ဒီကနေ့ညမှာတော့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုတွင်း ပွဲစဉ် ၄ အဖြစ် အီတလီကလပ် အတ္တလန်တာကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပထမအကျော့မှာ လီဗာပူးကို ၅-၀ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာကို ပြောင်းလဲပစ်နိုင်ဖို့ အတ္တလန်တာမန်နေဂျာက ရည်ရွယ်နေတယ်။ သူတို့အသင်းက ချန်ပီယံလိဂ်မှာ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနိုင်မယ်လို့ ယုံကြည်နေသလို လီဗာပူးကို ရင်ဆိုင်ကစားမယ့် နည်းဗျူဟာကိုလည်း ရွေးချယ်ထားပါတယ်။

ဂတ်စ်ပီယာနီက ” မနက်ဖြန် ကစားရမယ့်ပွဲက အတော်လေး ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ ကျနေ်ာတို့က အရမ်းထူးချွန်တဲ့ အရာတွေကို လုပ်ပြနေတဲ့ တောင့်တင်းတဲ့ အသင်းကို ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်ရတာက အခွင့်အရေးကောင်းပါ ဒါပေမယ့် ကျနေ်ာတို့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့လည်း လိုပါတယ်။

ပထမပွဲတုန်းကထက် ပိုကောင်းစွာ ကစားလိုပါတယ်။ အရင်ပွဲတုန်းက ထွက်ခဲ့တဲ့ ရလဒ်လို အမှားတွေကို မဖြစ်လာအောင် ကြိုးစားသွားမှာပါ။ သူတို့ကို လက်ဆောင်ပေးတဲ့ ကိစ္စတွေကနေ ပိတ်ဆို့သွားနိုင်မယ်လို့ ထင်ပါတယ်။

လီဗာပူးက သန်မားပြီး နည်းစနစ်ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ ကျနေ်ာတို့ကလည်း ပိုကောင်းလာဖို့ လိုပါတယ်။ ချန်ပီယံလိဂ် ခရီးလမ်းမှာ ကျနေ်ာတို့အသင်း ပါဝင်လာနိုင်တာ ၂ ရာသီလောက် ရှိနေပါပြီ။ ဒီအဆင့်ရဲ့ ပြိုင်ဆိုင်မှုက ယူရိုပါလိဂ်နဲ့ သိပ်ကွာပါတယ်။ ဒါပေမယ့် ကျနေ်ာတို့ ဒီပြိုင်ပွဲကို ပါဝင်နိုင်တာဟာ ကွင်းထဲက စွမ်းဆောင်ရည်တွေကြောင့်ပါ။ သင်ယူမှုတွေကို ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

မနက်ဖြန်မှာ တည်ကန်ဘောတွေကို အသာစီးယူနိုင်ဖို့ ကြိုးစားပါမယ်။ အဲ့တာက ကျနေ်ာတို့အတွက် အရေးကြီးပါတယ်။ အကောင်းဆုံး အခြေအနေတွေကို ရှာဖွေသွားမှာဖြစ်ပြီး ပိုကောင်းကောင်း ကစားနိုင်ရပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲကို နိုင်ခဲ့မယ်ဆိုရင် လီဗာပူးဟာ လက်ကျန်ပွဲ ၂ ပွဲရဲ့ ရလဒ်ကို ကြည့်စရာ မလိုဘဲ ရံှူးထွက်အဆင့်ကို တက်ရောက်သွားမှာပါ။ လီဗာပူး လူစာရင်းမှာတော့ ကိုဗစ်ကြောင့် အနားယူထားရတဲ့ ဆာလက် ပြန်ပါလာဖို့ ရှိနေပါတယ်။

ZAWGYI

ဒီကေန႔ညမွာေတာ့ လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုတြင္း ပြဲစဥ္ ၄ အျဖစ္ အီတလီကလပ္ အတၱလန္တာကို အန္ဖီးကြင္းမွာ ဧည့္ခံ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။

ပထမအေက်ာ့မွာ လီဗာပူးကို ၅-၀ နဲ႔ ဂိုးျပတ္ အေရးနိမ့္ခဲ့တာကို ေျပာင္းလဲပစ္ႏုိင္ဖို႔ အတၱလန္တာမန္ေနဂ်ာက ရည္ရြယ္ေနတယ္။ သူတို႔အသင္းက ခ်န္ပီယံလိဂ္မွာ ထိုက္တန္တဲ့ ေျခစြမ္းကို ျပသႏုိင္မယ္လို႔ ယံုၾကည္ေနသလို လီဗာပူးကို ရင္ဆိုင္ကစားမယ့္ နည္းဗ်ဴဟာကိုလည္း ေရြးခ်ယ္ထားပါတယ္။

ဂတ္စ္ပီယာနီက ” မနက္ျဖန္ ကစားရမယ့္ပြဲက အေတာ္ေလး ခက္ခဲတဲ့ပြဲျဖစ္လာမွာပါ။ က်ေန္ာတို႔က အရမ္းထူးခၽြန္တဲ့ အရာေတြကို လုပ္ျပေနတဲ့ ေတာင့္တင္းတဲ့ အသင္းကို ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္မွာ ပါဝင္ခြင့္ရတာက အခြင့္အေရးေကာင္းပါ ဒါေပမယ့္ က်ေန္ာတို႔ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသႏုိင္ဖို႔လည္း လိုပါတယ္။

ပထမပြဲတုန္းကထက္ ပိုေကာင္းစြာ ကစားလိုပါတယ္။ အရင္ပြဲတုန္းက ထြက္ခဲ့တဲ့ ရလဒ္လို အမွားေတြကို မျဖစ္လာေအာင္ ၾကိဳးစားသြားမွာပါ။ သူတို႔ကို လက္ေဆာင္ေပးတဲ့ ကိစၥေတြကေန ပိတ္ဆို႔သြားႏုိင္မယ္လို႔ ထင္ပါတယ္။

လီဗာပူးက သန္မားျပီး နည္းစနစ္ေကာင္းတဲ့ ကစားသမားျဖစ္ပါတယ္။ က်ေန္ာတို႔ကလည္း ပိုေကာင္းလာဖို႔ လိုပါတယ္။ ခ်န္ပီယံလိဂ္ ခရီးလမ္းမွာ က်ေန္ာတို႔အသင္း ပါဝင္လာႏုိင္တာ ၂ ရာသီေလာက္ ရွိေနပါျပီ။ ဒီအဆင့္ရဲ႕ ျပိဳင္ဆိုင္မႈက ယူရိုပါလိဂ္နဲ႔ သိပ္ကြာပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔ ဒီျပိဳင္ပြဲကို ပါဝင္ႏုိင္တာဟာ ကြင္းထဲက စြမ္းေဆာင္ရည္ေတြေၾကာင့္ပါ။ သင္ယူမႈေတြကို ဘယ္ေတာ့မွ ရပ္တန္႔သြားမွာ မဟုတ္ပါဘူး။

မနက္ျဖန္မွာ တည္ကန္ေဘာေတြကို အသာစီးယူႏုိင္ဖို႔ ၾကိဳးစားပါမယ္။ အဲ့တာက က်ေန္ာတို႔အတြက္ အေရးၾကီးပါတယ္။ အေကာင္းဆံုး အေျခအေနေတြကို ရွာေဖြသြားမွာျဖစ္ျပီး ပိုေကာင္းေကာင္း ကစားႏုိင္ရပါမယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီပြဲကို ႏုိင္ခဲ့မယ္ဆိုရင္ လီဗာပူးဟာ လက္က်န္ပြဲ ၂ ပြဲရဲ႕ ရလဒ္ကို ၾကည့္စရာ မလိုဘဲ ရံွဴးထြက္အဆင့္ကို တက္ေရာက္သြားမွာပါ။ လီဗာပူး လူစာရင္းမွာေတာ့ ကိုဗစ္ေၾကာင့္ အနားယူထားရတဲ့ ဆာလက္ ျပန္ပါလာဖို႔ ရွိေနပါတယ္။