ဂျိုတာဟာ အောက်တိုဘာလအတွက် လီဗာပူးအသင်းရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ပရိသတ်တွေ မဲပေးရွေးချယ်ခြင်းကို ရရှိသွားပါတယ်။

ဒီဆုဟာ လီဗာပူးကစားသမားဘဝ ပထမဆုံး အနိုင်ရတဲ့ ဆုလည်းဖြစ်ပြီး အသင်းဖော်တွေဖြစ်တဲ့ ဆာလက်၊ မာနေးတို့ကို ကျော်လွန်ပြီး အနိုင်ရခဲ့တာပါ။ ဂျိုတာဟာ အသင်းပရိသတ်တွေရဲ့ ချစ်ခြင်းကို ခပ်မြန်မြန် သိမ်းပိုက်လာနိုင်ခဲ့သူလည်းဖြစ်တယ်။

ဆုရတဲ့အပေါ် ဂျိုတာက “ ကျနော် အရမ်း ဂုဏ်ယူတယ်။ ဒီလို ဆုရတာက အမြဲတမ်း သိပ်ကောင်းပါတယ်။ ကျနော်ကို မဲပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်ပြီး ကြိုးစားနိုင်ဖို့ ဆုတောင်းသလို အသင်းအတွက် ရလဒ်ကောင်းတွေ ဆက်ပြီး ယူလိုပါတယ်။ အဲ့တာက အရေးကြီးဆုံးပါ ” လို့ ထုတ်ပြောခဲ့တယ်။

ပေါ်တူဂီသား တိုက်စစ်သမားဟာ အခုချိန်ထိတော့ အန်ဖီးကွင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုကို မခံရသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ အန်ဖီးကွင်းထဲ ပရိသတ်တွေ ပြန်ဝင်ခွင့် ရလာမှာဖြစ်ကာ အဆိုပါ နေ့ရက် အမြန်ဆုံး ရောက်လာဖို့ဆိုတာက ဂျိုတာရဲ့ ဆုတောင်းပဲ ဖြစ်ပါတယ်။

ဂျိုတာက “ လီဗာပူးကစားသမားဘဝ ပထမဆုံး သွင်းဂိုး ရပြီးတည်းက ဒီစကားကို ပြောခဲ့ပါတယ်။ အန်ဖီးကွင်းမှာ ပရိသတ်တွေ ပြည့်နေတာက ပိုကောင်းတဲ့ အခိုက်အတန် ဖြစ်မှာပါ။ ဒါပေမယ့်လို့ ပရိသတ်တွေရဲ့ လူမှုကွန်ယက်ပေါ်မှာ၊ လီဗာပူးရဲ့ လမ်းမပေါ်မှာ ကျနော်ကို အားပေးနေကြတာတွေကို ခံစားလို့ရပါတယ်။ သူတို့ရဲ့ အားပေးမှုကို ခံစားမိတယ်။

ပရိသတ်တွေက ကွင်းထဲကနေ အားပေးနေတာကတော့ ခြားနားမှာပါ။ မကြာခင်မှာပဲ ကွင်းထဲမှာ ပရိသတ်တွေ ဝင်ရောက်အားပေးနိုင်ဖို့ကိုပဲ ကျနော် ဆုတောင်းပါတယ်။ သူတို့ရဲ့ အားပေးမှုနဲ့ အသိအမှတ်ပြုမှုကို ခံစားမိတာအတွက်လည်း ကျေးဇူးတင်တယ်။ ကျနော် ပြောသလိုပါပဲ ပွဲတွေကို ဆက်လက် အနိုင်ရနေအောင် ကြိုးစားပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI

ဂ်ိဳတာဟာ ေအာက္တိုဘာလအတြက္ လီဗာပူးအသင္းရဲ႕ အေကာင္းဆံုး ကစားသမားအျဖစ္ ပရိသတ္ေတြ မဲေပးေရြးခ်ယ္ျခင္းကို ရရွိသြားပါတယ္။

ဒီဆုဟာ လီဗာပူးကစားသမားဘဝ ပထမဆံုး အႏုိင္ရတဲ့ ဆုလည္းျဖစ္ျပီး အသင္းေဖာ္ေတြျဖစ္တဲ့ ဆာလက္၊ မာေနးတို႔ကို ေက်ာ္လြန္ျပီး အႏုိင္ရခဲ့တာပါ။ ဂ်ိဳတာဟာ အသင္းပရိသတ္ေတြရဲ႕ ခ်စ္ျခင္းကို ခပ္ျမန္ျမန္ သိမ္းပိုက္လာႏုိင္ခဲ့သူလည္းျဖစ္တယ္။

ဆုရတဲ့အေပၚ ဂ်ိဳတာက “ က်ေနာ္ အရမ္း ဂုဏ္ယူတယ္။ ဒီလို ဆုရတာက အျမဲတမ္း သိပ္ေကာင္းပါတယ္။ က်ေနာ္ကို မဲေပးခဲ့ၾကသူေတြကိုလည္း ေက်းဇူးတင္ပါတယ္။ ဆက္ျပီး ၾကိဳးစားႏုိုင္ဖို႔ ဆုေတာင္းသလို အသင္းအတြက္ ရလဒ္ေကာင္းေတြ ဆက္ျပီး ယူလိုပါတယ္။ အဲ့တာက အေရးၾကီးဆံုးပါ ” လို႔ ထုတ္ေျပာခဲ့တယ္။

ေပၚတူဂီသား တိုက္စစ္သမားဟာ အခုခ်ိန္ထိေတာ့ အန္ဖီးကြင္းမွာ ပရိသတ္ေတြရဲ႕ အားေပးမႈကို မခံရေသးပါဘူး။ ဒါေပမယ့္ မၾကာခင္မွာ အန္ဖီးကြင္းထဲ ပရိသတ္ေတြ ျပန္ဝင္ခြင့္ ရလာမွာျဖစ္ကာ အဆိုပါ ေန႔ရက္ အျမန္ဆံုး ေရာက္လာဖုိ႔ဆိုတာက ဂ်ိဳတာရဲ႕ ဆုေတာင္းပဲ ျဖစ္ပါတယ္။

ဂ်ိဳတာက “ လီဗာပူးကစားသမားဘဝ ပထမဆံုး သြင္းဂိုး ရျပီးတည္းက ဒီစကားကို ေျပာခဲ့ပါတယ္။ အန္ဖီးကြင္းမွာ ပရိသတ္ေတြ ျပည့္ေနတာက ပိုေကာင္းတဲ့ အခိုက္အတန္ ျဖစ္မွာပါ။ ဒါေပမယ့္လို႔ ပရိသတ္ေတြရဲ႕ လူမႈကြန္ယက္ေပၚမွာ၊ လီဗာပူးရဲ႕ လမ္းမေပၚမွာ က်ေနာ္ကို အားေပးေနၾကတာေတြကို ခံစားလို႔ရပါတယ္။ သူတို႔ရဲ႕ အားေပးမႈကို ခံစားမိတယ္။

ပရိသတ္ေတြက ကြင္းထဲကေန အားေပးေနတာကေတာ့ ျခားနားမွာပါ။ မၾကာခင္မွာပဲ ကြင္းထဲမွာ ပရိသတ္ေတြ ဝင္ေရာက္အားေပးႏုိင္ဖို႔ကိုပဲ က်ေနာ္ ဆုေတာင္းပါတယ္။ သူတို႔ရဲ႕ အားေပးမႈနဲ႔ အသိအမွတ္ျပဳမႈကို ခံစားမိတာအတြက္လည္း ေက်းဇူးတင္တယ္။ က်ေနာ္ ေျပာသလိုပါပဲ ပြဲေတြကို ဆက္လက္ အႏုိင္ရေနေအာင္ ၾကိဳးစားပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။