လီဗာပူးခံစစ်သမားဟောင်း ကာရေဂါက ကလပ်ရဲ့ ကစားဟန်ဟာ အသွင်ပြောင်းမှုတွေ ရှိလာခဲ့ပြီး ဗန်ဒိုက် မပါနိုင်တဲ့ ခံစစ်ကစားဟန်ကလည်း အပြောင်းအလဲတွေ စတင်လာတယ်လို့ ဆိုပါတယ်။

လီဗာပူးခံစစ်ဟာ ဗန်ဒိုက်ရှိစဉ်က ယုံကြည်မှုရှိရှိ ကစားပေမယ့် ဂိုးတွေ ပေးနေရတယ်။ ခံစစ်လိုင်း မြင့်ထားမှုဟာ ဂိုးတွေ ပေးနေရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်ပြီး အခုချိန်မှာတော့ အနည်းငယ် ချကစားမှုတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ကာရေဂါက ” လက်စတာကို ယှဉ်ပြိုင်တဲ့ပွဲမှာ လီဗာပူးက ပြောင်းလဲသွားတယ်လို့ လူတွေက ပြောကြတယ်။ သူတို့ ၁၀ ကိုက် ၁၅ ကိုက်လောက် နောက်ဆုတ် ကစားခဲ့တယ်။ လီဗာပူးပွဲတွေ အများကြီး ကြည့်ပေမယ့် အဲ့လောက် ချကစားတာမျိုး မမြင်ခဲ့ဖူးပါဘူး။

ဗာဒီကို သူတို့ ဘယ်လို ရင်ဆိုင်မလဲဆိုတာကို ကျနော် သုံးသပ်ခဲ့တယ်။ ဗန်ဒိုက် မပါဘဲ သူတို့ ၁၀ ကိုက် ၁၅ ကိုက်လောက် ချကစားမယ်လို့ ဘယ်သူကမှ မပြောနိုင်ဘူး။ သူတို့ ခံစစ်လိုင်းကို မြင်ထားဆဲပါ ဒါပေမယ့် ခြားနားသွားတာက ဖာဘင်ညို ရွေးချယ်ထားသလို ခန္ဓာကိုယ် ယူထားမှု ပုံစံတွေဖြစ်ပါတယ်။

သူ့က ကွင်းလယ်လူဖြစ်ပေမယ့် ထူးချွန်သူဖြစ်ပါတယ်။ ခံစစ်ကို မြင့်မြင့်ကစားပေမယ့် ဘောလုံးက သူ့ခေါင်းကို ကျော်သွားချိန်မှာ နောက်ကို ပြန်လှည့်ပြေးဖို့ အဆင်သင့်ဖြစ်နေတယ်။ သူ ပြန်လှည့်ပြေးပြီး ဗာဒီကို ရင်ဆိုင်ဖို့ အဆင်သင့်ပြင်ထားခဲ့တယ်။

ကုန်ခဲ့တဲ့ ဘောလုံးရာသီတွေမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှာ ဗန်ဒိုက် ပါခဲ့တာကို မမေ့ဖို့ လိုပါတယ်။ ဒါပေမယ့် ဒီရာသီစ လီဗာပူးခံစစ်မှာ ပြဿနာတွေ ရှိလာခဲ့တယ်။ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ၃ ဂိုးပေးရတာနဲ့ အက်စတွန်ဗီလာပွဲတွေပေါ့။ ” လို့ ရှင်းပြခဲ့တယ်။

ဒီရာသီမှာ လီဗာပူးက ခံစစ်ပိုင်း ရွေးချယ်တာတွေ မှားခဲ့တယ်လို့ ဝေဖန်မှုတွေ များခဲ့တယ်။ ခံစစ်ပိုင်းက ပေးဂိုးတွေ သိပ်များနေခဲ့ပြီး အသင်းသားတွေက ဗန်ဒိုက်ကို သိပ်အားကိုးလွန်းကာ ကိုယ်ရဲ့ ခံစစ်ပိုင်း တာဝန်တွေကို မကျေပွန်ခဲ့ကြဘူး။ ဗန်ဒိုက် မရှိချိန်မှာတော့ အားလုံးက ကိုယ်ရဲ့တာဝန်ကို ကိုယ်ယူလာခဲ့ကာ ဦးဆောင်မှုတွေ ပိုတိုးတက်လာခဲ့တယ်လို့ ကာရေဂါက မြင်ပါတယ်။

လီဗာပူးသားကြီးက ” ရာသီစ ခံစစ်အကြောင်းကို ပြောတုန်းက လီဗာပူးခံစစ်က သိပ်ကောင်းတဲ့ မှတ်တမ်းတွေ ရှိထားတာကြောင့် ဝေဖန်ရခက်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အက်စတွန်ဗီလာပွဲမှာဆို လီဗာပူးခံစစ် ရွေးချယ်ပုံက မှားခဲ့တယ်။ အဲ့တုန်းက လီဗာပူးရဲ့ ခံစစ်လိုက်မြင့်မှုက အခု အနေအထားနဲ့ မတူပါဘူး။ အဲ့တုန်းက လီဗာပူးခံစစ်သမားတွေက ပြန်လှည့်ပြေးရမယ့် နေရာတွေမှာ ရှိနေဖို့လိုတယ်လို့ ကျနော် ထင်ခဲ့တယ်။

ဗန်ဒိုက် မရှိချိန်မှာ အခြားသော ကစားသမားတွေက ပိုပြီး လုပ်ရဖို့ ဖြစ်လာတယ်။ တစ်ခါတလေမှာ ခံစစ်က ကစားသမားတစ်ဦးတည်းနဲ့ မဆိုင်ပါဘူး။ တစ်ချိန်တည်းမှာ ကစားသမား ၃ ဦး ၄ ဦးနဲ့ သက်ဆိုင်တာပါ။ အခုချိန်မှာ အဲ့တာကို မြင်လာရပါတယ်။ အခြားသော ကစားသမားတွေကလည်း ဦးဆောင်နိုင်မှုတွေမှာ ပိုတိုးတက်လာကြပါပြီ။ ”

ZAWGYI

လီဗာပူးခံစစ္သမားေဟာင္း ကာေရဂါက ကလပ္ရဲ႕ ကစားဟန္ဟာ အသြင္ေျပာင္းမႈေတြ ရွိလာခဲ့ျပီး ဗန္ဒိုက္ မပါႏုိင္တဲ့ ခံစစ္ကစားဟန္ကလည္း အေျပာင္းအလဲေတြ စတင္လာတယ္လို႔ ဆိုပါတယ္။

လီဗာပူးခံစစ္ဟာ ဗန္ဒိုက္ရွိစဥ္က ယံုၾကည္မႈရွိရွိ ကစားေပမယ့္ ဂိုးေတြ ေပးေနရတယ္။ ခံစစ္လိုင္း ျမင့္ထားမႈဟာ ဂိုးေတြ ေပးေနရျခင္းရဲ႕ အဓိက အေၾကာင္းရင္းျဖစ္ျပီး အခုခ်ိန္မွာေတာ့ အနည္းငယ္ ခ်ကစားမႈေတြ ရွိလာခဲ့ျပီျဖစ္ပါတယ္။

ကာေရဂါက ” လက္စတာကို ယွဥ္ျပိဳင္တဲ့ပြဲမွာ လီဗာပူးက ေျပာင္းလဲသြားတယ္လို႔ လူေတြက ေျပာၾကတယ္။ သူတို႔ ၁၀ ကိုက္ ၁၅ ကိုက္ေလာက္ ေနာက္ဆုတ္ ကစားခဲ့တယ္။ လီဗာပူးပြဲေတြ အမ်ားၾကီး ၾကည့္ေပမယ့္ အဲ့ေလာက္ ခ်ကစားတာမ်ိုး မျမင္ခဲ့ဖူးပါဘူး။

ဗာဒီကို သူတို႔ ဘယ္လို ရင္ဆိုင္မလဲဆိုတာကို က်ေနာ္ သံုးသပ္ခဲ့တယ္။ ဗန္ဒိုက္ မပါဘဲ သူတို႔ ၁၀ ကိုက္ ၁၅ ကိုက္ေလာက္ ခ်ကစားမယ္လို႔ ဘယ္သူကမွ မေျပာႏုိင္ဘူး။ သူတို႔ ခံစစ္လိုင္းကို ျမင္ထားဆဲပါ ဒါေပမယ့္ ျခားနားသြားတာက ဖာဘင္ညိဳ ေရြးခ်ယ္ထားသလို ခႏၶာကိုယ္ ယူထားမႈ ပံုစံေတြျဖစ္ပါတယ္။

သူ႔က ကြင္းလယ္လူျဖစ္ေပမယ့္ ထူးခၽြန္သူျဖစ္ပါတယ္။ ခံစစ္ကို ျမင့္ျမင့္ကစားေပမယ့္ ေဘာလံုးက သူ႔ေခါင္းကို ေက်ာ္သြားခ်ိန္မွာ ေနာက္ကို ျပန္လွည့္ေျပးဖို႔ အဆင္သင့္ျဖစ္ေနတယ္။ သူ ျပန္လွည့္ေျပးျပီး ဗာဒီကို ရင္ဆိုင္ဖို႔ အဆင္သင့္ျပင္ထားခဲ့တယ္။

ကုန္ခဲ့တဲ့ ေဘာလံုးရာသီေတြမွာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ခံစစ္မွာ ဗန္ဒိုက္ ပါခဲ့တာကို မေမ့ဖို႔ လိုပါတယ္။ ဒါေပမယ့္ ဒီရာသီစ လီဗာပူးခံစစ္မွာ ျပႆနာေတြ ရွိလာခဲ့တယ္။ လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ၃ ဂိုးေပးရတာနဲ႔ အက္စတြန္ဗီလာပြဲေတြေပါ့။ ” လို႔ ရွင္းျပခဲ့တယ္။

ဒီရာသီမွာ လီဗာပူးက ခံစစ္ပိုင္း ေရြးခ်ယ္တာေတြ မွားခဲ့တယ္လို႔ ေဝဖန္မႈေတြ မ်ားခဲ့တယ္။ ခံစစ္ပိုင္းက ေပးဂိုးေတြ သိပ္မ်ားေနခဲ့ျပီး အသင္းသားေတြက ဗန္ဒိုက္ကို သိပ္အားကိုးလြန္းကာ ကိုယ္ရဲ႕ ခံစစ္ပိုင္း တာဝန္ေတြကို မေက်ပြန္ခဲ့ၾကဘူး။ ဗန္ဒိုက္ မရွိခ်ိန္မွာေတာ့ အားလံုးက ကိုယ္ရဲ႕တာဝန္ကို ကိုယ္ယူလာခဲ့ကာ ဦးေဆာင္မႈေတြ ပိုတိုးတက္လာခဲ့တယ္လို႔ ကာေရဂါက ျမင္ပါတယ္။

လီဗာပူးသားၾကီးက ” ရာသီစ ခံစစ္အေၾကာင္းကို ေျပာတုန္းက လီဗာပူးခံစစ္က သိပ္ေကာင္းတဲ့ မွတ္တမ္းေတြ ရွိထားတာေၾကာင့္ ေဝဖန္ရခက္တယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ အက္စတြန္ဗီလာပြဲမွာဆို လီဗာပူးခံစစ္ ေရြးခ်ယ္ပံုက မွားခဲ့တယ္။ အဲ့တုန္းက လီဗာပူးရဲ႕ ခံစစ္လိုက္ျမင့္မႈက အခု အေနအထားနဲ႔ မတူပါဘူး။ အဲ့တုန္းက လီဗာပူးခံစစ္သမားေတြက ျပန္လွည့္ေျပးရမယ့္ ေနရာေတြမွာ ရွိေနဖို႔လိုတယ္လို႔ က်ေနာ္ ထင္ခဲ့တယ္။

ဗန္ဒိုက္ မရွိခ်ိန္မွာ အျခားေသာ ကစားသမားေတြက ပိုျပီး လုပ္ရဖို႔ ျဖစ္လာတယ္။ တစ္ခါတေလမွာ ခံစစ္က ကစားသမားတစ္ဦးတည္းနဲ႔ မဆိုင္ပါဘူး။ တစ္ခ်ိန္တည္းမွာ ကစားသမား ၃ ဦး ၄ ဦးနဲ႔ သက္ဆုိင္တာပါ။ အခုခ်ိန္မွာ အဲ့တာကို ျမင္လာရပါတယ္။ အျခားေသာ ကစားသမားေတြကလည္း ဦးေဆာင္ႏုိင္မႈေတြမွာ ပိုတိုးတက္လာၾကပါျပီ။ “