လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ပွဲစဉ် ၄ အဖြစ် အတ္တလန်တာကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားရာမှာ လိုအပ်ချက်များတဲ့ ကစားပုံနဲ့အတူ အရေးနိမ့်ခဲ့ပါတယ်။

အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ မီလ်နာက အသင်းရဲ့ လိုအပ်ချက် များမှုကို ပွဲအပြီးမှာ ဝန်ခံတယ်။ ဒီအပတ်အကုန်မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ ရှိနေတာကြောင့် အဆိုပါပွဲမှာ ရလဒ်ကောင်းဖြင့် တုန့်ပြန်ပြဖို့လည်း အသင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။

မီလ်နာက BT Sport ကို ပြောရာမှာ ” ကျနေ်ာတို့ အကောင်းဆုံး မလုပ်နိုင်ခဲ့ဘူး။ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်ဆိုတာကိုလည်း သိပါတယ်။ ကျနော်တို့ တကယ်ကို လေးတွဲစွာ ကစားခဲ့ကြတယ်။

ကစားသမား အများအပြားက တွဲဘက် မကစားဖူးကြသူတွေပါ။ ပွဲစဉ်ဇယားတွေကလည်း ကြပ်တန်းလွန်းတယ်။ တစ်ခါတလေ အပြောင်းအလဲတွေ စမ်းဖို့ လိုခဲ့တယ်။ အနိုင်ရဖို့ အကောင်းဆုံး ခြေစွမ်းတွေ မပြနိုင်ခဲ့ပါဘူး။ ကျနေ်ာတို့ ပုံစံကောင်းမှာ ရှိမနေခဲ့ဘူး။

အုပ်စုတွင်းမှာ အုပ်စုဗိုလ်အဖြစ်တော့ ရှိနေဆဲပါ။ ဒီတော့ ကျနော်တို့ ပြန်ကြိုးစားပြီး ဒီအပတ်အကုန်မှာ နောက်တစ်ကြိမ် ထပ်မံ ယှဉ်ပြိုင်ရပါမယ်။ သက်ရောက်မှုတွေတော့ ရှိတာပါပဲ။ အတ္တလန်တာက သူတို့ရဲ့ အခွင့်အရေးကို အရယူသွားပါတယ်။ တစ်ပွဲလုံးက ဖိအားပေးဖို့ နောက်ကျတာနဲ့ အခွင့်အရေး ဖန်တီးမှု နည်းခဲ့တာကြောင့် ခံစားခဲ့ရတာပါ။

ကျနေ်ာတို့ အကောင်းဆုံး မလုပ်နိုင်တဲ့ ညတွေထဲက တစ်ညပါပဲ။ ပွဲတွေ အများကြီး လာဦးမှာမို့ အရံှူးရလဒ်ကနေ ခပ်မြန်မြန် နိုးထနိုင်ဖို့ လိုပါတယ်။ အခွင့်အရေးက လက်ထဲမှာ ရှိနေဆဲပါ။ ကျနေ်ာတို့ တိုးတက်လာနိုင်ရပါမယ် ” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ ပြဲစဥ္ ၄ အျဖစ္ အတၱလန္တာကို အိမ္ကြင္းမွာ ရင္ဆိုင္ကစားရာမွာ လိုအပ္ခ်က္မ်ားတဲ့ ကစားပံုနဲ႔အတူ အေရးနိမ့္ခဲ့ပါတယ္။

အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့တဲ့ မီလ္နာက အသင္းရဲ႕ လိုအပ္ခ်က္ မ်ားမႈကို ပြဲအျပီးမွာ ဝန္ခံတယ္။ ဒီအပတ္အကုန္မွာ ဘရိုက္တန္နဲ႔ ပရီးမီးယားလိဂ္ပြဲ ကစားဖို႔ ရွိေနတာေၾကာင့္ အဆိုပါပြဲမွာ ရလဒ္ေကာင္းျဖင့္ တုန္႔ျပန္ျပဖို႔လည္း အသင္းေဖာ္ေတြကို တိုက္တြန္းခဲ့ပါတယ္။

မီလ္နာက BT Sport ကို ေျပာရာမွာ ” က်ေန္ာတို႔ အေကာင္းဆံုး မလုပ္ႏုိင္ခဲ့ဘူး။ ညံ့ဖ်င္းတဲ့ စြမ္းေဆာင္ရည္ဆိုတာကိုလည္း သိပါတယ္။ က်ေနာ္တုိ႔ တကယ္ကို ေလးတြဲစြာ ကစားခဲ့ၾကတယ္။

ကစားသမား အမ်ားအျပားက တြဲဘက္ မကစားဖူးၾကသူေတြပါ။ ပြဲစဥ္ဇယားေတြကလည္း ၾကပ္တန္းလြန္းတယ္။ တစ္ခါတေလ အေျပာင္းအလဲေတြ စမ္းဖို႔ လိုခဲ့တယ္။ အႏုိင္ရဖို႔ အေကာင္းဆံုး ေျခစြမ္းေတြ မျပနုိင္ခဲ့ပါဘူး။ က်ေန္ာတို႔ ပံုစံေကာင္းမွာ ရွိမေနခဲ့ဘူး။

အုပ္စုတြင္းမွာ အုပ္စုဗိုလ္အျဖစ္ေတာ့ ရွိေနဆဲပါ။ ဒီေတာ့ က်ေနာ္တို႔ ျပန္ၾကိဳးစားျပီး ဒီအပတ္အကုန္မွာ ေနာက္တစ္ၾကိမ္ ထပ္မံ ယွဥ္ျပိဳင္ရပါမယ္။ သက္ေရာက္မႈေတြေတာ့ ရွိတာပါပဲ။ အတၱလန္တာက သူတို႔ရဲ႕ အခြင့္အေရးကို အရယူသြားပါတယ္။ တစ္ပြဲလံုးက ဖိအားေပးဖို႔ ေနာက္က်တာနဲ႔ အခြင့္အေရး ဖန္တီးမႈ နည္းခဲ့တာေၾကာင့္ ခံစားခဲ့ရတာပါ။

က်ေန္ာတို႔ အေကာင္းဆံုး မလုပ္ႏုိင္တဲ့ ညေတြထဲက တစ္ညပါပဲ။ ပြဲေတြ အမ်ားၾကီး လာဦးမွာမို႔ အရံွဴးရလဒ္ကေန ခပ္ျမန္ျမန္ ႏုိးထႏုိင္ဖို႔ လိုပါတယ္။ အခြင့္အေရးက လက္ထဲမွာ ရွိေနဆဲပါ။ က်ေန္ာတို႔ တိုးတက္လာႏုိင္ရပါမယ္ ” လို႔ ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။