အတ္တလန်တာပွဲကြိုမှာ မန်နေဂျာယာဂင်ကလော့ပ်က တိုက်စစ်မှာ ဂိုးပေါက် ပြန်ရှာတွေ့နေတဲ့ ဘော်ဘီ ဖာမင်နိုကို အသိအမှတ်ပြု ချီးကျူးမှုတွေ လုပ်သွားခဲ့ပါတယ်။

လက်စတာကို အနိုင်ရခဲ့စဉ် ပွဲသိမ်းဂိုးကို ဘော်ဘီက ခေါင်းတိုက် သွင်းယူခဲ့တာပါ။ သူ ဂိုးရပြီးတဲ့နောက် လီဗာပူးအသင်းဖော်တွေက ပြုံးပန်ဝေနေတဲ့ ဘော်ဘီကို အတော်လေး ပွေ့ဖက် အောင်ပွဲခံခဲ့တာကိုလည်း အားလုံး မြင်ခဲ့ရမှာဖြစ်တယ်။

အသင်းဖော်တိုင်းရဲ့ အချစ်တော်ဖြစ်သလို ပရိသတ်တွေရဲ့ အသဲစွဲလည်းဖြစ်တဲ့ ဘော်ဘီဟာ အသင်းအတွက် ပေးဆပ်ကစားတတ်သူ ဖြစ်သော်လည်း သွင်းဂိုး နည်းပါးခြင်းကြောင့် ဝေဖန်သူတွေရဲ့ ထောက်ပြမှုကို အမြဲတမ်း ခံနေရသူဖြစ်ပါတယ်။

လီဗာပူးအတွက် ဖာမင်နိုက ဘယ်လောက် အရေးကြီးသလဲဆိုတာတွေအတွက် ကလော့ပ်က ” ဘော်ဘီအတွက် ဂိုးတွေသွင်းနိုင်ဖို့က အမြဲတမ်း အရေးပါပါတယ်။ ဒါပေမယ့် သူက ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်ပါတယ်။

ဘောလုံးက ဂီတသံစုံတီးဝိုင်းနဲ့ တူပါတယ်။ မတူညီတဲ့ ဂီတတူရိယာတွေအတွက် ခြားနားတဲ့ လူတွေကိုလိုအပ်ပါတယ်။ အချို့တွေက အသံကျယ်ကျယ် ထွက်လိမ့်မယ်၊ အချို့တွေက အသံ တိုးတိတ် ငြင်သာတယ်။ ဒါပေမယ့်လို့ အားလုံးက သံစုံတီးဝိုင်းအတွက် အရေးပါပါတယ်။ ဘော်ဘီကတော့ ဂီတသံစုံတီးဝိုင်းအတွက် တူရိယာ ၁၂ မျိုးလောက်ကို တီးခတ်ပေးရသူလို ကစားပေးနေသူ ဖြစ်ပါတယ်။ ” ဆိုပြီး ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဘော်ဘီဟာ ဒီရာသီကို ရုန်းကန်ရမှုတွေနဲ့ စတင်လာရပေမယ့် အခုချိန်မှာတော့ ခြေစွမ်း တည်ငြိမ်မှုတွေ ပြသလာနိုင်နေပါပြီ။ ဘရာဇီးအသင်းမှာ ဂိုးသွင်းခြေတွေ့နေသလို ကလပ်မှာလည်း ဂိုးတွေ ရလာနေတာကြောင့် သူ့အပေါ် ကျရောက်နေတဲ့ ဖိအားတွေ လျော့ပါသွားမယ်လို့ ယုံကြည်ရတာ ဖြစ်ပါတယ်။

ZAWGYI

အတၱလန္တာပြဲၾကိဳမွာ မန္ေနဂ်ာယာဂင္ကေလာ့ပ္က တိုက္စစ္မွာ ဂိုးေပါက္ ျပန္ရွာေတြ႔ေနတဲ့ ေဘာ္ဘီ ဖာမင္ႏုိကို အသိအမွတ္ျပဳ ခ်ီးက်ဴးမႈေတြ လုပ္သြားခဲ့ပါတယ္။

လက္စတာကို အႏုိင္ရခဲ့စဥ္ ပြဲသိမ္းဂိုးကို ေဘာ္ဘီက ေခါင္းတိုက္ သြင္းယူခဲ့တာပါ။ သူ ဂိုးရျပီးတဲ့ေနာက္ လီဗာပူးအသင္းေဖာ္ေတြက ျပံဳးပန္ေဝေနတဲ့ ေဘာ္ဘီကို အေတာ္ေလး ေပြ႔ဖက္ ေအာင္ပြဲခံခဲ့တာကိုလည္း အားလံုး ျမင္ခဲ့ရမွာျဖစ္တယ္။

အသင္းေဖာ္တိုင္းရဲ႕ အခ်စ္ေတာ္ျဖစ္သလို ပရိသတ္ေတြရဲ႕ အသဲစြဲလည္းျဖစ္တဲ့ ေဘာ္ဘီဟာ အသင္းအတြက္ ေပးဆပ္ကစားတတ္သူ ျဖစ္ေသာ္လည္း သြင္းဂိုး နည္းပါးျခင္းေၾကာင့္ ေဝဖန္သူေတြရဲ႕ ေထာက္ျပမႈကို အျမဲတမ္း ခံေနရသူျဖစ္ပါတယ္။

လီဗာပူးအတြက္ ဖာမင္ႏိုက ဘယ္ေလာက္ အေရးၾကီးသလဲဆိုတာေတြအတြက္ ကေလာ့ပ္က ” ေဘာ္ဘီအတြက္ ဂိုးေတြသြင္းႏုိင္ဖို႔က အျမဲတမ္း အေရးပါပါတယ္။ ဒါေပမယ့္ သူက ျပီးျပည့္စံုတဲ့ ကစားသမား ျဖစ္ပါတယ္။

ေဘာလံုးက ဂီတသံစံုတီးဝုိင္းနဲ႔ တူပါတယ္။ မတူညီတဲ့ ဂီတတူရိယာေတြအတြက္ ျခားနားတဲ့ လူေတြကိုလိုအပ္ပါတယ္။ အခ်ိဳ႔ေတြက အသံက်ယ္က်ယ္ ထြက္လိမ့္မယ္၊ အခ်ိဳ႔ေတြက အသံ တိုးတိတ္ ျငင္သာတယ္။ ဒါေပမယ့္လို႔ အားလံုးက သံစံုတီးဝိုင္းအတြက္ အေရးပါပါတယ္။ ေဘာ္ဘီကေတာ့ ဂီတသံစံုတီးဝိုင္းအတြက္ တူရိယာ ၁၂ မ်ိဳးေလာက္ကို တီးခတ္ေပးရသူလို ကစားေပးေနသူ ျဖစ္ပါတယ္။ ” ဆိုျပီး ရွင္းျပခဲ့တာျဖစ္ပါတယ္။

ေဘာ္ဘီဟာ ဒီရာသီကို ရုန္းကန္ရမႈေတြနဲ႔ စတင္လာရေပမယ့္ အခုခ်ိန္မွာေတာ့ ေျခစြမ္း တည္ျငိမ္မႈေတြ ျပသလာႏုိင္ေနပါျပီ။ ဘရာဇီးအသင္းမွာ ဂိုးသြင္းေျခေတြ႔ေနသလို ကလပ္မွာလည္း ဂိုးေတြ ရလာေနတာေၾကာင့္ သူ႔အေပၚ က်ေရာက္ေနတဲ့ ဖိအားေတြ ေလ်ာ့ပါသြားမယ္လို႔ ယံုၾကည္ရတာ ျဖစ္ပါတယ္။