မနက်ဖြန် ညမှာတော့ ချန်ပီယံလိဂ်ပွဲအဖြစ် လီဗာပူးက အီတလီကလပ် အတ္တလန်တာကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အုပ်စုတွင်း ၃ ပွဲကစား ရမှတ် ၉ မှတ်ရထားတဲ့ လီဗာပူးဟာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အခြေအနေ ကောင်းနေတာပါ။ ဒီပွဲကို အပြတ်ဖြတ်နိုင်ခဲ့ရင် အုပ်စုကို ကျော်လွန်ပြီလို့ ပြောလို့ ရနိုင်တာကြောင့် သတိကြီးထားပြီး ယှဉ်ပြိုင်လာဖွယ် ရှိပါတယ်။

အိုဝင်က ” ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့အတူ လီဗာပူးက ၄ ပွဲမြောက်ပွဲကို ယှဉ်ပြိုင်လာမှာပါ။ အတ္တလန်တာနဲ့ အရင်တွေ့ဆုံမှုတုန်းက ဒဏ်ရာပြဿနာတွေ များနေပေမယ့် လီဗာပူးက အကောင်းဆုံး လုပ်ပြခဲ့တယ်။ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး တစ်နေရာကို ပူးပေါင်းထားတဲ့ လီဗာပူးက ချန်ပီယံလိဂ်မှာလည်း ထိပ်ဆုံးမှာ ရှိနေပါတယ်။

စီးရီးအေမှာ အဆင့် ၇ နေရာက ရှိနေတဲ့ အတ္တလန်တာက ဒီရာသီမှာ အဆိုးအကောင်း ရောမွေနေပါတယ်။ ဒီတွေ့ဆုံမှုမှာ တစ်ခုခု ရသင့်တယ်လို့ အီတလီတွေ ထင်မှတ်နေနိုင်ပေမယ့် ကြမ်တမ်းတဲ့ စိန်ခေါ်မှု ဖြစ်လာမှာပါ။

လီဗာပူးတိုက်စစ်လိုင်းက လက်စတာကို ရင်ဆိုင်ကစားတဲ့ ပွဲမှာလည်း သိပ်ကောင်းနေပါတယ်။ ဂျိုတာက သူ့ရဲ့ ပုံစံကောင်းတွေကို ဆက်လက် ပြသနေပြီး တနင်္ဂနွေ ပွဲတုန်းကလည်း ဂိုးသွင်းထားခဲ့တယ်။ သူ့ကိုလည်း စောင့်ကြည့်သွားရမှာပါ။

ဘောလုံးရာသီတိုင်းမှာ မာနေးကလည်း ထိပ်တန်း ခြေစွမ်း ပြသထားပါတယ်။ တနင်္ဂနွေနေ့တုန်းက မာနေးက ဂိုးကန်သွင်းချက် ၆ ကြိမ်ထိ ရထားတယ်။ အတ္တလန်တာကို ရင်ဆိုင်တဲ့ပွဲမှာလည်း သွင်းဂိုး ၁ ဂိုး ရထားခဲ့တယ်။ အိမ်ကွင်းပွဲမှာ အတ္တလန်တာကို လီဗာပူးက ဂိုးတွေ သွင်းမှာဖြစ်ပြီး သူကလည်း ဂိုးသွင်းနိုင်မယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ အတ္တလန်တာပွဲအတွက် အိုဝင်ရဲ့ ခန့်မှန်းရလဒ်က ၃-၀ ဖြင့် လီဗာပူး အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

မနက္ျဖန္ ညမွာေတာ့ ခ်န္ပီယံလိဂ္ပြဲအျဖစ္ လီဗာပူးက အီတလီကလပ္ အတၱလန္တာကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

အုပ္စုတြင္း ၃ ပြဲကစား ရမွတ္ ၉ မွတ္ရထားတဲ့ လီဗာပူးဟာ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ အေျခအေန ေကာင္းေနတာပါ။ ဒီပြဲကို အျပတ္ျဖတ္ႏုိင္ခ့ဲရင္ အုပ္စုကို ေက်ာ္လြန္ျပီလို႔ ေျပာလို႔ ရႏုိင္တာေၾကာင့္ သတိၾကီးထားျပီး ယွဥ္ျပိဳင္လာဖြယ္ ရွိပါတယ္။

အိုဝင္က ” ခ်န္ပီယံလိဂ္မွာ ရာႏႈန္းျပည့္ ႏုိင္ပြဲနဲ႔အတူ လီဗာပူးက ၄ ပြဲေျမာက္ပြဲကို ယွဥ္ျပိဳင္လာမွာပါ။ အတၱလန္တာနဲ႔ အရင္ေတြ႔ဆံုမႈတုန္းက ဒဏ္ရာျပႆနာေတြ မ်ားေနေပမယ့္ လီဗာပူးက အေကာင္းဆံုး လုပ္ျပခဲ့တယ္။ ပရီးမီးယားလိဂ္မွာ ထိပ္ဆံုး တစ္ေနရာကို ပူးေပါင္းထားတဲ့ လီဗာပူးက ခ်န္ပီယံလိဂ္မွာလည္း ထိပ္ဆံုးမွာ ရွိေနပါတယ္။

စီးရီးေအမွာ အဆင့္ ၇ ေနရာက ရွိေနတဲ့ အတၱလန္တာက ဒီရာသီမွာ အဆိုးအေကာင္း ေရာေမြေနပါတယ္။ ဒီေတြ႔ဆံုမႈမွာ တစ္ခုခု ရသင့္တယ္လို႔ အီတလီေတြ ထင္မွတ္ေနႏုိင္ေပမယ့္ ၾကမ္တမ္းတဲ့ စိန္ေခၚမႈ ျဖစ္လာမွာပါ။

လီဗာပူးတိုက္စစ္လိုင္းက လက္စတာကို ရင္ဆိုင္ကစားတဲ့ ပြဲမွာလည္း သိပ္ေကာင္းေနပါတယ္။ ဂ်ိဳတာက သူ႔ရဲ႕ ပံုစံေကာင္းေတြကို ဆက္လက္ ျပသေနျပီး တနဂၤေႏြ ပြဲတုန္းကလည္း ဂိုးသြင္းထားခဲ့တယ္။ သူ႔ကိုလည္း ေစာင့္ၾကည့္သြားရမွာပါ။

ေဘာလံုးရာသီတိုင္းမွာ မာေနးကလည္း ထိပ္တန္း ေျခစြမ္း ျပသထားပါတယ္။ တနဂၤေႏြေန႔တုန္းက မာေနးက ဂိုးကန္သြင္းခ်က္ ၆ ၾကိမ္ထိ ရထားတယ္။ အတၱလန္တာကို ရင္ဆိုင္တဲ့ပြဲမွာလည္း သြင္းဂိုး ၁ ဂိုး ရထားခဲ့တယ္။ အိမ္ကြင္းပြဲမွာ အတၱလန္တာကို လီဗာပူးက ဂိုးေတြ သြင္းမွာျဖစ္ျပီး သူကလည္း ဂိုးသြင္းႏုိင္မယ္လို႔ ထင္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးနဲ႔ အတၱလန္တာပြဲအတြက္ အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္က ၃-၀ ျဖင့္ လီဗာပူး အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။