးမလားက စိတ္လႈပ္ရွားစရာပဲ ျဖစ္ပါတယ္။