မန်နေဂျာကလော့ပ်က ဒီကနေ့ည ချန်ပီယံလိဂ်ပွဲအဖြစ် အတ္တလန်တာကို ရင်ဆိုင်ကစားရမှာ ဗဟိုခံစစ်အတွဲအဖြစ် ရိုင်းစ်နဲ့ ဖာဘင်ညိုထဲက တစ်ဦးကို မာတစ်နဲ့ တွဲထုတ်ဖွယ် ရှိပါတယ်။

ပွဲကြို အင်တာဗျူးမှာ မာတစ်ကို ခေါ်သွားခဲ့တာကြောင့် ကင်မရွန်းသားကြီးကို ပွဲထွက်လူစာရင်းကနေ ထည့်သုံးမယ် မျှော်လင့်ရတယ်။ သူ့ရဲ့ တွဲဘက်အဖြစ် အရင် အတ္တလန်တာပွဲမှာ ပွဲထုတ်ခဲ့တဲ့ ရိုင်းစ်ကို နေရာပေးပြီး ၇၂ နာရီ မပြည့်ခင် ယှဉ်ပြိုင်ရမယ့် ဘရိုက်တန်ပွဲအတွက် ဖာဘင်ညိုကို အရန်စာရင်းမှာ ထားမယ့် အနေအထားဖြစ်ပါတယ်။

မာတစ်က ကြံ့ခိုင်မှု ကောင်းနေတဲ့ တစ်ဦးတည်းသော ဝါရင့် ခံစစ်သမားဖြစ်တာကြောင့် သူ့ကို အဓိကထားတဲ့ ခံစစ်ကြောင်းကို ရွေးချယ်တာက ဖြစ်သင့်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ဒီကနေ့ပွဲမှာတော့ ချန်ပီယံလိဂ် လူစာရင်းမှာ ရွေးချယ်ခံထားရခြင်း မရှိတဲ့ ဖီလစ်ဟာ အရန်ခုံမှာတောင် ရှိနေခွင့်ရမှာ မဟုတ်ပါဘူး။

တွဲဘက် ခံစစ်သမား နှစ်ဦးဖြစ်သလို အတ္တလန်တာပွဲမှာ သူနဲ့ တွဲဘက်ခွင့်ရမယ့် ဖာဘင်ညို၊ ရိုင်းစ်တို့နဲ့ ပက်သက်ပြီး မာတစ်က အခုလို ပြောပါတယ်။

မာတစ်က ” လက်စတာနဲ့ပွဲမှာ ဖာဘင်ညိုက အတော်လေး ကောင်းခဲ့ပါတယ်။ အချိန်အကြာကြီး ခံစစ်နေရာမှာ ကစားခဲ့တဲ့ အတွေ့အကြုံရှိ ကစားသမားတစ်ယောက်လိုတောင် မြင်ခဲ့ရတယ်။ သူ ကစားတာ သိပ်ကောင်းပါတယ်၊ တစ်သင်းလုံးလည်း ကောင်းတာပါပဲ။ အချင်းချင်း ကူညီပေးနေကြပြီး အတူတကွလည်း ကောင်းမွန်စွာ ကစားနေပါတယ်။

ရိုင်းစ်ကလည်း အရမ်းကောင်းကောင်း လုပ်ထားပါတယ်။ သူ့ကို တောင်းဆိုတာတွေ အားလုံးကို လုပ်ပေးထားတယ်။ ထူးချွန်တဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။ အတ္တလန်တာကို ရင်ဆိုင်တဲ့ပွဲမှာ သူ အကောင်းဆုံး ကစားခဲ့တယ်။ ကြီးမားတဲ့ သက်ရောက်မှုကိုလည်း ပြသခဲ့တယ်။ အသင်းအနေနဲ့ ကျနေ်ာတို့တွေက အသင်းဖော်ချင်းကို ကူညီပေးနိုင်ဖို့ ကြိုးစားနေပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က ဒီကေန႔ည ခ်န္ပီယံလိဂ္ပြဲအျဖစ္ အတၱလန္တာကို ရင္ဆိုင္ကစားရမွာ ဗဟိုခံစစ္အတြဲအျဖစ္ ရိုင္းစ္နဲ႔ ဖာဘင္ညိဳထဲက တစ္ဦးကို မာတစ္နဲ႔ တြဲထုတ္ဖြယ္ ရွိပါတယ္။

ပြဲၾကိဳ အင္တာဗ်ဴးမွာ မာတစ္ကို ေခၚသြားခဲ့တာေၾကာင့္ ကင္မရြန္းသားၾကီးကို ပြဲထြက္လူစာရင္းကေန ထည့္သံုးမယ္ ေမွ်ာ္လင့္ရတယ္။ သူ႔ရဲ႕ တြဲဘက္အျဖစ္ အရင္ အတၱလန္တာပြဲမွာ ပြဲထုတ္ခဲ့တဲ့ ရိုင္းစ္ကို ေနရာေပးျပီး ၇၂ နာရီ မျပည့္ခင္ ယွဥ္ျပိဳင္ရမယ့္ ဘရိုက္တန္ပြဲအတြက္ ဖာဘင္ညိဳကို အရန္စာရင္းမွာ ထားမယ့္ အေနအထားျဖစ္ပါတယ္။

မာတစ္က ၾကံ႕ခိုင္မႈ ေကာင္းေနတဲ့ တစ္ဦးတည္းေသာ ဝါရင့္ ခံစစ္သမားျဖစ္တာေၾကာင့္ သူ႔ကို အဓိကထားတဲ့ ခံစစ္ေၾကာင္းကို ေရြးခ်ယ္တာက ျဖစ္သင့္တဲ့ ကိစၥလည္းျဖစ္ပါတယ္။ ဒီကေန႔ပြဲမွာေတာ့ ခ်န္ပီယံလိဂ္ လူစာရင္းမွာ ေရြးခ်ယ္ခံထားရျခင္း မရွိတဲ့ ဖီလစ္ဟာ အရန္ခံုမွာေတာင္ ရွိေနခြင့္ရမွာ မဟုတ္ပါဘူး။

တြဲဘက္ ခံစစ္သမား ႏွစ္ဦးျဖစ္သလို အတၱလန္တာပြဲမွာ သူနဲ႔ တြဲဘက္ခြြင့္ရမယ့္ ဖာဘင္ညိဳ၊ ရိုင္းစ္တို႔နဲ႔ ပက္သက္ျပီး မာတစ္က အခုလို ေျပာပါတယ္။

မာတစ္က ” လက္စတာနဲ႔ပြဲမွာ ဖာဘင္ညိဳက အေတာ္ေလး ေကာင္းခဲ့ပါတယ္။ အခ်ိန္အၾကာၾကီး ခံစစ္ေနရာမွာ ကစားခဲ့တဲ့ အေတြ႔အၾကံဳရွိ ကစားသမားတစ္ေယာက္လိုေတာင္ ျမင္ခဲ့ရတယ္။ သူ ကစားတာ သိပ္ေကာင္းပါတယ္၊ တစ္သင္းလံုးလည္း ေကာင္းတာပါပဲ။ အခ်င္းခ်င္း ကူညီေပးေနၾကျပီး အတူတကြလည္း ေကာင္းမြန္စြာ ကစားေနပါတယ္။

ရိုင္းစ္ကလည္း အရမ္းေကာင္းေကာင္း လုပ္ထားပါတယ္။ သူ႔ကို ေတာင္းဆိုတာေတြ အားလံုးကို လုပ္ေပးထားတယ္။ ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္ ျဖစ္ပါတယ္။ အတၱလန္တာကို ရင္ဆိုင္တဲ့ပြဲမွာ သူ အေကာင္းဆံုး ကစားခဲ့တယ္။ ၾကီးမားတဲ့ သက္ေရာက္မႈကိုလည္း ျပသခဲ့တယ္။ အသင္းအေနနဲ႔ က်ေန္ာတို႔ေတြက အသင္းေဖာ္ခ်င္းကို ကူညီေပးႏုိင္ဖို႔ ၾကိဳးစားေနပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။