အတ္တလန်တာကို ၂-၀ နဲ့ အရေးနိမ့်တဲ့ပွဲမှ လီဗာပူးအသင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေကို အကျဉ်းသဘော ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Alisson Becker 7

ကောင်းမွန်တဲ့ ကာကွယ်မှုတွေနဲ့ အသင်းခံစစ်ကနေ ဘောလုံးထုတ်ဖို့အတွက် ကောင်းမွန်တဲ့ ကူညီမှုတွေ လုပ်ပေးခဲ့တယ်။ သွင်းဂိုး ၂ ဂိုး ခွင့်ပြုရပေမယ့် စွမ်းဆောင်ရည်ကောင်းခဲ့တဲ့ လီဗာပူးအသင်းသား ဖြစ်ပါတယ်။

Neco Williams 5

အတ္တလန်တာက နီကိုးဘက်ခြမ်းကို ပစ်မှတ်ထားခဲ့ပြီး ဝေလ်းအစွန်လူက တည်ငြိမ်တဲ့ ပုံစံကို ပြသဖို့လည်း ရုန်းကန်ခဲ့ရတယ်။ တိုက်စစ်ကို လိုက်ပါပေမယ့် ပံ့ပိုးမှု မကောင်းခဲ့ပါဘူး။ ဒုတိယပိုင်းမှာ တိုးတက်လာမှုကို ပြသပေမယ့် အတ္တလန်တာက သူ့ဘက်ခြမ်းကနေပဲ သွင်းဂိုးတွေရဖို့ ဖန်တီးသွားပါတယ်။

Joel Matip 7

ခံစစ်က လူငယ်တွေကို ဦဆောင်ပေးခဲ့တဲ့ တစ်ဦးတည်းသော ဝါရင့် ကစားသမားပါ။ ဘောလုံးပေးချက်တွေ ကောင်းမွန်ပြီး သွင်းဂိုးတွေ ခွင့်မပြုရချိန်ထိ ကျစ်လစ်တဲ့ ကစားဟန်ကို ပြသခဲ့ပါတယ်။

Rhys Williams 6

ရိုးရှင်းတဲ့ ပုံစံကိုပဲ ကစားပြနိုင်ခဲ့ပြီး ပွဲဖတ်မှု ကောင်းမွန်တယ်တဲ့ အနေအထားတွေ မြင်ရတယ်။ အတ္တလန်တာရဲ့ ဒုတိယသွင်းဂိုးမှာ သူ့ရဲ့ နှေးကွေးမှုကလည်း အဓိက အကြောင်းရင်းတစ်ချက် ဖြစ်ပါတယ်။

Kostas Tsimikas 6

ဖြတ်တင်ဘောကောင်းတွေ ပြသခဲ့ပေမယ့် တိုက်စစ် လိုက်ပါနိုင်စွမ်းမှာ အလားအလာကောင်း ပြသခဲ့တာကလွဲလို့ ခံစစ် ဟန်ချက်ညီမှုမှာ လိုအပ်နေပါသေးတယ်။ မပြတ်သားတဲ့ ဝင်ဖြတ်မှုကနေ အဝါကဒ် ပြသခံခဲ့ရတယ်။

Gini Wijnaldum 7

လီဗာပူးကွင်းလယ်ရဲ့ အရေးကြီးဆုံး ထောက်တိုင်ဖြစ်ပြီး နံပါတ် ၆ နေရာက ကစားပေးခဲ့တယ်။ တိုက်စစ်ဖွင့်ဖို့အတွက် စည်းစနစ်ကျကျ ကစားပေးသူဖြစ်ပြီး ဘရိုက်တန်ပွဲအတွက် သူ့ကို လိုအပ်သေးတာကြောင့် ပွဲမပန်းခင် လူစားလဲခဲ့ပါတယ်။

James Milner 6

တိုက်စစ်ကို ရွေးလျားနိုင်အောင် ကူညီပေးလိုစိတ်နဲ့အတူ ကြိုးစားကစားခဲ့ပေမယ့် မသွက်လက်တော့တဲ့ ခြေလှမ်းတွေက သူ့ရဲ့ လုပ်လိုစိတ်ကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ လက်စတာပွဲမှာ အဓိက ကစားသမားဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ပွဲချိန်ပြည့် ကစားခဲ့တာကြောင့် ဘရိုက်တန်နဲ့ပွဲမှာ ညာအစွန်နေရာအတွက်က သံသယရှိစရာပါပဲ။

Curtis Jones 6

ကွင်းလယ်အတွက် လိုအပ်တဲ့ အင်အားတွေကို ပြသခဲ့ပေမယ့် လက်စတာပွဲလို ထူးချွန်တဲ့ ခြေစွမ်းတွေတော့ မပြသနိုင်ခဲ့ပါဘူး။ အတ္တလန်တာ ကစားကွက်ကို ချိုးဖျက်ဖို့ ကူညီခဲ့ပေမယ့် အပြည့်အဝ အလုပ်မဖြစ်ခဲ့ဘူး။ မိနစ် ၉၀ အပြည့် ကစားပေးခဲ့မှုအရ သူကလည်း ဘရိုက်တန်ပွဲမှာ ပါဝင်ဖို့ မသေချာလှပါဘူး။

Mohamed Salah 6

တိုက်စစ်အတွက် အများကြီး မလုပ်ပြနိုင်ခဲ့သလို တွဲဘက်တွေနဲ့လည်း ပူးတွဲပြီး ကစားနိုင်စွမ်း နည်းခဲ့ပါတယ်။ ပြေးလမ်းတွေမှာလည်း အသာမရခဲ့ဘဲ စနေပွဲအတွက် ရည်ရွယ်ပြီး လူစားလဲခံခဲ့ရပါတယ်။

Divock Origi 5

တိုက်စစ် သုံးယောက်တန်းမှာ အားရဖို့ မကောင်းဆုံး ကစားသမား ဖြစ်ခဲ့တယ်။ တကယ်ကို အားမရနိုင်စရာပါပဲ။

Sadio Mane 5

မာနေးကလည်း ခြိမ်းခြောက်မှု အနည်းငယ် လုပ်ပြခဲ့သေးပေမယ့် ပွဲပန်းနေဟန် ရှိပါတယ်။ ဒုတိယပိုင်းမှာလည်း တိုးတက်တဲ့ ခြေစွမ်း မပြနိုင်ပေမယ့် မန်နေဂျာကလော့ပ်က သူ့ကို ပွဲချိန်ပြည့် ပေးကစားခဲ့ပါတယ်။

Fabinho (for Wijnaldum 61) 6

အားချန်ဖို့ လိုအပ်တာကြောင့် နံပါတ် ၆ နေရာမှာ ဝိုက်နယ်ဒမ်အစား ဝင်ကစားစေပါတယ်။ အဖျက်ပိုင်း ကျစ်လစ်သော်လည်း အခြားတာဝန်တွေကိုတော့ ခွဲဝေပြီး မယူနိုင်ခဲ့ဘူး။

Roberto Firmino (for Origi 61) 6

အိုရီဂီနေရာ အစားဝင်လာပြီး ထိချက်ကောင်းတွေ ပြသခဲ့ပေမယ့် သိပ်တော့ ထူးထူးခြားခြား မလုပ်ပေးနိုင်ခဲ့ပါဘူး။

Andy Robertson (for Tsimikas 61) 5

လူစားဝင် ကစားသမားတွေထဲမှာ လုပ်ပြနိုင်စွမ်း အနည်းဆုံးဖြစ်ပါတယ်။ ဘရိုက်တန်ပွဲမှာတော့ ကိုစတက်ထက် ရော်ဘတ်ဆန်ကိုပဲ ထည့်သုံးဖို့ မျှော်လင့်ပါတယ်။

Diogo Jota (for Salah 61) 6

ညံ့ဖျင်းနေတဲ့ လီဗာပူးတိုက်စစ်အတွက် မြန်ဆန်သွက်လက်မှုနဲ့ အရှိန်နဲ့ ကစားမှုတွေကို လုပ်ဆောင်ပေးခဲ့တယ်။ သွင်းဂိုးအတွက်ကတော့ သူလည်း မစွမ်းနိုင်ခဲ့ပါဘူး။

Takumi Minamino (for Matip 85)

မာတစ်ကို အနားပေးလိုတဲ့ သဘောဖြင့် ထည့်ခဲ့တာဖြစ်ကာ ပွဲကစားချိန် မိနစ်ပိုင်းပဲ ရခဲ့ပါတယ်။

ZAWGYI

အတၱလန္တာကို ၂-၀ နဲ႔ အေရးနိမ့္တဲ့ပြဲမွ လီဗာပူးအသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ေတြကို အက်ဥ္းသေဘာ ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

Alisson Becker 7

ေကာင္းမြန္တဲ့ ကာကြယ္မႈေတြနဲ႔ အသင္းခံစစ္ကေန ေဘာလံုးထုတ္ဖို႔အတြက္ ေကာင္းမြန္တဲ့ ကူညီမႈေတြ လုပ္ေပးခဲ့တယ္။ သြင္းဂိုး ၂ ဂိုး ခြင့္ျပဳရေပမယ့္ စြမ္းေဆာင္ရည္ေကာင္းခဲ့တဲ့ လီဗာပူးအသင္းသား ျဖစ္ပါတယ္။

Neco Williams 5

အတၱလန္တာက နီကိုးဘက္ျခမ္းကို ပစ္မွတ္ထားခဲ့ျပီး ေဝလ္းအစြန္လူက တည္ျငိမ္တဲ့ ပံုစံကို ျပသဖို႔လည္း ရုန္းကန္ခဲ့ရတယ္။ တိုက္စစ္ကို လိုက္ပါေပမယ့္ ပံ့ပိုးမႈ မေကာင္းခဲ့ပါဘူး။ ဒုတိယပိုင္းမွာ တိုးတက္လာမႈကို ျပသေပမယ့္ အတၱလန္တာက သူ႔ဘက္ျခမ္းကေနပဲ သြင္းဂိုးေတြရဖို႔ ဖန္တီးသြားပါတယ္။

Joel Matip 7

ခံစစ္က လူငယ္ေတြကို ဦေဆာင္ေပးခဲ့တဲ့ တစ္ဦးတည္းေသာ ဝါရင့္ ကစားသမားပါ။ ေဘာလံုးေပးခ်က္ေတြ ေကာင္းမြန္ျပီး သြင္းဂိုးေတြ ခြင့္မျပဳရခ်ိန္ထိ က်စ္လစ္တဲ့ ကစားဟန္ကို ျပသခဲ့ပါတယ္။

Rhys Williams 6

ရိုးရွင္းတဲ့ ပံုစံကိုပဲ ကစားျပႏုိင္ခဲ့ျပီး ပြဲဖတ္မႈ ေကာင္းမြန္တယ္တဲ့ အေနအထားေတြ ျမင္ရတယ္။ အတၱလန္တာရဲ႕ ဒုတိယသြင္းဂိုးမွာ သူ႔ရဲ႕ ေႏွးေကြးမႈကလည္း အဓိက အေၾကာင္းရင္းတစ္ခ်က္ ျဖစ္ပါတယ္။

Kostas Tsimikas 6

ျဖတ္တင္ေဘာေကာင္းေတြ ျပသခဲ့ေပမယ့္ တိုက္စစ္ လုိက္ပါႏုိင္စြမ္းမွာ အလားအလာေကာင္း ျပသခဲ့တာကလြဲလို႔ ခံစစ္ ဟန္ခ်က္ညီမႈမွာ လိုအပ္ေနပါေသးတယ္။ မျပတ္သားတဲ့ ဝင္ျဖတ္မႈကေန အဝါကဒ္ ျပသခံခဲ့ရတယ္။

Gini Wijnaldum 7

လီဗာပူးကြင္းလယ္ရဲ႕ အေရးၾကီးဆံုး ေထာက္တိုင္ျဖစ္ျပီး နံပါတ္ ၆ ေနရာက ကစားေပးခဲ့တယ္။ တိုက္စစ္ဖြင့္ဖို႔အတြက္ စည္းစနစ္က်က် ကစားေပးသူျဖစ္ျပီး ဘရိုက္တန္ပြဲအတြက္ သူ႔ကို လိုအပ္ေသးတာေၾကာင့္ ပြဲမပန္းခင္ လူစားလဲခဲ့ပါတယ္။

James Milner 6

တိုက္စစ္ကို ေရြးလ်ားႏုိင္ေအာင္ ကူညီေပးလိုစိတ္နဲ႔အတူ ၾကိဳးစားကစားခဲ့ေပမယ့္ မသြက္လက္ေတာ့တဲ့ ေျခလွမ္းေတြက သူ႔ရဲ႕ လုပ္လိုစိတ္ကို အဟန္႔အတား ျဖစ္ေစခဲ့ပါတယ္။ လက္စတာပြဲမွာ အဓိက ကစားသမားျဖစ္ခဲ့ျပီး ခ်န္ပီယံလိဂ္မွာလည္း ပြဲခ်ိန္ျပည့္ ကစားခဲ့တာေၾကာင့္ ဘရိုက္တန္နဲ႔ပြဲမွာ ညာအစြန္ေနရာအတြက္က သံသယရွိစရာပါပဲ။

Curtis Jones 6

ကြင္းလယ္အတြက္ လိုအပ္တဲ့ အင္အားေတြကို ျပသခဲ့ေပမယ့္ လက္စတာပြဲလို ထူးခၽြန္တဲ့ ေျခစြမ္းေတြေတာ့ မျပသႏုိင္ခဲ့ပါဘူး။ အတၱလန္တာ ကစားကြက္ကို ခ်ိဳးဖ်က္ဖို႔ ကူညီခဲ့ေပမယ့္ အျပည့္အဝ အလုပ္မျဖစ္ခဲ့ဘူး။ မိနစ္ ၉၀ အျပည့္ ကစားေပးခဲ့မႈအရ သူကလည္း ဘရိုက္တန္ပြဲမွာ ပါဝင္ဖို႔ မေသခ်ာလွပါဘူး။

Mohamed Salah 6

တိုက္စစ္အတြက္ အမ်ားၾကီး မလုပ္ျပႏိုင္ခဲ့သလို တြဲဘက္ေတြနဲ႔လည္း ပူးတြဲျပီး ကစားႏုိင္စြမ္း နည္းခဲ့ပါတယ္။ ေျပးလမ္းေတြမွာလည္း အသာမရခဲ့ဘဲ စေနပြဲအတြက္ ရည္ရြယ္ျပီး လူစားလဲခံခဲ့ရပါတယ္။

Divock Origi 5

တိုက္စစ္ သံုးေယာက္တန္းမွာ အားရဖို႔ မေကာင္းဆံုး ကစားသမား ျဖစ္ခဲ့တယ္။ တကယ္ကို အားမရႏုိင္စရာပါပဲ။

Sadio Mane 5

မာေနးကလည္း ျခိမ္းေျခာက္မႈ အနည္းငယ္ လုပ္ျပခဲ့ေသးေပမယ့္ ပြဲပန္းေနဟန္ ရွိပါတယ္။ ဒုတိယပိုင္းမွာလည္း တိုးတက္တဲ့ ေျခစြမ္း မျပႏုိင္ေပမယ့္ မန္ေနဂ်ာကေလာ့ပ္က သူ႔ကို ပြဲခ်ိန္ျပည့္ ေပးကစားခဲ့ပါတယ္။

Fabinho (for Wijnaldum 61) 6

အားခ်န္ဖို႔ လိုအပ္တာေၾကာင့္ နံပါတ္ ၆ ေနရာမွာ ဝိုက္နယ္ဒမ္အစား ဝင္ကစားေစပါတယ္။ အဖ်က္ပိုင္း က်စ္လစ္ေသာ္လည္း အျခားတာဝန္ေတြကိုေတာ့ ခြဲေဝျပီး မယူႏုိင္ခဲ့ဘူး။

Roberto Firmino (for Origi 61) 6

အိုရီဂီေနရာ အစားဝင္လာျပီး ထိခ်က္ေကာင္းေတြ ျပသခဲ့ေပမယ့္ သိပ္ေတာ့ ထူးထူးျခားျခား မလုပ္ေပးႏုိင္ခဲ့ပါဘူး။

Andy Robertson (for Tsimikas 61) 5

လူစားဝင္ ကစားသမားေတြထဲမွာ လုပ္ျပႏိုင္စြမ္း အနည္းဆံုးျဖစ္ပါတယ္။ ဘရိုက္တန္ပြဲမွာေတာ့ ကိုစတက္ထက္ ေရာ္ဘတ္ဆန္ကိုပဲ ထည့္သံုးဖို႔ ေမွ်ာ္လင့္ပါတယ္။

Diogo Jota (for Salah 61) 6

ညံ့ဖ်င္းေနတဲ့ လီဗာပူးတိုက္စစ္အတြက္ ျမန္ဆန္သြက္လက္မႈနဲ႔ အရွိန္နဲ႔ ကစားမႈေတြကို လုပ္ေဆာင္ေပးခဲ့တယ္။ သြင္းဂိုးအတြက္ကေတာ့ သူလည္း မစြမ္းႏုိင္ခဲ့ပါဘူး။

Takumi Minamino (for Matip 85)

မာတစ္ကို အနားေပးလိုတဲ့ သေဘာျဖင့္ ထည့္ခဲ့တာျဖစ္ကာ ပြဲကစားခ်ိန္ မိနစ္ပိုင္းပဲ ရခဲ့ပါတယ္။