ချန်ပီယံလိဂ် ပွဲစဉ် ၄ အဖြစ် လီဗာပူးက အတ္တလန်တာကို အိမ်ကွင်း အန်ဖီးမှာ ရင်ဆိုင်ကစားရာမှာတော့ ၂-၀ ဆိုတဲ့ ရလဒ်ဖြင့် အရေးနိမ့်ခဲ့ပြီ ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က လူအပြောင်းအလဲအဖြစ် ဘယ်အစွန်မှာ ကိုစတက်၊ ညာအစွန်မှာ နီကိုးနဲ့ ဗဟိုခံစစ်မှာ ရိုင်းစ်တို့ကို ထည့်သုံးခဲ့ကာ အထောင်တိုက်စစ်မှာ အိုရီဂီကို ထုတ်သုံးခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲအပြီး ၃ ရက် မပြည့်ခင်မှာပဲ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ ရှိနေတာကြောင့် မန်နေဂျာကလော့ပ်ဟာ အင်အားနည်းနေတဲ့ ခံစစ်နေရာမှာ လူစာရင်း ချိန်းမှုကို လုပ်ကို လုပ်ခဲ့ရတာဖြစ်တယ်။

လူစာရင်း အပြောင်းအလဲ ရှိသလိုပဲ အသင်းရဲ့ ကစားပုံကလည်း လက်စတာနဲ့ပွဲကနဲ့ မတူဘဲ ဖိအားများခဲ့ပါတယ်။ တိုက်စစ်ကစားဖို့အတွက် ပြင်ဆင်ပုံ ညံ့ဖျင်းခဲ့ကာ ခံစစ်ကစာပုံကလည်း ဖရိုဖရဲ ဖြစ်ခဲ့တယ်။ မာတစ်ရဲ့ ပေးချက်တွေနဲ့ အယ်လီဆန်ရဲ့ ကစားကွက် ဖြန့်ပေးမှုတွေ ကောင်းမွန်တာကလွဲလို့ ထူးထူးခြားခြား ပြောစရာ မရှိခဲ့ပါဘူး။

တိုက်စစ်က အိုရီဂီရဲ့ ချိတ်ဆက်ကစားမှုဟာ ဖာမင်နိုနဲ့ နှိုင်းယှဉ်လို မရဘဲ အတော်လေး ဆိုးရွားခဲ့တာပါ။ နံပါတ် ၉ နေရာက သူ့ရဲ့ ထိန်းချုပ်ပေးမှုတွေ မကောင်းသလို ဘေးနှစ်ဘက်က ပွဲထွက်လာတဲ့ ဆာလက်၊ မာနေးတို့ကလည်း ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေခဲ့တယ်။

လီဗာပူးရဲ့ ပုံမှန်ကစားကွက်လို့ ဆိုရမယ့် အစွန်နှစ်ဘက်က တိုက်စစ်လိုက်ပေးခြင်း၊ ဗဟိုခံစစ်က ဘောလုံးဖြန့်ပေးခြင်းနဲ့ ကွင်းလယ်က အစွန်သမားတွေကို ကာဗာ လိုက်ပေးခြင်းဆိုတဲ့ လုပ်ရိုးလုပ်စဉ်တွေဟာ ဒီကနေ့မှာတော့ အတော်လေး ခက်ခဲနေခဲ့တယ်။ တစ်ဦးချင်း ဟန်ချက်ပျက်တွေ စုဝေးလာတဲ့အခါ အသင်းလိုက် ကစားဟန်က ဘယ်လိုမှ အားရစရာ မကောင်းခဲ့ပါဘူး။

အတ္တလန်တာကလည်း ပထမတစ်ကြိမ် တွေ့ဆုံတုန်းကလို အမှားများနေခြင်း မရှိဘဲ နည်းစနစ်ကျကျ ကစားပြခဲ့တယ်။ သူတို့ရဲ့ အသင်းလိုက် စုဖွဲ့မှုက လီဗာပူးထက် ပိုကောင်းပါတယ်။ ဒီပွဲကို အရေးနိမ့်မယ်ဆိုရင် အတ္တလန်တာဟာ အုပ်စုအဆင့်ကနေ လှည့်ပြန်ဖို့ များမယ့် အခြေအနေကလည်း စိတ်ဓါတ်ပိုင်း အားပြိုင်မှုမှာ ကွားခြားခဲ့တယ်လို့ ဆိုရမှာပါ။

ဒုတိယပိုင်းမှာလည်း ဂျိုတာနဲ့ ရော်ဘတ်ဆန်ကို ပွဲစကတည်းက လူစားမလဲဘဲ အခြေအနေ တစ်ခုကို စောင့်ကြည့်ခဲ့တယ်။ လူစားလဲမှု ၄ ခုထိ လုပ်ဖို့ ကွင်းဘေးမှာ ပြင်ဆင်ထားစဉ်မှာ အတ္တလန်တာက ဦးဆောင်ဂိုးကို စရသွားပါတယ်။ ခြေပဂိုး ပြန်ရဖို့ ကြိုးစားနေရင်းမှာ အတ္တလန်တာကပဲ ကောင်းမွန်တဲ့ ကစားဟန်ကနေ ဒုတိယ ဦးဆောင်ဂိုး ထပ်ရခဲ့တာပါ။

ဒီကနေ့ပွဲမှာ လီဗာပူးဟာ စိတ်ဓါတ်ပိုင်း ကွာခြားတာကြောင့်ပဲ လွှမ်းမိုးခံခဲ့ရတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာက အုပ်စုတွင်း ၃ ပွဲထဲက ၁ ပွဲနိုင်ရင်ကို နောက်တစ်ဆင့် တက်မှာဖြစ်ပါတယ်။ ဒီအခြေအနေမှာ အတ္တလန်တာပွဲထက် ဘရိုက်တန်ပွဲကိုပဲ အားလုံးက စိတ်ပိုရောက်နေခဲ့ကြကာ ပုံမှန်ခြေစွမ်းတွေအောက်ကို ကျဆင်းနေခဲ့ကြတယ်။

ပရိသတ် အချို့က ပွဲထွက်လူစာရင်းကို အပြစ်တင်ပေမယ့် အဲ့အပိုင်းမှာတော့ လက်မခံနိုင်စရာ မရှိပါဘူး။ အသင်းဟာ ဒီရာသီမှာ ကစားသမား ၁၇ ဦးထိ ဒဏ်ရာရထားပါပြီ။ တိုက်စစ် တစ်နေရာကလွဲရင် ကွင်းလယ်နဲ့ ခံစစ်က အားနည်းနေတယ်။ အခွင့်အရေး ၃ ကြိမ်ရှိတဲ့ ချန်ပီယံလိဂ်ထက် နောက်ထပ် တစ်ကြိမ် အခွင့်အရေးမရနိုင်တဲ့ ပရီးမီးယားလိဂ်ပွဲ ဘရိုက်တန်အတွက် လူအပြောင်းအလဲ လုပ်တဲ့အပေါ် အပြစ်တင်စရာ မရှိပါဘူး။

ချန်ပီယံလိဂ် အုပ်စုတွင်းမှာတော့ လီဗာပူးက ၄ ပွဲကစား ၉ မှတ်၊ အေဂျက်နဲ့ အတ္တလန်တာက ၇ မှတ်တွေဖြစ်ကာ မစ်ဂျီရန်က ရမှတ် မရှိသေးပါဘူး။ လက်ကျန် ၂ ပွဲအဖြစ် လီဗာပူးက အေဂျက်ကို အိမ်ကွင်း၊ မစ်ဂျီရန်ကို အဝေးကွင်းတွေမှာ သွားကစားရမှာဖြစ်တယ်။ တစ်ဘက်မှာ အေဂျက်နဲ့ အတ္တလန်တာတို့ ထိပ်တိုက်တွေ့မယ့်ပွဲတွေလည်း ရှိသေးတာကြောင့် လီဗာပူးက ရံှူးထွက်ကို တက်ရောက်နိုင်ချေ အများဆုံး ဖြစ်နေဆဲဖြစ်ပါတယ်။

ကစားသမား အပြောင်းအလဲ၊ ကစားကွက် အပြောင်းအလဲကြီးတွေ အောက်မှာ အသင်းဟာ တိုက်စစ်အတွက် လိုအပ်ချက် မျာခဲ့တာကို ဝန်ခံရင်း ဒီအပတ်အကုန် ဘရိုက်တန်ပွဲမှာ ရလဒ်ကောင်းရယူကာ တုန့်ပြန်ပြဖို့ မျှော်လင့်ရမှာဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ ပြဲစဥ္ ၄ အျဖစ္ လီဗာပူးက အတၱလန္တာကို အိမ္ကြင္း အန္ဖီးမွာ ရင္ဆိုင္ကစားရာမွာေတာ့ ၂-၀ ဆိုတဲ့ ရလဒ္ျဖင့္ အေရးနိမ့္ခဲ့ျပီ ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က လူအေျပာင္းအလဲအျဖစ္ ဘယ္အစြန္မွာ ကိုစတက္၊ ညာအစြန္မွာ နီကိုးနဲ႔ ဗဟိုခံစစ္မွာ ရိုင္းစ္တို႔ကို ထည့္သံုးခဲ့ကာ အေထာင္တိုက္စစ္မွာ အိုရီဂီကို ထုတ္သံုးခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ပြဲအျပီး ၃ ရက္ မျပည့္ခင္မွာပဲ ဘရိုက္တန္နဲ႔ ပရီးမီးယားလိဂ္ပြဲ ရွိေနတာေၾကာင့္ မန္ေနဂ်ာကေလာ့ပ္ဟာ အင္အားနည္းေနတဲ့ ခံစစ္ေနရာမွာ လူစာရင္း ခ်ိန္းမႈကို လုပ္ကို လုပ္ခဲ့ရတာျဖစ္တယ္။

လူစာရင္း အေျပာင္းအလဲ ရွိသလိုပဲ အသင္းရဲ႕ ကစားပံုကလည္း လက္စတာနဲ႔ပြဲကနဲ႔ မတူဘဲ ဖိအားမ်ားခဲ့ပါတယ္။ တိုက္စစ္ကစားဖို႔အတြက္ ျပင္ဆင္ပံု ညံ့ဖ်င္းခဲ့ကာ ခံစစ္ကစာပံုကလည္း ဖရိုဖရဲ ျဖစ္ခဲ့တယ္။ မာတစ္ရဲ႕ ေပးခ်က္ေတြနဲ႔ အယ္လီဆန္ရဲ႕ ကစားကြက္ ျဖန္႔ေပးမႈေတြ ေကာင္းမြန္တာကလြဲလို႔ ထူးထူးျခားျခား ေျပာစရာ မရွိခဲ့ပါဘူး။

တိုက္စစ္က အိုရီဂီရဲ႕ ခ်ိတ္ဆက္ကစားမႈဟာ ဖာမင္ႏိုနဲ႔ ႏိႈင္းယွဥ္လို မရဘဲ အေတာ္ေလး ဆိုးရြားခဲ့တာပါ။ နံပါတ္ ၉ ေနရာက သူ႔ရဲ႕ ထိန္းခ်ဳပ္ေပးမႈေတြ မေကာင္းသလို ေဘးႏွစ္ဘက္က ပြဲထြက္လာတဲ့ ဆာလက္၊ မာေနးတို႔ကလည္း ပံုမွန္ေျခစြမ္းေအာက္ကို ေရာက္ေနခဲ့တယ္။

လီဗာပူးရဲ႕ ပံုမွန္ကစားကြက္လို႔ ဆိုရမယ့္ အစြန္ႏွစ္ဘက္က တိုက္စစ္လိုက္ေပးျခင္း၊ ဗဟိုခံစစ္က ေဘာလံုးျဖန္႔ေပးျခင္းနဲ႔ ကြင္းလယ္က အစြန္သမားေတြကို ကာဗာ လိုက္ေပးျခင္းဆိုတဲ့ လုပ္ရိုးလုပ္စဥ္ေတြဟာ ဒီကေန႔မွာေတာ့ အေတာ္ေလး ခက္ခဲေနခဲ့တယ္။ တစ္ဦးခ်င္း ဟန္ခ်က္ပ်က္ေတြ စုေဝးလာတဲ့အခါ အသင္းလိုက္ ကစားဟန္က ဘယ္လိုမွ အားရစရာ မေကာင္းခဲ့ပါဘူး။

အတၱလန္တာကလည္း ပထမတစ္ၾကိမ္ ေတြ႔ဆံုတုန္းကလို အမွားမ်ားေနျခင္း မရွိဘဲ နည္းစနစ္က်က် ကစားျပခဲ့တယ္။ သူတို႔ရဲ႕ အသင္းလိုက္ စုဖြဲ႔မႈက လီဗာပူးထက္ ပိုေကာင္းပါတယ္။ ဒီပြဲကို အေရးနိမ့္မယ္ဆိုရင္ အတၱလန္တာဟာ အုပ္စုအဆင့္ကေန လွည့္ျပန္ဖို႔ မ်ားမယ့္ အေျခအေနကလည္း စိတ္ဓါတ္ပိုင္း အားျပိဳင္မႈမွာ ကြားျခားခဲ့တယ္လို႔ ဆိုရမွာပါ။

ဒုတိယပိုင္းမွာလည္း ဂ်ိဳတာနဲ႔ ေရာ္ဘတ္ဆန္ကို ပြဲစကတည္းက လူစားမလဲဘဲ အေျခအေန တစ္ခုကို ေစာင့္ၾကည့္ခဲ့တယ္။ လူစားလဲမႈ ၄ ခုထိ လုပ္ဖို႔ ကြင္းေဘးမွာ ျပင္ဆင္ထားစဥ္မွာ အတၱလန္တာက ဦးေဆာင္ဂိုးကို စရသြားပါတယ္။ ေျခပဂိုး ျပန္ရဖို႔ ၾကိဳးစားေနရင္းမွာ အတၱလန္တာကပဲ ေကာင္းမြန္တဲ့ ကစားဟန္ကေန ဒုတိယ ဦးေဆာင္ဂိုး ထပ္ရခဲ့တာပါ။

ဒီကေန႔ပြဲမွာ လီဗာပူးဟာ စိတ္ဓါတ္ပိုင္း ကြာျခားတာေၾကာင့္ပဲ လႊမ္းမိုးခံခဲ့ရတာ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္မွာက အုပ္စုတြင္း ၃ ပြဲထဲက ၁ ပြဲႏုိင္ရင္ကို ေနာက္တစ္ဆင့္ တက္မွာျဖစ္ပါတယ္။ ဒီအေျခအေနမွာ အတၱလန္တာပြဲထက္ ဘရိုက္တန္ပြဲကိုပဲ အားလံုးက စိတ္ပိုေရာက္ေနခဲ့ၾကကာ ပံုမွန္ေျခစြမ္းေတြေအာက္ကို က်ဆင္းေနခဲ့ၾကတယ္။

ပရိသတ္ အခ်ိဳ႔က ပြဲထြက္လူစာရင္းကို အျပစ္တင္ေပမယ့္ အဲ့အပိုင္းမွာေတာ့ လက္မခံႏုိင္စရာ မရွိပါဘူး။ အသင္းဟာ ဒီရာသီမွာ ကစားသမား ၁၇ ဦးထိ ဒဏ္ရာရထားပါျပီ။ တိုက္စစ္ တစ္ေနရာကလြဲရင္ ကြင္းလယ္နဲ႔ ခံစစ္က အားနည္းေနတယ္။ အခြင့္အေရး ၃ ၾကိမ္ရွိတဲ့ ခ်န္ပီယံလိဂ္ထက္ ေနာက္ထပ္ တစ္ၾကိမ္ အခြင့္အေရးမရႏုိင္တဲ့ ပရီးမီးယားလိဂ္ပြဲ ဘရိုက္တန္အတြက္ လူအေျပာင္းအလဲ လုပ္တဲ့အေပၚ အျပစ္တင္စရာ မရွိပါဘူး။

ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာေတာ့ လီဗာပူးက ၄ ပြဲကစား ၉ မွတ္၊ ေအဂ်က္နဲ႔ အတၱလန္တာက ၇ မွတ္ေတြျဖစ္ကာ မစ္ဂ်ီရန္က ရမွတ္ မရွိေသးပါဘူး။ လက္က်န္ ၂ ပြဲအျဖစ္ လီဗာပူးက ေအဂ်က္ကို အိမ္ကြင္း၊ မစ္ဂ်ီရန္ကို အေဝးကြင္းေတြမွာ သြားကစားရမွာျဖစ္တယ္။ တစ္ဘက္မွာ ေအဂ်က္နဲ႔ အတၱလန္တာတို႔ ထိပ္တိုက္ေတြ႔မယ့္ပြဲေတြလည္း ရွိေသးတာေၾကာင့္ လီဗာပူးက ရံွဴးထြက္ကို တက္ေရာက္ႏုိင္ေခ် အမ်ားဆံုး ျဖစ္ေနဆဲျဖစ္ပါတယ္။

ကစားသမား အေျပာင္းအလဲ၊ ကစားကြက္ အေျပာင္းအလဲၾကီးေတြ ေအာက္မွာ အသင္းဟာ တိုက္စစ္အတြက္ လိုအပ္ခ်က္ မ်ာခဲ့တာကို ဝန္ခံရင္း ဒီအပတ္အကုန္ ဘရိုက္တန္ပြဲမွာ ရလဒ္ေကာင္းရယူကာ တုန္႔ျပန္ျပဖို႔ ေမွ်ာ္လင့္ရမွာျဖစ္ပါတယ္။