ဒီကနေ့မှာ မန်နေဂျာကလော့ပ်ဟာ ပွဲထွက်လူစာရင်းထုတ်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ လက်စတာကို အနိုင်ရခဲ့ပေမယ့် အဲ့လို နိုင်ပွဲတွေကို ဆက်လက် ရယူဖို့ရာ လူစာရင်း ထိန်းညိမှုတွေ ဆက်လုပ်ဖို့ လိုအပ်ပါမယ်။

တနင်္ဂနွေနေ့ပွဲ မတိုင်ခင်တည်းက ရှာကွီရီကို လက်လွတ်ထားခဲ့ရပြီး လက်စတာနဲ့ပွဲမှာ ကိတ်တာကို ထပ်မံ လက်လွတ်ခဲ့ရပြန်တယ်။ အတ္တလန်တာပွဲအပြီး ၇၂ နာရီ မပြည့်ခင်မှာ လီဗာပူးဟာ ဘရိုက်တန်ကိုလည်း အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ များပြားတဲ့ ဒဏ်ရာပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းနိုင်နေဆဲဖြစ်ပေမယ့် အမှားခံလို့ရမယ့် အနေအထားမှာ မရှိပါဘူး။ ပွဲကြို ကွင်းဖွင့်လေ့ကျင့်ရေးမှာ ဟန်ဒါဆန်၊ ဖာမင်နို၊ သီယာဂိုတို့ မပါခဲ့တဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့် အတ္တလန်တာပွဲ လူစာရင်းဟာ အတောင့်တင်းဆုံး လူစာရင်း ဖြစ်ချင်မှလည်း ဖြစ်လာပါလိမ့်မယ်။

ဗုဒ္ဓဟူးနေ့ ပွဲအပြီး စနေနေ့ အစောပွဲမှာ တူညီတဲ့ လူစာရင်းကို ထုတ်သုံးမယ်ဆိုရင် ဒဏ်ရာပြဿနာတွေ ရှိသွားနိုင်တယ်။ ဒါကိုလည်း ဖာဘင်ညိုရဲ့ တံကောက်ကြော၊ ထရန့်ရဲ့ ဒဏ်ရာတွေမှာ လီဗာပူးပရိသတ်တွေ မြင်ထားပြီးပါပြီ။ မန်နေဂျာကလော့ပ် မည့်သည့် လူစာရင်းကို ထုတ်သုံးပါစေ အတ္တလန်တာနဲ့ ဘရိုက်တန် နှစ်ပွဲလုံးမှာ တူညီတဲ့ ကစားသမားတွေ မဖြစ်ဖို့ကပဲ ရာနှုန်း များပါတယ်။

ကွင်းဖွင့် လေ့ကျင့်ရေး အစီအစဉ်အရဆိုရင် ဖာမင်နို၊ ဟန်ဒို၊ သီယာဂိုတို့ဟာ ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်ပြီး အတ္တလန်တာပွဲမှာ ဆာလက်၊ ဂျုံး၊ မီနာမီနိုတို့ ပါဝင်တာမျိုး ဖြစ်လာနိုင်တယ်။ ခံစစ်မှာတော့ ဝါရင့်ကစားသမားအဖြစ် မာတစ်တစ်ဦးကိုပဲ ထည့်ပြီး ကိုစတက်၊ နီကိုး၊ ရိုင်းစ်တို့ဖြင့် အထိုင်ကစားစေမယ်လို့လည်း သတင်းထွက်နေတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်မှာ ရံှူးထွက်ကို ရောက်ဖို့ အခွင့်အရေး များလွန်းနေပါတယ်။ ဒီအခြေအနေမှာ အဓိက ကစားသမားတွေ အားလုံးထုတ်သုံးပြီး လာမယ့် ၇၂ နာရီ မပြည့်ခင် ထပ်မံ ယှဉ်ပြိုင်ရမယ့် ဘရိုက်တန်ပွဲကိုလည်း အင်ပြည့်အားပြည့် ယှဉ်ပြိုင်ဖို့မျိုးက စွန့်စားလွန်းရာ ကျပါလိမ့်မယ်။

ဂျိမ်းမီလ်နာလား? နီကိုး ဝီလီယမ်လား? ရော်ဘတ်ဆန်လား? ကိုစတက်လား? မာတစ်လား? ရိုင်းစ်လား? ဘယ်လို လူစာရင်းကိုပဲ ထုတ်ထုတ် လီဗာပူးက အားပျော့စွာဖြင့် ယှဉ်ပြိုင်မှာတော့ မဟုတ်တာ သေချာလှပါတယ်။

ZAWGYI

ဒီကေန႔မွာ မန္ေနဂ်ာကေလာ့ပ္ဟာ ပြဲထြက္လူစာရင္းထုတ္ဖို႔ လြယ္ကူမွာ မဟုတ္ပါဘူး။ လက္စတာကို အႏုိင္ရခဲ့ေပမယ့္ အဲ့လို ႏုိင္ပြဲေတြကို ဆက္လက္ ရယူဖို႔ရာ လူစာရင္း ထိန္းညိမႈေတြ ဆက္လုပ္ဖို႔ လိုအပ္ပါမယ္။

တနဂၤေႏြေန႔ပြဲ မတိုင္ခင္တည္းက ရွာကီြရီကို လက္လြတ္ထားခဲ့ရျပီး လက္စတာနဲ႔ပြဲမွာ ကိတ္တာကို ထပ္မံ လက္လြတ္ခဲ့ရျပန္တယ္။ အတၱလန္တာပြဲအျပီး ၇၂ နာရီ မျပည့္ခင္မွာ လီဗာပူးဟာ ဘရိုက္တန္ကိုလည္း အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရဦးမွာ ျဖစ္ပါတယ္။

လီဗာပူးဟာ မ်ားျပားတဲ့ ဒဏ္ရာျပႆနာေတြကို ရင္ဆိုင္ ေျဖရွင္းႏုိင္ေနဆဲျဖစ္ေပမယ့္ အမွားခံလို႔ရမယ့္ အေနအထားမွာ မရွိပါဘူး။ ပြဲၾကိဳ ကြင္းဖြင့္ေလ့က်င့္ေရးမွာ ဟန္ဒါဆန္၊ ဖာမင္ႏို၊ သီယာဂိုတို႔ မပါခဲ့တဲ့ အေနအထားျဖစ္တယ္။ ဒါေၾကာင့္ အတၱလန္တာပြဲ လူစာရင္းဟာ အေတာင့္တင္းဆံုး လူစာရင္း ျဖစ္ခ်င္မွလည္း ျဖစ္လာပါလိမ့္မယ္။

ဗုဒၶဟူးေန႔ ပြဲအျပီး စေနေန႔ အေစာပြဲမွာ တူညီတဲ့ လူစာရင္းကို ထုတ္သံုးမယ္ဆိုရင္ ဒဏ္ရာျပႆနာေတြ ရွိသြားႏုိင္တယ္။ ဒါကိုလည္း ဖာဘင္ညိဳရဲ႕ တံေကာက္ေၾကာ၊ ထရန္႔ရဲ႕ ဒဏ္ရာေတြမွာ လီဗာပူးပရိသတ္ေတြ ျမင္ထားျပီးပါျပီ။ မန္ေနဂ်ာကေလာ့ပ္ မည့္သည့္ လူစာရင္းကို ထုတ္သံုးပါေစ အတၱလန္တာနဲ႔ ဘရိုက္တန္ ႏွစ္ပြဲလံုးမွာ တူညီတဲ့ ကစားသမားေတြ မျဖစ္ဖို႔ကပဲ ရာႏႈန္း မ်ားပါတယ္။

ကြင္းဖြင့္ ေလ့က်င့္ေရး အစီအစဥ္အရဆိုရင္ ဖာမင္ႏို၊ ဟန္ဒို၊ သီယာဂိုတို႔ဟာ ဘရိုက္တန္နဲ႔ပြဲမွာ ပါဝင္ျပီး အတၱလန္တာပြဲမွာ ဆာလက္၊ ဂ်ံဳး၊ မီနာမီႏိုတို႔ ပါဝင္တာမ်ိဳး ျဖစ္လာႏုိင္တယ္။ ခံစစ္မွာေတာ့ ဝါရင့္ကစားသမားအျဖစ္ မာတစ္တစ္ဦးကိုပဲ ထည့္ျပီး ကိုစတက္၊ နီကိုး၊ ရိုင္းစ္တို႔ျဖင့္ အထိုင္ကစားေစမယ္လို႔လည္း သတင္းထြက္ေနတယ္။

လီဗာပူးဟာ ခ်န္ပီယံလိဂ္မွာ ရံွဴးထြက္ကို ေရာက္ဖို႔ အခြင့္အေရး မ်ားလြန္းေနပါတယ္။ ဒီအေျခအေနမွာ အဓိက ကစားသမားေတြ အားလံုးထုတ္သံုးျပီး လာမယ့္ ၇၂ နာရီ မျပည့္ခင္ ထပ္မံ ယွဥ္ျပိဳင္ရမယ့္ ဘရိုက္တန္ပြဲကိုလည္း အင္ျပည့္အားျပည့္ ယွဥ္ျပိဳင္ဖို႔မ်ိဳးက စြန္႔စားလြန္းရာ က်ပါလိမ့္မယ္။

ဂ်ိမ္းမီလ္နာလား? နီကိုး ဝီလီယမ္လား? ေရာ္ဘတ္ဆန္လား? ကိုစတက္လား? မာတစ္လား? ရိုင္းစ္လား? ဘယ္လို လူစာရင္းကိုပဲ ထုတ္ထုတ္ လီဗာပူးက အားေပ်ာ့စြာျဖင့္ ယွဥ္ျပိဳင္မွာေတာ့ မဟုတ္တာ ေသခ်ာလွပါတယ္။