ဒီမနက်တုန်းက လီဗာပူးအသင်းဟာ အက်ဆာ လေ့ကျင့်ရေးကွင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ အစဉ်အလာအတိုင်း ကွင်းဖွင့် လေ့ကျင့်မှု အစီအစဉ်တွေကို လုပ်သွားခဲ့ပြီဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်မှာတော့ ကိုဗစ် ပျောက်ကင်းသွားပြီဖြစ်တဲ့ ဆာလက် ပြန်လည် ပါဝင်လာနိုင်တာကို မြင်ခဲ့ရတယ်။ ဒါပေမယ့် လက်စတာပွဲမှာတည်းက လွဲချော်ထားတဲ့ ကွင်းလယ်လူ ရှာကွီရီ မပါခဲ့သလို ပွဲချိန်တွင်း ဒဏ်ရာရသွားတဲ့ ကိတ်တာလည်း မပါနိုင်ခဲ့ဘူး။ တိုက်စစ်မှူး ဖာမင်နိုကလည်း ကွင်းဖွင့် လေ့ကျင့်ရေးမှာ မပါနိုင်ခဲ့ပါဘူး။

လူငယ်ကစားသမားတွေအပြင် ကိုစတက်၊ အိုရီဂီ၊ မီနာမီနိုတို့ ပါဝင်သွားနိုင်ခဲ့ပြီး အဆင်ပြေပြေ လေ့ကျင့်ရေး ဆင်းခဲ့ကြတာဖြစ်ပါတယ်။ ဖာမင်နို မပါနိုင်ခြင်းအပေါ် ကလပ်ဘက်က သတင်းထုတ်ပြန်မှုမျိုး မလုပ်ပေးသေးပါဘူး။

လီဗာပူးသတင်းထောက် ဂျိမ်းပီရက်ဇ်က ” ဖာမင်နိုမှာ ဒဏ်ရာပြဿနာ မရှိပါဘူး။ ချန်ပီယံလိဂ်ပွဲကြို ကွင်းဖွင့်လေ့ကျင့်ရေးမှာ ဖာမင်နို မပါခဲ့သလို ဟန်ဒါဆန်၊ သီယာဂိုနဲ့ ထရန့်တို့ကလည်း မျှော်လင့်ထားသလိုပဲ မပါနိုင်ခဲ့ဘူး။ ဆာလက်ကတော့ ပါဝင်သွားပါတယ် ” လို့ ထုတ်ပြောခဲ့တယ်။

လေ့ကျင့်ရေးကိစ္စတွေ ပြီးနောက်မှာတော့ အသင်းဘက်က ဟန်ဒါဆန်၊ ချိန်ဘာလိန်တို့ တစ်ဦးချင်း ကြံ့ခိုင်မှုတွေ လုပ်နေပုံတွေကို အသင်းဝဘ်ဆိုဒ်မှာ ဖော်ပြသွားခဲ့တယ်။ ဒါပေမယ့်လို့ ထရန့်၊ သီယာဂို၊ ဖာမင်နို ပုံတွေတော့ မမြင်ရပါဘူး။

လီဗာပူးသတင်းထောက်တွေကတော့ ဖာမင်နို ဒဏ်ရာပြဿနာ မရှိဘူးလို့ ယုံကြည်နေကြတယ်။ ဘရာဇီးသားက ပွဲဆက် သိပ်များနေတာကြောင့် အနားပေးခံရမယ်လို့ ခန့်မှန်းရပြီး သီယာဂိုကတော့ ဒီအပတ် ပရီးမီးယားလိဂ်ပွဲမှာ စတင် ပါဝင်လာမယ်လို့ မျှော်လင့်ခံနေရပါတယ်။

ZAWGYI

ဒီမနက္တုန္းက လီဗာပူးအသင္းဟာ အက္ဆာ ေလ့က်င့္ေရးကြင္းမွာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲၾကီးရဲ႕ အစဥ္အလာအတိုင္း ကြင္းဖြင့္ ေလ့က်င့္မႈ အစီအစဥ္ေတြကို လုပ္သြားခဲ့ျပီျဖစ္ပါတယ္။

အဆိုပါ အစီအစဥ္မွာေတာ့ ကိုဗစ္ ေပ်ာက္ကင္းသြားျပီျဖစ္တဲ့ ဆာလက္ ျပန္လည္ ပါဝင္လာႏုိင္တာကို ျမင္ခဲ့ရတယ္။ ဒါေပမယ့္ လက္စတာပြဲမွာတည္းက လြဲေခ်ာ္ထားတဲ့ ကြင္းလယ္လူ ရွာကီြရီ မပါခဲ့သလို ပြဲခ်ိန္တြင္း ဒဏ္ရာရသြားတဲ့ ကိတ္တာလည္း မပါႏုိင္ခဲ့ဘူး။ တိုက္စစ္မွဴး ဖာမင္ႏိုကလည္း ကြင္းဖြင့္ ေလ့က်င့္ေရးမွာ မပါႏုိင္ခဲ့ပါဘူး။

လူငယ္ကစားသမားေတြအျပင္ ကိုစတက္၊ အိုရီဂီ၊ မီနာမီႏိုတို႔ ပါဝင္သြားႏုိင္ခဲ့ျပီး အဆင္ေျပေျပ ေလ့က်င့္ေရး ဆင္းခဲ့ၾကတာျဖစ္ပါတယ္။ ဖာမင္ႏို မပါႏုိင္ျခင္းအေပၚ ကလပ္ဘက္က သတင္းထုတ္ျပန္မႈမ်ိဳး မလုပ္ေပးေသးပါဘူး။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္ဇ္က ” ဖာမင္ႏိုမွာ ဒဏ္ရာျပႆနာ မရွိပါဘူး။ ခ်န္ပီယံလိဂ္ပြဲၾကိဳ ကြင္းဖြင့္ေလ့က်င့္ေရးမွာ ဖာမင္ႏို မပါခဲ့သလို ဟန္ဒါဆန္၊ သီယာဂိုနဲ႔ ထရန္႔တို႔ကလည္း ေမွ်ာ္လင့္ထားသလိုပဲ မပါႏုိင္ခဲ့ဘူး။ ဆာလက္ကေတာ့ ပါဝင္သြားပါတယ္ ” လို႔ ထုတ္ေျပာခဲ့တယ္။

ေလ့က်င့္ေရးကိစၥေတြ ျပီးေနာက္မွာေတာ့ အသင္းဘက္က ဟန္ဒါဆန္၊ ခ်ိန္ဘာလိန္တို႔ တစ္ဦးခ်င္း ၾကံ႕ခိုင္မႈေတြ လုပ္ေနပံုေတြကို အသင္းဝဘ္ဆိုဒ္မွာ ေဖာ္ျပသြားခဲ့တယ္။ ဒါေပမယ့္လို႔ ထရန္႔၊ သီယာဂို၊ ဖာမင္ႏို ပံုေတြေတာ့ မျမင္ရပါဘူး။

လီဗာပူးသတင္းေထာက္ေတြကေတာ့ ဖာမင္ႏို ဒဏ္ရာျပႆနာ မရွိဘူးလို႔ ယံုၾကည္ေနၾကတယ္။ ဘရာဇီးသားက ပြဲဆက္ သိပ္မ်ားေနတာေၾကာင့္ အနားေပးခံရမယ္လို႔ ခန္႔မွန္းရျပီး သီယာဂိုကေတာ့ ဒီအပတ္ ပရီးမီးယားလိဂ္ပြဲမွာ စတင္ ပါဝင္လာမယ္လို႔ ေမွ်ာ္လင့္ခံေနရပါတယ္။