အွန်လိုင်းမှာ ကီးဘုတ်ဖိုက်တာတွေရဲ့ ဝိုင်းဝန်း အပြောအဆိုခံနေတဲ့ လီဗာပူး လူငယ် ကစားသမား နီကို ဝီလီယံဘက်ကနေ လီဗာပူး ကွင်းလယ်ဟောင်း ဖြစ်တဲ့ အဒမ် လယ်လာနာက ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်သွားပါတယ်။

နီကို ဝီလီယံဟာ လီဗာပူးအသင်းရဲ့ စက်တင်ဘာလထဲက လင်ကွန်းစီးတီးအသင်းကို ၇-၂ နဲ့ နိုင်တဲ့ ကာရာဘောင်းဖလား ပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ကို ပေးလိုက်ရတဲ့ ဂိုးမှာ ဝီလီယံရဲ့ ဘောလုံးဆုံးရှုံးမှုကနေ ဖြစ်သွားတာကြောင့် ထိုပွဲ အပြီးမှာ ၎င်းဟာ လူမှုကွန်ယက်ကနေ ဝေဖန်ထိုးနှက်မှုများ များစွာ ခံခဲ့ရပါတယ်။ ဝီလီယံက ၎င်းရဲ့ တွစ်တာ အကောင့်ကို ခေတ္တ ပိတ်လိုက်ရသည် အထိ ဝိုင်းဝန်း ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ထိုသို့ ထိုးနှက် ခံခဲ့ရတဲ့ ဝီလီယံဘက်က စီနီယာ ကစားသမားတွေက ရပ်တည်ခဲ့သလို လီဗာပူး ကစားသမားဟောင်း လယ်လာနာကလည်း ထို ဖြစ်ရဟာ ယုံနိုင်စရာ မရှိအောင် ဆိုးဝါးတဲ့ ကိစ္စရပ် ဖြစ်ကြောင်း ဝေဖန်ကာ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

” ကျနော် ဆိုရှယ်မီဒီယာမှာ ကြည့်မိတုန်း အဲဒါကိုတွေ့မိတယ်။ ဒါက လုံးဝကို လက်ခံနိုင်စရာ မရှိတဲ့ ကိစ္စပါ။ အွန်လိုင်းက ကီးဘုတ် ဖိုက်တာတွေရဲ့ တဖက်သက် အမြင်နဲ့ ဝိုင်းထိုးနှက်မှုပဲ။ သူက ဝယ်ရွယ်ပြီး သင်ယူနေရဆဲ လူငယ် ကစားသမားလေးပဲ ရှိသေးတယ်။ ပွဲထဲမှာဆို ဆိုးဝါးတဲ့ အခိုက်အတန့်တွေက ကြုံရမှာပဲ။ တကယ့် ထိပ်သီးအဆင့် မှာ ရှိနေတဲံ ထိပ်သီးအသင်းမှာ ပါဝင် ကစားရတဲ့ လူငယ်လေး တစ်ယောက် အနေနဲ့ ဒီလို အခက်ခဲတွေ ကြုံပြီး သူ့အကောင့်ကို ပိတ်လိုက်ရသည်ထိ မြင်ရတာ ဝမ်းနည်းစရာပဲဗျာ မဟုတ်ဘူးလား။

ဒါပေမယ့် အဲဒါက ဒီနေ့ခေတ် ကမ္ဘာကြီးပဲ။ သူက လူကောင်းလေး တစ်ယောက်ပါ။ ဒီတိုက်ခိုက်မှုတွေကနေ သူ ပိုပြီး သန်မာလာလိမ့်မယ်လို့ ကျနော် ယုံတယ် ဒါပေမယ့် ဒီလို ဝိုင်းဖိအားပေးမှုတွေက လိုအပ်တဲ့ ကိစ္စတွေ မဟုတ်ဘူးလေ။ ” လို့ လယ်လာနာက ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်သား ကွင်းလယ် ကစားသမား လယ်လာနာရဲ့ လက်ရှိကလပ် ဘရိုက်တန် အသင်းဟာ လာမယ့် စနေနေ့မှာ လီဗာပူးအသင်းနဲ့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

Zawgyi – အြန္လိုင္းမွာ ကီးဘုတ္ဖိုက္တာေတြရဲ႕ ၀ိုင္း၀န္း အေျပာအဆိုခံေနတဲ့ လီဗာပူး လူငယ္ ကစားသမား နီကို ၀ီလီယံဘက္ကေန လီဗာပူး ကြင္းလယ္ေဟာင္း ျဖစ္တဲ့ အဒမ္ လယ္လာနာက ကာကြယ္ ေျပာဆိုမႈေတြ ျပဳလုပ္သြားပါတယ္။

နီကို ၀ီလီယံဟာ လီဗာပူးအသင္းရဲ႕ စက္တင္ဘာလထဲက လင္ကြန္းစီးတီးအသင္းကို ၇-၂ နဲ႕ နိုင္တဲ့ ကာရာေဘာင္းဖလား ပြဲမွာ ပြဲခ်ိန္ျပည့္ ပါ၀င္ကစားခဲ့ပါတယ္။ ဒါေပမယ့္ ျပိဳင္ဘက္ကို ေပးလိုက္ရတဲ့ ဂိုးမွာ ၀ီလီယံရဲ႕ ေဘာလံုးဆံုးရွံဳးမႈကေန ျဖစ္သြားတာေၾကာင့္ ထိုပြဲ အျပီးမွာ ၄င္းဟာ လူမႈကြန္ယက္ကေန ေ၀ဖန္ထိုးနွက္မႈမ်ား မ်ားစြာ ခံခဲ့ရပါတယ္။ ၀ီလီယံက ၄င္းရဲ႕ တြစ္တာ အေကာင့္ကို ေခတၱ ပိတ္လိုက္ရသည္ အထိ ၀ိုင္း၀န္း ေျပာဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

ထိုသို႔ ထိုးနွက္ ခံခဲ့ရတဲ့ ၀ီလီယံဘက္က စီနီယာ ကစားသမားေတြက ရပ္တည္ခဲ့သလို လီဗာပူး ကစားသမားေဟာင္း လယ္လာနာကလည္း ထို ျဖစ္ရဟာ ယံုနိုင္စရာ မရွိေအာင္ ဆိုး၀ါးတဲ့ ကိစၥရပ္ ျဖစ္ေၾကာင္း ေ၀ဖန္ကာ ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။

” က်ေနာ္ ဆိုရွယ္မီဒီယာမွာ ၾကည့္မိတုန္း အဲဒါကိုေတြ႕မိတယ္။ ဒါက လံုး၀ကို လက္ခံနုိင္စရာ မရွိတဲ့ ကိစၥပါ။ အြန္လိုင္းက ကီးဘုတ္ ဖိုက္တာေတြရဲ႕ တဖက္သက္ အျမင္နဲ႕ ၀ိုင္းထိုးနွက္မႈပဲ။ သူက ၀ယ္ရြယ္ျပီး သင္ယူေနရဆဲ လူငယ္ ကစားသမားေလးပဲ ရွိေသးတယ္။ ပြဲထဲမွာဆို ဆိုး၀ါးတဲ့ အခိုက္အတန္႔ေတြက ၾကံဳရမွာပဲ။ တကယ့္ ထိပ္သီးအဆင့္ မွာ ရွိေနတဲံ ထိပ္သီးအသင္းမွာ ပါ၀င္ ကစားရတဲ့ လူငယ္ေလး တစ္ေယာက္ အေနနဲ႕ ဒီလို အခက္ခဲေတြ ၾကံဳျပီး သူ႔အေကာင့္ကို ပိတ္လိုက္ရသည္ထိ ျမင္ရတာ ၀မ္းနည္းစရာပဲဗ်ာ မဟုတ္ဘူးလား။

ဒါေပမယ့္ အဲဒါက ဒီေန႔ေခတ္ ကမၻာၾကီးပဲ။ သူက လူေကာင္းေလး တစ္ေယာက္ပါ။ ဒီတိုက္ခိုက္မႈေတြကေန သူ ပိုျပီး သန္မာလာလိမ့္မယ္လို႔ က်ေနာ္ ယံုတယ္ ဒါေပမယ့္ ဒီလို ၀ိုင္းဖိအားေပးမႈေတြက လိုအပ္တဲ့ ကိစၥေတြ မဟုတ္ဘူးေလ။ ” လို႔ လယ္လာနာက ေျပာဆိုခဲ့ပါတယ္။

အဂၤလန္သား ကြင္းလယ္ ကစားသမား လယ္လာနာရဲ႕ လက္ရွိကလပ္ ဘရိုက္တန္ အသင္းဟာ လာမယ့္ စေနေန႔မွာ လီဗာပူးအသင္းနဲ႕ ရင္ဆိုင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။