ပရီးမီးယားလိဂ် ချန်ပီယံဟောင်း အလန်ရှီးယားက ဒီရာသီ အမှတ်ပေးချန်ပီယံကို လီဗာပူးပဲ အနိုင်ရပါဦးမယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးဟာ ဒဏ်ရာပြဿနာတွေ ထိုးနှက်ခံရပေမယ့်လည်း အကြိမ်တိုင်းမှာ ခြားနားတဲ့ ပုံစံတွေကို ပြသနိုင်ခဲ့တယ်။ လက်စတာနဲ့ပွဲမှာဆိုရင် ကလော့ပ်ရဲ့ အဓိက ဗဟိုခံစစ်အပြင် ညာအစွန်မှာ အသက် ၃၄ နှစ်အရွယ် မီလ်နာကို ထည့်သုံးပေမယ့်လည်း အင်္ဂလန်သားကြီးက ထူးချွန်ခြေစွမ်း ပြသနိုင်တယ်။

အဓိက ကစားသမား ၇ ဦးလောက်ထိ ဒဏ်ရာကြောင့် မကစားနိုင်ပေမယ့် လီဗာပူးရဲ့ ကစားဟန်နဲ့ နိုင်လိုစိတ်တွေက လျော့မသွားတာမျိုးကို ပြိုင်ဘက် အသင်းတွေဆိုရင် လုပ်နိုင်မယ် မထင်ဘူးလို့ အလန်ရှီးယားက သုံးသပ်ခဲ့ပါတယ်။

အလန်ရှီးယားက “ လီဗာပူးက အနိုင်ယူလို့ရနေဆဲ အသင်းဖြစ်နေသေးတာကို သံသယ မရှိပါနဲ့။ သူတို့မှာလည်း ဖြေရှင်းပေးရမယ့် ပုစ္ဆာတွေ ရှိနေဆဲဖြစ်ပါတယ်။ ကျနေ်ာတို့ အပါအဝင် လူတွေ သိလိုနေကြတာက သူတို့ ဘယ်လို ဖြေရှင်းမလဲပေါ့။

သူတို့အတွက်လည်း ခက်ခဲပါတယ်။ ဗန်ဒိုက်၊ ဂိုးမက်စ်၊ ထရန့်တို့ ဒဏ်ရာရနေပေမယ့် လီဗာပူးက ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသထားနိုင်တယ်။ လက်စတာနဲ့ပွဲ သူတို့ လုပ်ပြခဲ့တာက လူတိုင်းကို အတွေးပွားစေပါတယ်။ ဒီလိုတွေ လုပ်နိုင်တာကြောင့်ပဲ သူတို့က အမှတ်ပေးဖလား အနိုင်ရဖို့ ရေပန်းအစားဆုံး ဖြစ်နေရတာပါ။ သိပ်ကို အထင်ကြီးဖို့ ကောင်းပါတယ်။ သူတို့ သက်သေပြနိုင်ခဲ့တယ်။

စီးတီး၊ ချယ်ဆီး၊ လက်စတာနဲ့ စပါးတို့ကို ကြည့်မယ်ဆိုရင် လီဗာပူးလို အဓိက ကစားသမား ၇ ဦးလောက်ထိ မကစားနိုင်တာတောင် ရလဒ်ကောင်း ယူပြခဲ့တာမျိုး လုပ်ပြနိုင်မယ်လို့ မထင်ရဘူး။

ဝင်လာတဲ့ လူစာရင်းတွေနဲ့အတူ သူတို့ရဲ့ ကစားကွက် ချမှတ်မှုကလည်း သိပ်ကောင်းပါတယ်။ ပွဲစကတည်းက ပွဲပြီးချိန်ထိ ထူးချွန်လွန်းတဲ့ စွမ်းဆောင်ရည်တွေ ပြသသွားနိုင်ခဲ့တယ်။ ဗဟိုခံစစ်သမား နှစ်ဦးလုံးနဲ့ မီလ်နာ၊ ရော်ဘတ်ဆန်၊ မာနေး၊ ဖာမင်နိုတို့ကောပါပဲ။

ဒါပေမယ့်လို့ အကောင်းဆုံး ကစားသမားကတော့ ဂျိုတာပါ။ သူလုပ်ပြခဲ့တဲ့ အရာအားလုံးက တကယ်ကို ထူးရှယ်ဆိုတာတွေချည်းပါပဲ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ခ်န္ပီယံေဟာင္း အလန္ရွီးယားက ဒီရာသီ အမွတ္ေပးခ်န္ပီယံကို လီဗာပူးပဲ အႏုိင္ရပါဦးမယ္လို႔ ယံုၾကည္ေနပါတယ္။

လီဗာပူးဟာ ဒဏ္ရာျပႆနာေတြ ထိုးႏွက္ခံရေပမယ့္လည္း အၾကိမ္တိုင္းမွာ ျခားနားတဲ့ ပံုစံေတြကို ျပသႏုိင္ခဲ့တယ္။ လက္စတာနဲ႔ပြဲမွာဆိုရင္ ကေလာ့ပ္ရဲ႕ အဓိက ဗဟိုခံစစ္အျပင္ ညာအစြန္မွာ အသက္ ၃၄ ႏွစ္အရြယ္ မီလ္နာကို ထည့္သံုးေပမယ့္လည္း အဂၤလန္သားၾကီးက ထူးခၽြန္ေျခစြမ္း ျပသႏုိင္တယ္။

အဓိက ကစားသမား ၇ ဦးေလာက္ထိ ဒဏ္ရာေၾကာင့္ မကစားႏုိင္ေပမယ့္ လီဗာပူးရဲ႕ ကစားဟန္နဲ႔ ႏုိင္လိုစိတ္ေတြက ေလ်ာ့မသြားတာမ်ိဳးကို ျပိဳင္ဘက္ အသင္းေတြဆိုရင္ လုပ္ႏုိင္မယ္ မထင္ဘူးလို႔ အလန္ရွီးယားက သံုးသပ္ခဲ့ပါတယ္။

အလန္ရွီးယားက “ လီဗာပူးက အႏုိင္ယူလို႔ရေနဆဲ အသင္းျဖစ္ေနေသးတာကို သံသယ မရွိပါနဲ႔။ သူတို႔မွာလည္း ေျဖရွင္းေပးရမယ့္ ပုစၦာေတြ ရွိေနဆဲျဖစ္ပါတယ္။ က်ေန္ာတို႔ အပါအဝင္ လူေတြ သိလိုေနၾကတာက သူတို႔ ဘယ္လို ေျဖရွင္းမလဲေပါ့။

သူတို႔အတြက္လည္း ခက္ခဲပါတယ္။ ဗန္ဒိုက္၊ ဂိုးမက္စ္၊ ထရန္႔တို႔ ဒဏ္ရာရေနေပမယ့္ လီဗာပူးက ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသထားႏုိင္တယ္။ လက္စတာနဲ႔ပြဲ သူတို႔ လုပ္ျပခဲ့တာက လူတိုင္းကို အေတြးပြားေစပါတယ္။ ဒီလိုေတြ လုပ္ႏုိင္တာေၾကာင့္ပဲ သူတို႔က အမွတ္ေပးဖလား အႏုိင္ရဖို႔ ေရပန္းအစားဆံုး ျဖစ္ေနရတာပါ။ သိပ္ကို အထင္ၾကီးဖို႔ ေကာင္းပါတယ္။ သူတို႔ သက္ေသျပႏုိင္ခဲ့တယ္။

စီးတီး၊ ခ်ယ္ဆီး၊ လက္စတာနဲ႔ စပါးတို႔ကို ၾကည့္မယ္ဆိုရင္ လီဗာပူးလို အဓိက ကစားသမား ၇ ဦးေလာက္ထိ မကစားႏုိင္တာေတာင္ ရလဒ္ေကာင္း ယူျပခဲ့တာမ်ိဳး လုပ္ျပႏုိင္မယ္လို႔ မထင္ရဘူး။

ဝင္လာတဲ့ လူစာရင္းေတြနဲ႔အတူ သူတို႔ရဲ႕ ကစားကြက္ ခ်မွတ္မႈကလည္း သိပ္ေကာင္းပါတယ္။ ပြဲစကတည္းက ပြဲျပီးခ်ိန္ထိ ထူးခၽြန္လြန္းတဲ့ စြမ္းေဆာင္ရည္ေတြ ျပသသြားႏုိင္ခဲ့တယ္။ ဗဟိုခံစစ္သမား ႏွစ္ဦးလံုးနဲ႔ မီလ္နာ၊ ေရာ္ဘတ္ဆန္၊ မာေနး၊ ဖာမင္ႏိုတို႔ေကာပါပဲ။

ဒါေပမယ့္လို႔ အေကာင္းဆံုး ကစားသမားကေတာ့ ဂ်ိဳတာပါ။ သူလုပ္ျပခဲ့တဲ့ အရာအားလံုးက တကယ္ကို ထူးရွယ္ဆိုတာေတြခ်ည္းပါပဲ ” လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။