လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အတ္တလန်တာကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ထိုက်ထိုက်တန်တန် အရေးနိမ့်ခဲ့ပါတယ်လို့ ဝန်ခံလိုက်ပါတယ်။

ချန်ပီယံလိဂ်မှာ အုပ်စုဗိုလ်နေရာက ရှိနေတဲ့ လီဗာပူးအသင်းဟာ ဒီပွဲနိုင်ရင် နောက်တစ်ဆင့်ကို တက်ရောက်ဖို့ သေချာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ များပြားတဲ့ ဒဏ်ရာ အခြေအနေတွေကို ကျော်လွှားဖို့နဲ့ ကြံ့ခိုင်မှု သတင်းဆိုးတွေ ထပ်မရဖို့ ဒီကနေ့ပွဲမှာ ပွဲကစားခွင့် မရကြတဲ့ ကစားသမား အများအပြားကို ထုတ်သုံရာက အသင်းရဲ့ စွမ်းဆောင်ရည်က အတော်လေး ဆိုးရွားခဲ့တာပါ။

ခြေစွမ်း မကောင်းခဲ့တာနဲ့ ပက်သက်လို့ ဝန်ခံတဲ့ ကလော့ပ်ဟာ ပွဲချိန်အတွင်းမှာ အကျိုးမဖြစ်ခဲ့ဘူးလို့ သူယူဆတဲ့ အချက်တွေကိုလည်း ထုတ်ပြောမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲနဲ့ ပက်သက်လို့ မန်နေဂျာ ကလော့ပ်က ” ပွဲကောင်းတစ်ပွဲ မဟုတ်ခဲ့ပါဘူး။ နှစ်သင်းလုံး အခွင့်အရေး ဖန်တီးမှုတွေ သိပ်မလုပ်နိုင်ခဲ့ဘူး။ အတ္တလန်တာဘက်က သွင်းဂိုး ၂ ဂိုး မသွင်းနိုင်ချိန်ထိပေါ့။

ခက်ခဲတဲ့ပွဲနဲ့အတူ ထိုက်တန်တဲ့ ရံှူးပွဲလည်း ဖြစ်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က အခိုက်အတန့်တွေ အများကြီးမှာ ခရာမှုတ်ပေးတာလည်း မလုပ်ခဲ့ဘူး။ အဲ့တာကတော့ နှစ်သင်းလုံးအတွက် ပိုခက်ခဲတဲ့ ကိစ္စ ဖြစ်ခဲ့ပါလိမ့်မယ်။ ပွဲရဲ့ တန်ပိုက သိပ်ပြင်းထန်နေတော့ အနားရချိန် နည်းနည်းလေး လိုအပ်ခဲ့ပါတယ်။

ပထမပိုင်း ပြီးချိန်ထိ အထိုင် မကျပါဘူး။ ကစားသမား အချို့က မကစားရတာ ကာလတစ်ခုရှိခဲ့တော့ ပွဲတန်ပိုကို မလိုက်နိုင်ခဲ့ဘူး။ ပွဲကို အနိုင်ရဖို့ ကျနေ်ာတို့ နည်းလမ်း မရှာနိုင်ခဲ့ပါဘူး။ ပွဲကောင်းလို့ ပြောလို့ရပါတယ်။ ကျနေ်ာတို့ အခွင့်အရေးကောင်းတော့ မရခဲ့ပါဘူး။

အခြားအသင်းတွေလိုပါပဲ။ စနေနေ့ အစောဆုံးမှာ တစ်ပွဲထပ်ကစားရမှာက ရာဇဝတ်မှုလို့တောင် ပြောလိုရတယ်။ ရလဒ်အတွက် ဘာမှ လုပ်လို့ မရပေမယ့် ဂုဏ်ယူမယ်ဆို ဂုဏ်ယူလို့ ရပါတယ်။ ဒဏ်ရာပြဿနာ ထပ်မရှိခဲ့ဘဲ နောက်တစ်ပွဲကို ယှဉ်ပြိုင်နိုင်ပါပြီ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ရဲ့ အစောဆုံးပွဲအဖြစ် စနေနေ့မှာ ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အတၱလန္တာကို အေရးနိမ့္တဲ့ ပြဲအျပီးမွာ ထိုက္ထိုက္တန္တန္ အေရးနိမ့္ခဲ့ပါတယ္လို႔ ဝန္ခံလိုက္ပါတယ္။

ခ်န္ပီယံလိဂ္မွာ အုပ္စုဗိုလ္ေနရာက ရွိေနတဲ့ လီဗာပူးအသင္းဟာ ဒီပြဲႏုိင္ရင္ ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ ေသခ်ာခဲ့ျပီျဖစ္ပါတယ္။ ဒါေပမယ့္လို႔ မ်ားျပားတဲ့ ဒဏ္ရာ အေျခအေနေတြကို ေက်ာ္လႊားဖို႔နဲ႔ ၾကံ႕ခိုင္မႈ သတင္းဆိုးေတြ ထပ္မရဖို႔ ဒီကေန႔ပြဲမွာ ပြဲကစားခြင့္ မရၾကတဲ့ ကစားသမား အမ်ားအျပားကို ထုတ္သံုရာက အသင္းရဲ႕ စြမ္းေဆာင္ရည္က အေတာ္ေလး ဆိုးရြားခဲ့တာပါ။

ေျခစြမ္း မေကာင္းခဲ့တာနဲ႔ ပက္သက္လို႔ ဝန္ခံတဲ့ ကေလာ့ပ္ဟာ ပြဲခ်ိန္အတြင္းမွာ အက်ိဳးမျဖစ္ခဲ့ဘူးလို႔ သူယူဆတဲ့ အခ်က္ေတြကိုလည္း ထုတ္ေျပာမႈ လုပ္ခဲ့တာ ျဖစ္ပါတယ္။

ပြဲနဲ႔ ပက္သက္လို႔ မန္ေနဂ်ာ ကေလာ့ပ္က ” ပြဲေကာင္းတစ္ပြဲ မဟုတ္ခဲ့ပါဘူး။ ႏွစ္သင္းလံုး အခြင့္အေရး ဖန္တီးမႈေတြ သိပ္မလုပ္ႏုိင္ခဲ့ဘူး။ အတၱလန္တာဘက္က သြင္းဂိုး ၂ ဂိုး မသြင္းႏုိင္ခ်ိန္ထိေပါ့။

ခက္ခဲတဲ့ပြဲနဲ႔အတူ ထိုက္တန္တဲ့ ရံွဴးပြဲလည္း ျဖစ္ခဲ့ပါတယ္။ ကြင္းလယ္ဒိုင္က အခိုက္အတန္႔ေတြ အမ်ားၾကီးမွာ ခရာမႈတ္ေပးတာလည္း မလုပ္ခဲ့ဘူး။ အဲ့တာကေတာ့ ႏွစ္သင္းလံုးအတြက္ ပိုခက္ခဲတဲ့ ကိစၥ ျဖစ္ခဲ့ပါလိမ့္မယ္။ ပြဲရဲ႕ တန္ပိုက သိပ္ျပင္းထန္ေနေတာ့ အနားရခ်ိန္ နည္းနည္းေလး လိုအပ္ခဲ့ပါတယ္။

ပထမပိုင္း ျပီးခ်ိန္ထိ အထိုင္ မက်ပါဘူး။ ကစားသမား အခ်ိဳ႔က မကစားရတာ ကာလတစ္ခုရွိခဲ့ေတာ့ ပြဲတန္ပိုကို မလိုက္ႏုိင္ခဲ့ဘူး။ ပြဲကို အႏုိင္ရဖို႔ က်ေန္ာတို႔ နည္းလမ္း မရွာႏုိင္ခဲ့ပါဘူး။ ပြဲေကာင္းလုိ႔ ေျပာလို႔ရပါတယ္။ က်ေန္ာတို႔ အခြင့္အေရးေကာင္းေတာ့ မရခဲ့ပါဘူး။

အျခားအသင္းေတြလိုပါပဲ။ စေနေန႔ အေစာဆံုးမွာ တစ္ပြဲထပ္ကစားရမွာက ရာဇဝတ္မႈလို႔ေတာင္ ေျပာလိုရတယ္။ ရလဒ္အတြက္ ဘာမွ လုပ္လို႔ မရေပမယ့္ ဂုဏ္ယူမယ္ဆို ဂုဏ္ယူလို႔ ရပါတယ္။ ဒဏ္ရာျပႆနာ ထပ္မရွိခဲ့ဘဲ ေနာက္တစ္ပြဲကို ယွဥ္ျပိဳင္ႏုိင္ပါျပီ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၀ ရဲ႕ အေစာဆံုးပြဲအျဖစ္ စေနေန႔မွာ ဘရိုက္တန္အသင္းကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။