ချန်ပီယံလိဂ်ပွဲကြိုမှာ မန်နေဂျာကလော့ပ်က ပွဲကစားခွင့်တွေ အနည်းငယ်ပဲ ရထားတဲ့ တိုက်စစ်သမား မီနာမီနိုကို နေရာပေးမှာဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် အာရှသားဟာ ဒီရာသီမှာ ပွဲကစားခွင့် နည်းပါးနေသလို အများကြီး လုပ်ပြထားနိုင်ခြင်းလည်း မရှိသေးဘူး။ ဒါပေမယ့်လို့ လေ့ကျင့်ရေးကွင်းမှာတော့ အခြေအနေ ကောင်းနေဟန် ရှိပါတယ်။

မန်နေဂျာကလော့ပ်က “ မီနာမီနိုက ပုံစံကောင်း ကျဆင်းနေတာမျိုး မရှိပါဘူး။ တာကီက ကောင်းကောင်းကြီး လေ့ကျင့်နေပါတယ်။ တနင်္လာနေ့ လေ့ကျင့်ရေးတုန်းက သူ သိပ်ကောင်းထားပါတယ်။ သိပ်ကို အင်အားတောင့်တဲ့ လူစာရင်းပါပဲ။

အဓိကက တိုက်စစ်ပိုင်းမှာပေ့ါ။ အဲ့အတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ တိုက်စစ်မှာ အခြား နေရာတွေလို ပြဿနာတွေ မရှိပါဘူး ” ဆိုပြီး ဂျပန်တိုက်စစ်သမားနဲ့ ပက်သက်လို့ ပြောပါတယ်။

လီဗာပူးမှာ အဆိုးဆုံးနေရာက ခံစစ်ပိုင်းဖြစ်ပြီး ဗန်ဒိုက်၊ ဂိုးမက်စ်တို့ ကာလရှည် အနားယူရမှာဖြစ်ကာ ထရန့်က ဒီဇင်ဘာလ ဒုတိယအပတ်လောက်ထိ အနားယူရနိုင်တာ ဖြစ်ပါတယ်။

ကွင်းဖွင့် လေ့ကျင့်ရေးမှာ တိုက်စစ်သမား ဖာမင်နို မပါခဲ့ပါဘူး။ ဒါပေမယ့် အိုရီဂီနဲ့ မီနာမီနိုတို့ကတော့ အကောင်းဆုံး ပါဝင် လေ့ကျင့်နိုင်ခဲ့တယ်။ အတ္တလန်တာပွဲမှာ မီနာမီနိုဟာ ဖာမင်နိုနေရာကနေ ပွဲထွက်လာဖို့တောင် မျှော်လင့်လို့ ရနိုင်ပါတယ်။

“ အသင်းအတွက် ခက်ခဲပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည် ကျဆင်းတာတော့ မဟုတ်ဘဲ စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်နေရတာပါပဲ။ ဖာမင်နိုက အသင်းအတွက် အခရာ ကစားသမားဖြစ်ပြီး အသင်း ပုံစံကောင်းတွေမှာ ရှိနေဖို့အတွက်လည်း သူက သိပ်ကို အရေးကြီးပါတယ်။

ဖာမင်နို မပါဘဲလည်း ကျနေ်ာတို့ အကောင်းဆုံး ကစားနိုင်တယ်။ တာကီက ထူးချွန်လွန်းတဲ့ ကစားသမားကောင်းပါ။ သူက စိန်ခေါ်မှုတွေကို ရင်ဆိုင်ပါလိမ့်မယ်။ သူ့ရဲ့ ပွဲကစားချိန်တွေ ရောက်လာပါတော့မယ်။ အဲ့အတွက် သံသယမရှိပါဘူး ” လို့ မန်နေဂျာကလော့ပ်က ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ပြဲၾကိဳမွာ မန္ေနဂ်ာကေလာ့ပ္က ပြဲကစားခြင့္ေတြ အနည္းငယ္ပဲ ရထားတဲ့ တိုက္စစ္သမား မီနာမီႏိုကို ေနရာေပးမွာျဖစ္ေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ အာရွသားဟာ ဒီရာသီမွာ ပြဲကစားခြင့္ နည္းပါးေနသလို အမ်ားၾကီး လုပ္ျပထားႏုိင္ျခင္းလည္း မရွိေသးဘူး။ ဒါေပမယ့္လို႔ ေလ့က်င့္ေရးကြင္းမွာေတာ့ အေျခအေန ေကာင္းေနဟန္ ရွိပါတယ္။

မန္ေနဂ်ာကေလာ့ပ္က “ မီနာမီႏိုက ပံုစံေကာင္း က်ဆင္းေနတာမ်ိဳး မရွိပါဘူး။ တာကီက ေကာင္းေကာင္းၾကီး ေလ့က်င့္ေနပါတယ္။ တနလၤာေန႔ ေလ့က်င့္ေရးတုန္းက သူ သိပ္ေကာင္းထားပါတယ္။ သိပ္ကို အင္အားေတာင့္တဲ့ လူစာရင္းပါပဲ။

အဓိကက တိုက္စစ္ပိုင္းမွာေပ့ါ။ အဲ့အတြက္လည္း ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္။ တိုက္စစ္မွာ အျခား ေနရာေတြလို ျပႆနာေတြ မရွိပါဘူး ” ဆိုျပီး ဂ်ပန္တိုက္စစ္သမားနဲ႔ ပက္သက္လို႔ ေျပာပါတယ္။

လီဗာပူးမွာ အဆိုးဆံုးေနရာက ခံစစ္ပိုင္းျဖစ္ျပီး ဗန္ဒိုက္၊ ဂိုးမက္စ္တို႔ ကာလရွည္ အနားယူရမွာျဖစ္ကာ ထရန္႔က ဒီဇင္ဘာလ ဒုတိယအပတ္ေလာက္ထိ အနားယူရႏုိင္တာ ျဖစ္ပါတယ္။

ကြင္းဖြင့္ ေလ့က်င့္ေရးမွာ တိုက္စစ္သမား ဖာမင္ႏို မပါခ့ဲပါဘူး။ ဒါေပမယ့္ အိုရီဂီနဲ႔ မီနာမီႏိုတို႔ကေတာ့ အေကာင္းဆံုး ပါဝင္ ေလ့က်င့္ႏုိင္ခဲ့တယ္။ အတၱလန္တာပြဲမွာ မီနာမီႏိုဟာ ဖာမင္ႏိုေနရာကေန ပြဲထြက္လာဖို႔ေတာင္ ေမွ်ာ္လင့္လို႔ ရႏုိင္ပါတယ္။

“ အသင္းအတြက္ ခက္ခဲပါတယ္။ ဒါေပမယ့္ စြမ္းေဆာင္ရည္ က်ဆင္းတာေတာ့ မဟုတ္ဘဲ စိန္ေခၚမႈတစ္ခုကို ရင္ဆိုင္ေနရတာပါပဲ။ ဖာမင္ႏိုက အသင္းအတြက္ အခရာ ကစားသမားျဖစ္ျပီး အသင္း ပံုစံေကာင္းေတြမွာ ရွိေနဖို႔အတြက္လည္း သူက သိပ္ကို အေရးၾကီးပါတယ္။

ဖာမင္နို မပါဘဲလည္း က်ေန္ာတို႔ အေကာင္းဆံုး ကစားႏုိင္တယ္။ တာကီက ထူးခၽြန္လြန္းတဲ့ ကစားသမားေကာင္းပါ။ သူက စိန္ေခၚမႈေတြကို ရင္ဆိုင္ပါလိမ့္မယ္။ သူ႔ရဲ႕ ပြဲကစားခ်ိန္ေတြ ေရာက္လာပါေတာ့မယ္။ အဲ့အတြက္ သံသယမရွိပါဘူး ” လို႔ မန္ေနဂ်ာကေလာ့ပ္က ဆိုခဲ့တာ ျဖစ္ပါတယ္။