တိုက်စစ်မှူး ဆာလက်ကို အတ္တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပွဲထုတ်လို့ ရပြီဖြစ်ကြောင်း မန်နေဂျာကလော့ပ်က အတည်ပြုပါတယ်။

သီယာဂို အပါအဝင် ဒဏ်ရာရ ကစားသမားတွေ ချန်ပီယံလိဂ်ပွဲမှာ ပြန်ပါလာမလား အမေးကို ကလော့ပ်က နည်းစနစ်ကို ကြိုတင်ပြောလိုခြင်း မရှိတာကြောင့် ဖြေဆိုပေးဖို့ ငြင်းဆန်လိုပါကြောင်း တုန့်ပြန်ပါတယ်။

အီတလီမှာ ၅ ဂိုးပြတ် အနိုင်ရတိုင်း အန်ဖီးမှာ အတ္တလန်တာကို ဂိုးပြတ် အနိုင်ရမှာ မဟုတ်ဘဲ ဂရုစိုက်ကာ ပြင်ဆင်ဖို့လိုမယ်လို့ ယာဂင်ကလော့ပ်နဲ့အတူ မီဒီယာတွေ့ဆုံမှုကို တက်ရောက်ခဲ့တဲ့ မာတစ်က ဖြေဆိုပါတယ်။

ပရီးမီးယားလိဂ် ၂ အဖြစ် လီဗာပူး ယူ-၂၃ အသင်းနဲ့ ဆောက်သမ်တန် ယူ-၂၃ အသင်းတို့ပွဲမှာ တိုက်စစ်သမားတွေဖြစ်တဲ့ ပေါလ် ဂလေဇယ်ကော ဂျိုးဟာဒီပါ ဒဏ်ရာရသွားခဲ့ပါတယ်။

လီဗာပူးအတွက် ဖာမင်နိုက ဘယ်လောက် အရေးကြီးသလဲကို ကလော့ပ်က ” ဘော်ဘီအတွက် ဂိုးတွေသွင်းနိုင်ဖို့က အမြဲတမ်း အရေးပါပါတယ်။ ဒါပေမယ့် သူက ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်ပါတယ်။ သူက ဂီတသံစုံတီးဝိုင်းအတွက် တူရိယာ ၁၂ မျိုးလောက်ကို တီးခတ်ပေးရသူလို ကစားပေးနေသူ ဖြစ်ပါတယ်။ ” ဆိုပြီး ရှင်းပြခဲ့ပါတယ်။

လီဗာပူးခံစစ်သမားဟောင်း ကာရေဂါက ကလပ်ရဲ့ ကစားဟန်ဟာ အသွင်ပြောင်းမှုတွေ ရှိလာခဲ့ပြီး ဗန်ဒိုက် မပါနိုင်တဲ့ ခံစစ်ကစားဟန်ကလည်း အပြောင်းအလဲတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။

ဆာလက်က တိုက်စစ်မှာ ခြေစွမ်းကောင်းနေတဲ့ ဂျိုတာကို ကြိုဆိုလိုက်ပြီး အသင်းကို ကူညီမယ့်သူ တစ်ဦး တိုးတက်လာခြင်းက နည်းစနစ်ပိုင်းအရတင် မဟုတ်ဘဲ ယုံကြည်မှုပိုင်းတွေမှာလည်း ပိုတိုးတက်လာစေတယ်လို့ ပြောပါတယ်။

လီဗာပူးတိုက်စစ်သမားဟောင်း ဂျွန် အဲဒရစ်က မာဆေးဆိုဒ်အခြေစိုက် သတင်းဌာနဖြစ်တဲ့ Echo ကနေ ကွင်းလယ်လူ ဂျုံးဟာ ပိုမို ရင့်ကျက်လာသလို နည်းစနစ်ပိုင်းမှာ ပိုကောင်းမွန်စွာ ကစားလာနိုင်ပြီဆိုတဲ့ သုံးသပ်ချက်တစ်ခု ရေးသားခဲ့ပါတယ်။

မာဆေးဆိုဒ်ဒါဘီပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ သီယာဂို ပြန်မကစားနိုင်သေးတဲ့အပေါ် စိတ်မရှည်နိုင် ဖြစ်နေပြီး ဝေဖန်မှုတွေကိုပါ လူသိထင်ရှား လုပ်နေကြသူတွေကို အံ့အားသင့်မိကြောင်း မန်နေဂျာကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ဗြိတိန်အစိုးရက လော့ဒေါင်းတွေကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင် ရုတ်သိမ်းတော့မှာဖြစ်လို့ အဆင့်မြင့်တန်း အားကစားပြိုင်ပွဲတွေကို ပရိသတ် ပြန်ဝင်ခွင့်တွေ ပေးသွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ကနဦးအဆင့် ပါဝင်ခွင့်ရမယ့် ကလပ်တွေထဲမှာ လီဗာပူးအပါအဝင် အင်္ဂလန် အနောက်မြောက်ပိုင်း ကလပ်တွေ ပါဝင်ဖို့ မသေချာသေးပါဘူး။

ZAWGYI

တိုက္စစ္မွဴး ဆာလက္ကို အတၱလန္တာနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ပြဲထုတ္လို႔ ရျပီျဖစ္ေၾကာင္း မန္ေနဂ်ာကေလာ့ပ္က အတည္ျပဳပါတယ္။

သီယာဂို အပါအဝင္ ဒဏ္ရာရ ကစားသမားေတြ ခ်န္ပီယံလိဂ္ပြဲမွာ ျပန္ပါလာမလား အေမးကို ကေလာ့ပ္က နည္းစနစ္ကို ၾကိဳတင္ေျပာလိုျခင္း မရွိတာေၾကာင့္ ေျဖဆိုေပးဖို႔ ျငင္းဆန္လိုပါေၾကာင္း တုန္႔ျပန္ပါတယ္။

အီတလီမွာ ၅ ဂိုးျပတ္ အႏိုင္ရတိုင္း အန္ဖီးမွာ အတၱလန္တာကို ဂိုးျပတ္ အႏိုင္ရမွာ မဟုတ္ဘဲ ဂရုစိုက္ကာ ျပင္ဆင္ဖို႔လိုမယ္လို႔ ယာဂင္ကေလာ့ပ္နဲ႔အတူ မီဒီယာေတြ႔ဆံုမႈကို တက္ေရာက္ခဲ့တဲ့ မာတစ္က ေျဖဆိုပါတယ္။

ပရီးမီးယားလိဂ္ ၂ အျဖစ္ လီဗာပူး ယူ-၂၃ အသင္းနဲ႔ ေဆာက္သမ္တန္ ယူ-၂၃ အသင္းတို႔ပြဲမွာ တိုက္စစ္သမားေတြျဖစ္တဲ့ ေပါလ္ ဂေလဇယ္ေကာ ဂ်ိဳးဟာဒီပါ ဒဏ္ရာရသြားခဲ့ပါတယ္။

လီဗာပူးအတြက္ ဖာမင္ႏိုက ဘယ္ေလာက္ အေရးၾကီးသလဲကို ကေလာ့ပ္က ” ေဘာ္ဘီအတြက္ ဂိုးေတြသြင္းႏုိင္ဖို႔က အျမဲတမ္း အေရးပါပါတယ္။ ဒါေပမယ့္ သူက ျပီးျပည့္စံုတဲ့ ကစားသမား ျဖစ္ပါတယ္။ သူက ဂီတသံစံုတီးဝိုင္းအတြက္ တူရိယာ ၁၂ မ်ိဳးေလာက္ကို တီးခတ္ေပးရသူလို ကစားေပးေနသူ ျဖစ္ပါတယ္။ ” ဆိုျပီး ရွင္းျပခဲ့ပါတယ္။

လီဗာပူးခံစစ္သမားေဟာင္း ကာေရဂါက ကလပ္ရဲ႕ ကစားဟန္ဟာ အသြင္ေျပာင္းမႈေတြ ရွိလာခဲ့ျပီး ဗန္ဒိုက္ မပါႏုိင္တဲ့ ခံစစ္ကစားဟန္ကလည္း အေျပာင္းအလဲေတြ ရွိလာေနတယ္လို႔ ဆိုပါတယ္။

ဆာလက္က တိုက္စစ္မွာ ေျခစြမ္းေကာင္းေနတဲ့ ဂ်ိဳတာကို ၾကိဳဆိုလိုက္ျပီး အသင္းကို ကူညီမယ့္သူ တစ္ဦး တိုးတက္လာျခင္းက နည္းစနစ္ပိုင္းအရတင္ မဟုတ္ဘဲ ယံုၾကည္မႈပိုင္းေတြမွာလည္း ပိုတိုးတက္လာေစတယ္လို႔ ေျပာပါတယ္။

လီဗာပူးတိုက္စစ္သမားေဟာင္း ဂၽြန္ အဲဒရစ္က မာေဆးဆိုဒ္အေျခစိုက္ သတင္းဌာနျဖစ္တဲ့ Echo ကေန ကြင္းလယ္လူ ဂ်ံဳးဟာ ပိုမို ရင့္က်က္လာသလို နည္းစနစ္ပိုင္းမွာ ပိုေကာင္းမြန္စြာ ကစားလာႏိုင္ျပီဆိုတဲ့ သံုးသပ္ခ်က္တစ္ခု ေရးသားခဲ့ပါတယ္။

မာေဆးဆိုဒ္ဒါဘီပြဲမွာ ဒဏ္ရာရသြားခဲ့တဲ့ သီယာဂို ျပန္မကစားႏုိင္ေသးတဲ့အေပၚ စိတ္မရွည္ႏုိင္ ျဖစ္ေနျပီး ေဝဖန္မႈေတြကိုပါ လူသိထင္ရွား လုပ္ေနၾကသူေတြကို အံ့အားသင့္မိေၾကာင္း မန္ေနဂ်ာကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

ျဗိတိန္အစိုးရက ေလာ့ေဒါင္းေတြကို ဒီဇင္ဘာလ ၂ ရက္ေန႔မွာ စတင္ ရုတ္သိမ္းေတာ့မွာျဖစ္လို႔ အဆင့္ျမင့္တန္း အားကစားျပိဳင္ပြဲေတြကို ပရိသတ္ ျပန္ဝင္ခြင့္ေတြ ေပးသြားေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ ကနဦးအဆင့္ ပါဝင္ခြင့္ရမယ့္ ကလပ္ေတြထဲမွာ လီဗာပူးအပါအဝင္ အဂၤလန္ အေနာက္ေျမာက္ပိုင္း ကလပ္ေတြ ပါဝင္ဖို႔ မေသခ်ာေသးပါဘူး။