လီဗာပူးအသင်းဟာ ဒီရာသီမှာ ကိုဗစ်ကြောင့်ကော၊ ဒဏ်ရာပြဿနာတွေကြောင့်ပါ ကစားသမား ၁၇ ဦးထိကို အလှည့်ကျနဲ့ လက်လွတ်ထားခဲ့ရပြီးပါပြီ။ ဒါပေမယ့်လည်း ၃ ရက် တစ်ပွဲနှုန်းလောက် ယှဉ်ပြိုင်နေရတဲ့ ပွဲကြပ်တွေကို အခုချိန်ထိ အကောင်းဆုံး ရင်ဆိုင်ကျော်လွှားထားနိုင်တယ်။

ဗန်ဒိုက်လို ကစားသမားကို တစ်ရာသီလုံး လက်လွတ်ရပြီး အယ်လီဆန်ကိုလည်း ၃ ပတ်ထိ လက်လွတ်ရပေမယ့် ပွဲစဉ် ၉ ထိ ပြီးခဲ့ချိန်မှာ အမှတ်ပေးဇယားထိပ်က စပါးနဲ့ ရမှတ်တူ၊ ချန်ပီယံလိဂ်မှာ အုပ်စုတွင်း ပထမနေရာကို ရယူထားနိုင်ခဲ့တယ်။ ဒါကြောင့် လူတိုင်းက လီဗာပူးရဲ့ အခက်အခဲကို ဖောက်ထွက်ပြမှုအပေါ် အသိအမှတ်ပြုမှုတွေ စတင်လာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးရဲ့ သန်မာမှုက အသင်းဖော်ချင်း ညီညွှတ်စွာ ယုံကြည်မှုဖြစ်ပြီး ဒီအချက်ကပဲ အခက်အခဲတွေကို အသင်း ကျော်လွှားဖို့ ခွန်အားဖြစ်စေတဲ့ တစ်ခုတည်းသော လျှို့ဝှက်ချက်ဖြစ်ပါတယ်လို့ ကလော့ပ်က ပြောပါတယ်။

ယာဂင်ကလော့ပ်က ” လက်တလော ခက်ခဲမှုတွေက အရမ်းကောင်းတဲ့ အခွင့်အရေးအဖြစ်လဲ မြင်လို့ရပါတယ်။ လက်စတာကို ရင်ဆိုင်ကစားတဲ့ပွဲတုန်းက ကျနေ်ာတို့အသင်းရဲ့ စွမ်းဆောင်ရည်ဟာ အသင်းအနေနဲ့ အတူတကွ စုပေါင်းကစားဖို့ ဘယ်လောက်ထိတောင် စိတ်ပိုင်းဖြတ်ထားလဲဆိုတာကို မြင်နိုင်ပါတယ်။

ရဲစွမ်းသတ္တိ အပြည့်နဲ့ အပြည့်အဝ တိုက်ခိုက်လိုတဲ့ အသင်းကို ကျနော် မြင်ခဲ့တယ်။ အခုကနေ မေလအထိ ကျနေ်ာတို့ရဲ့ အရည်အချင်းတွေ အားလုံးကို လိုအပ်ပါတယ်။ အတိတ်မှာ လုပ်ခဲ့တာတွေ အားလုံးထက်ကို ပိုမိုပြီး ကိုယ်ဘာသာတွေထံက အရည်အချင်းတွေ ပိုညစ်ယူနိုင်ဖို့ လိုပါတယ်။

ကျနော်ရဲ့ အဖွဲ့ကို အပြည့်အဝ ယုံကြည်တယ်။ အငယ်ဆုံးလေးကနေ ဝါရင့်တွေထိကို ယုံတယ်။ အခုချိန်ထိ ကျနေ်ာတို့ရဲ့ စွမ်းဆောင်ရည်တွေက ကံဆိုးမိုးမှောင်ကျချိန်မှာတော့ ကောင်လေးတွေ ဘာလုပ်နိုင်လဲဆိုတာကို မြင်နေရတယ်။ ပိုအရေးကြီးတာက သူတို့က အချင်းချင်းလည်း ပိုမို ယုံကြည်လာကြတယ်။

သူတို့ အချင်းချင်း ယုံကြည်တယ်။ အချင်းချင်းအတွက် အားစိုက်ပေးလိုစိတ်လည်း ရှိကြတယ်။ ဒါကပဲ ကျနော်တို့ အသင်းရဲ့ လျှို့ဝှက် နည်းလမ်းပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီရာသီမွာ ကိုဗစ္ေၾကာင့္ေကာ၊ ဒဏ္ရာျပႆနာေတြေၾကာင့္ပါ ကစားသမား ၁၇ ဦးထိကို အလွည့္က်နဲ႔ လက္လြတ္ထားခဲ့ရျပီးပါျပီ။ ဒါေပမယ့္လည္း ၃ ရက္ တစ္ပြဲႏႈန္းေလာက္ ယွဥ္ျပိဳင္ေနရတဲ့ ပြဲၾကပ္ေတြကို အခုခ်ိန္ထိ အေကာင္းဆံုး ရင္ဆိုင္ေက်ာ္လႊားထားႏုိင္တယ္။

ဗန္ဒိုက္လို ကစားသမားကို တစ္ရာသီလံုး လက္လြတ္ရျပီး အယ္လီဆန္ကိုလည္း ၃ ပတ္ထိ လက္လြတ္ရေပမယ့္ ပြဲစဥ္ ၉ ထိ ျပီးခဲ့ခ်ိန္မွာ အမွတ္ေပးဇယားထိပ္က စပါးနဲ႔ ရမွတ္တူ၊ ခ်န္ပီယံလိဂ္မွာ အုပ္စုတြင္း ပထမေနရာကို ရယူထားႏုိင္ခဲ့တယ္။ ဒါေၾကာင့္ လူတိုင္းက လီဗာပူးရဲ႕ အခက္အခဲကို ေဖာက္ထြက္ျပမႈအေပၚ အသိအမွတ္ျပဳမႈေတြ စတင္လာခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးရဲ႕ သန္မာမႈက အသင္းေဖာ္ခ်င္း ညီညႊတ္စြာ ယံုၾကည္မႈျဖစ္ျပီး ဒီအခ်က္ကပဲ အခက္အခဲေတြကို အသင္း ေက်ာ္လႊားဖို႔ ခြန္အားျဖစ္ေစတဲ့ တစ္ခုတည္းေသာ လွ်ိဳ႕ဝွက္ခ်က္ျဖစ္ပါတယ္လုိ႔ ကေလာ့ပ္က ေျပာပါတယ္။

ယာဂင္ကေလာ့ပ္က ” လက္တေလာ ခက္ခဲမႈေတြက အရမ္းေကာင္းတဲ့ အခြင့္အေရးအျဖစ္လဲ ျမင္လို႔ရပါတယ္။ လက္စတာကို ရင္ဆိုင္ကစားတဲ့ပြဲတုန္းက က်ေန္ာတို႔အသင္းရဲ႕ စြမ္းေဆာင္ရည္ဟာ အသင္းအေနနဲ႔ အတူတကြ စုေပါင္းကစားဖို႔ ဘယ္ေလာက္ထိေတာင္ စိတ္ပိုင္းျဖတ္ထားလဲဆိုတာကို ျမင္ႏုိင္ပါတယ္။

ရဲစြမ္းသတၱိ အျပည့္နဲ႔ အျပည့္အဝ တိုက္ခိုက္လိုတဲ့ အသင္းကို က်ေနာ္ ျမင္ခဲ့တယ္။ အခုကေန ေမလအထိ က်ေန္ာတို႔ရဲ႕ အရည္အခ်င္းေတြ အားလံုးကို လိုအပ္ပါတယ္။ အတိတ္မွာ လုပ္ခဲ့တာေတြ အားလံုးထက္ကို ပိုမိုျပီး ကိုယ္ဘာသာေတြထံက အရည္အခ်င္းေတြ ပိုညစ္ယူႏုိင္ဖို႔ လိုပါတယ္။

က်ေနာ္ရဲ႕ အဖြဲ႔ကို အျပည့္အဝ ယံုၾကည္တယ္။ အငယ္ဆံုးေလးကေန ဝါရင့္ေတြထိကို ယံုတယ္။ အခုခ်ိန္ထိ က်ေန္ာတို႔ရဲ႕ စြမ္းေဆာင္ရည္ေတြက ကံဆိုးမိုးေမွာင္က်ခ်ိန္မွာေတာ့ ေကာင္ေလးေတြ ဘာလုပ္ႏုိင္လဲဆိုတာကို ျမင္ေနရတယ္။ ပိုအေရးၾကီးတာက သူတို႔က အခ်င္းခ်င္းလည္း ပိုမို ယံုၾကည္လာၾကတယ္။

သူတို႔ အခ်င္းခ်င္း ယံုၾကည္တယ္။ အခ်င္းခ်င္းအတြက္ အားစိုက္ေပးလိုစိတ္လည္း ရွိၾကတယ္။ ဒါကပဲ က်ေနာ္တို႔ အသင္းရဲ႕ လွ်ိဳ႕ဝွက္ နည္းလမ္းပါပဲ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။